အများစု မသိကြသေးတဲ့ Sulli ရင်ဆိုင်ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ဘ၀ အကြောင်း

Image:IG/Sulli

Sulli ကတော့ ကိုရီးယားရဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ပါ။သူမဟာ မတ်(၂၉) (၁၉၉၄) မှာ မွေးဖွားခဲ့ပြီး အောက်တိုဘာ (၁၄) (၂၀၁၉)မှာ ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာတော့ သူမရဲ့ အသက်ဟာ  (၂၅)နှစ်ပါ။ သူမရဲ့ နာမည်အရင်းကတော့ Choi Jin-ri  ပါ။Sulli ကတော့ အဆိုတော်၊တေးရေး၊မင်းသမီး၊မော်ဒယ်တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေသူပါ။သူမဟာ ဆိုးလ်ဇာတိမဟုတ်ပါဘူး။ဘူဆန်မှာ မွေးခဲ့တာပါ။သူမလို လှပချောမောပြီး အော င်မြင်မှု ရနေတဲ့ အနုပညာရှင်တစ်ယောက်က ဘာေ ကြာင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သလဲ ဆိုတာကိုတော့ သူမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ အကြောင်းကို သိလိုက်ရင် သေ ဘာေ ပါက်နားလည်ကြမှာပါ။

Image:IG/Sulli

 

(၁၀)နှစ်သမီးအရွယ်မှာ ဆိုးလ်ကို တစ်ယောက်တည်း တက်လာပြီး ဘ၀ကို ရုန်းကန်ခဲ့ရ

(

)

Sulli ကတော့ ဆိုးလ်ကို (၂၀၀၄)ခုနှစ် ၊သူမအသက် (၁၀)နှစ်မှာ ရောက်လာခဲ့တာပါ။Grade 4 မှာ SM ရဲ့ လူရွေး ပွဲမှာ ပါဝင်ခဲ့ပြီး အဲ့ဒီတည်းက SM ရဲ့ Trainee ဖြစ်လာခဲ့တာပါ။K Pop လောကအကြောင်းကို သိသူတွေ ကတော့ Traiee တစ်ယောက်ရဲ့ ဘ၀က ဘယ်လို ဆိုတာကို ကောင်းကောင်းကြီး နားလည် ကြမှာပါ။တင်းကျပ်တဲ့ စည်းက မ်းတွေ၊သူတို့ ချထားတဲ့ ပုံစံ ခွက်တွေ ထဲမှာ (၁၀)နှစ် သမီးတည်းက နေလာခဲ့ရတာပါ။မိဘ တွေနဲ့ ခွဲပြီး ဆိုးလ် မှာ တစ်ယောက်တည်း နေပြီး SM ရဲ့ Traiee တစ်ယောက် ဘ၀ကို ငယ်ငယ်တည်းက ဖြတ်သန်းလာခဲ့ရတာပါ။ Tiffany နဲ့ Taeyon တို့နဲ့  အတူတူ (၂၀၀၇) ၊ Girls’ Generation ပွဲဦး မထွက်ခင်ထိ အတူတူ နေလာခဲ့တာပါ။

ငယ်ဘ၀ ရဲ့ ပင်ပန်းမှုတွေ အကြောင်း ခုလို ရင်ဖွင့်ခဲ့ဖူး

Image:IG/Sulli

အသက်ငယ်ငယ်လေးမှာ မိဘနဲ့ ခွဲပြီး နေခဲ့ရတဲ့ ငယ်ဘ၀ ခံစားချက်တွေကို ခုလို ရင်ဖွင့်ခဲ့ဖူးပါတယ်။” Tiffany နဲ့ Taeyon ကို အရမ်းကျေးဇူးတင်ပါတယ်။မိဘတွေနဲ့ ခွဲပြီး အဆောင်မှာ နေရတော့ ကျမ အရမ်းပင်ပန်းခဲ့ရတယ်။ ဒါပေ မယ့် သူတို့က ကျ မကို ကူညီပေးခဲ့ကြတယ်။ဆိုးလ်ကို တစ်ယောက်တည်းလာနေရတဲ့ ကျမ အတွက် သူတို့က အားကိုး မှီခိုရာပါ။ဒါပေမယ့် Girls’ Generation လည်း ပွဲဦး ထွက်ရော သူတို့မှာ အလုပ်တွေ အရမ်းများသွားပြီး ကျမနဲ့ မတွေ့နိုင်ကြတော့ အဆောင်မှာ ကျမ တစ်ယောက်တည်း အထီးကျန် ကျန်ခဲ့ရပြန်ရော။ကျမပွဲဦးထွက်ပြီး နောက်မှာတော့ သူတို့ နဲ့ မကြာခဏ တွေ့ရလို့ ကျမ ပျော်ပါတယ်….”

