Tor Thanapob နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၉) ချက်

လက်တလောမှာ မိန်းကလေးပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ ထိုင်းမင်းသားတစ်ယောက်ရဲ့ အကြော င်းကို ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။Heart Of Stone (‘Huajai Sila’)ဆိုတဲ့ ထိုင်းဒရမ်မာစီးရီးနဲ့ မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ချောမောတဲ့ ရုပ်ရည်နဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေ ကြောင့် ပရိသတ်တွေက အရမ်းကို သဘောကျနေကြပါတယ်။Thor ရဲ့ ပရိသတ်တွေ အတွက် သူနဲ့ပတ်သက်ပြီး  လုံးဝ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

thanapob_lee IG

1#မွေးနေ့

thanapob_lee IG

နာမည်အရင်းကတော့ Thanapob Leeratanakajorn ပါ။ပရိသတ်တွေကြားမှာတော့ Tor Thanapob  (သို့) Tor လို့ပဲ လူသိများပါတယ်။(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ မွေးဖွား ခဲ့တာပါ။

2#အရပ်၊သွေးအမျိုးအစား

thanapob_lee IG

Tor ရဲ့ အရပ်အမြင့်ကိုလည်း သေချာပေါက်သိချင်ကြမယ်ထင်ပါတယ်။အရပ်ရှည်ပါတယ်။အရပ်ကတော့ (၆) ပေ (၁) လက်မပါ။သွေးအမျိုးအစားကတော့ O သွေးပါ။ကိုယ်အလေးချိန်ကတော့ (75kg)ပါ။

3#မိသားစု နဲ့ ပညာရေး

pinterest

Tor ကတော့ မွေးချင်း(၃)ယောက်ထဲမှာ အငယ်ဆုံးပါ။သူ့မှာဆိုရင် အစ်ကို နှစ်ယောက်ရှိပါတယ်။(၂၀၁၇)ခုနှစ်က မှ ဘွဲ့ရခဲ့တာပါ။  Kasetsart ဆိုတဲ့ public research  တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တာပါ။အဲ့ဒီ တက္ကသိုလ် ကတော့ ထိုင်းနိုင်ငံရဲ့ တတိယမြောက် သက်တမ်းအကြာဆုံး တက္ကသိုလ်ပါ။

READ
ချစ်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေ ရင်ခုန်သွားစေတဲ့ နွယ်နွယ်ထွန်း

4#အနုပညာဘ၀အစ

pinterest

အနုပညာလောကထဲကိုတော့ It’s time to listen’  ဆိုတဲ့ MV မှာ သရုပ်ဆောင်ရင်း ၀င်ရောက်လာခဲ့တာပါ။ဒီ သီချင်းလေးကတော့ အမျိုးသမီးအဆိုတော် Da-Endorphine သီဆိုထားတဲ့ သီချင်းလေးပါ။သရုပ်ဆောင်အလုပ် ကိုတော့ ‘Club Friday The Series: Once In Memory’ မှာ သရုပ်ဆောင်ရင်း ၀င်ရောက်လာခဲ့တာပါ။

5#နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကား

pinterest

Tor Thanapob ကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားကတော့ ‘Hormones Season 1’ ပါ။အဲ့ဒီ ဇာတ်ကားမှာတော့  Phai  ဆိုတဲ့ ဇာတ် ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။Kao Supassara နဲ့ အတူတွဲ သရုပ်ဆောင် ခဲ့တာပါ။(၂၀၁၅)မှာတော့ မင်းသမီး Rodmay Kaneungnij နဲ့ တွဲပြီး ‘Club Friday The Series 5’. ဆိုတဲ့ Tv စီးရီးမှာ သရုပ်ဆောင်ခဲ့ပါတယ်။

6#ပရိသတ် လက်ခုပ်သံတွေ ထပ်ရခဲ့တဲ့ ဇာတ်ကား

IG

ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်ရခဲ့တဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။အဲ့ဒါကတော့ Tv စီးရီး roject S The Seri es: Side by Side’  နဲ့ပါ။အဲ့ဒီဇာတ်ကားမှာတော့ Sky Wongravee နဲ့ အတူ သရုပ်ဆောင် ခဲ့တာပါ။

READ
ဂျိမ်းစဘွန်း ဇာတ်ကောင်ဆိုတာနဲ့ ပတ်သက်ရင် ရင်ထဲမကောင်းတဲ့ Idris Elba

7#Boy Band အဖွဲ့ဝင်

IG

သရုပ်ဆောင်တင်မဟုတ်ပါဘူး။သီချင်းတွေလည်း ဆိုပါတယ်။သူဟာ “9×9” (Nine by Nine or 9by9) ဆိုတဲ့ Body Band ရဲ့ အဖွဲ့ဝင်ပါ။

8#တရုတ်မှာပါ ရေပန်းစားနေ

IG

Heart Of Stone (‘Huajai Sila’) ဆိုတဲ့ ဇာတ်ကားကတော့ အရမ်းကို အောင်မြင်ခဲ့ပါတယ်။ဒါကြောင့် အခုဆိုရင် တော့ Tor Thanapob ဟာ တရုတ်နိုင်ငံမှာပါ အရမ်းကိုရေပန်းစားနေပါတယ်။တရုတ်မှာ Fan Meeting လုပ်ဖို့ အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။(၂၀၁၉)ခုနှစ် ဇွန်(၂)ရက်နေ့ကျရင် တရုတ်နိုင်ငံ Nanjing မြို့မှာ Fan Meeting ပွဲလုပ်မှာပါ။

9#အချစ်ရေး

IG

မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံမှုကို ရထားတဲ့ Tor Thanapob မှာတော့ အရမ်းကို ချစ်ရတဲ့ ချစ်သူ လေး ရှိပါတယ်။သူမရဲ့ နာမည်ကတော့ Khaenapha Larpveroj(Meen) ပါ။လက်ရှိမှာတော့ လေယာဉ် မယ် အလုပ် ကို လုပ်နေပါတယ်။ချစ်သူ သက်တမ်းကတော့ (၁၀)နှစ်နီးပါးလောက်ရှိနေပါပြီ။အထက်တန်းေ ကျာင်းသားဘ၀တည်းက တွဲလာခဲ့တဲ့ ချစ်သူတွေပါ။

IG
IG

Source wiki

SHARE