READ
FB ပေါ်မှာ ဂယက်ထသွားခဲ့တဲ့ ဘန်နီဖြိုးရဲ့ Status

မနိုးသော အိပ်ခြင်းမျိုးကို မျှော်လင့်တောင့်တတယ်လို့ ဖွင့်ပြောခဲ့ဖူး

Image:IG/Sulli

ငယ်ငယ်တည်းက ကိုယ်ပိုင်ဘ၀ဆိုတာ မရှိတဲ့ သူမဟာ မကြာခဏ ဆိုသလို စိတ်ညစ်တဲ့ အကြောင်းတွေ ကို ရင်ဖွင့် ခဲ့ဖူးသူပါ။တစ်ခါတုန်းက သူမရဲ့ IG မှာ Post တင်ပြီး  အခုလို ပြောခဲ့ဖူးပါတယ်။”အိပ်နေရင်းနဲ့ ဘယ်တော့မှ ပြန်မနိုး လာရင် ကောင်းမှာပဲ လို့ တွေးမိတဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ကျမရဲ့ ချစ်သူက ကျမကို ဒီသီချင်းလေး ပြတယ်။ အဲ့သီချ င်းလေးက ကျမ အတွက် စိတ်သက်သာ ရာ ရစေတယ်။ဒါကြောင့် ကျမ ငိုတာ။ဒီသီချင်းက အရမ်းကောင်းတော့ ဒီ Post ကို Fan တစ်ယောက် အနေနဲ့ ကျမတင်လိုက်တာ…” ဆိုပြီး ပြောဖူးပါတယ်။ချစ်သူကို Support လုပ်ပေးတာလား၊သူမရဲ့ ၀မ်းနည်းမှုကို ရင်ဖွင့်ခဲ့တာလားဆိုတာကိုတော့ Fan တွေက ဝေခွဲ မရဖြစ်ခဲ့ဖူးပါတယ်။

ငယ်ငယ်တည်းက ရေ အရမ်းကြောက်တဲ့ ရောဂါရ

Image:IG/Sulli

သူမမှာ ရေကြောက်တဲ့ ရောဂါ ရှိပါတယ်။ ဘုရားကျောင်းမှာ မိန်းကလေးနှစ်ယောက်က သူမရဲ့ ခေါင်းကို ရေထဲ နှစ်ပြီး ရေထဲကနေ ခေါင်းပြန်မော့မရအောင် လုပ်ခဲ့ကြတာပါ။ အဲ့ဒီတည်းက ရေကြောက်သွားတာပါ။မျက်နှာတောင် မသစ်ရဲ လောက်တဲ့ အထိ ရေကို ကြောက်သွားတာပါ။ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ဒီ ရောဂါကို သတ္တိနဲ့ ပြန်တွန်းလှန်ခဲ့ ပါတယ်။Scuba Diving ကိုပါ စိန်ခေါ် နိုင်တဲ့ အထိ သူမရဲ့ ကြောက်စိတ်ကို တွန်းလှန်ပြခဲ့တာပါ။နောက်ဆုံး မှာတော့ ကြောက်စိတ်ကို တွန်းလှန်ပြီး Diving လုပ်နေတဲ့ ပုံကိုဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ကြောက်စိတ်ကို တောင်မှ သတ္တိနဲ့ တွန်းလှန်ခဲ့တဲ့ အချက်ကို ကြည့်ရင် တော့ သူမဟာ စိတ်အလိုကို အလွယ်တကူလိုက်တတ်သူ၊အလွယ်တကူ ပျော့ညံ့သူ မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။

ကောလိပ် မတက်ခဲ့ရလို့ နောင်တရ

Image:IG/Sulli

မဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူးမှာ ကောလိပ်ကျောင်းမတက်ခဲ့ရလို့ နောင်တရ တဲ့ အကြောင်း ထုတ်ပြောခဲ့ပါတယ်။ Sche dule တွေ က များလွန်းတော့ ကျောင်းဝင်ခွင့် အတွက် ပြင်ဆင်ဖို့ မရခဲ့ကြောင်း၊ဒါပေမယ့် နောက်ပိုင်း အသက်ကြီး လာတော့ ကျောင်းတက်ချင်စိတ် ပေါ် မိတယ်လို့ ဆိုပါတယ်။တခါ တလေ ကျရင် ငယ်ငယ်လေးနဲ့ ပွဲဦးမထက်ခဲ့ရင် သူမရဲ့ ဘ၀က ဘယ်လို ဖြစ်မလဲ ဆိုတာကို သိချင်မိတယ်လို့ ပြောခဲ့ပါတယ်။” အသက်(၂၄)နှစ်ရောက်တော့ တက္က သိုလ် မတက်ရလို့ နောင်တရ မိတယ်။တက္ကသိုလ်တက်ချင်တဲ့ စိတ် အမြဲဝင်ပေမယ့် မတက်နိုင်ခဲ့ဘူး ” လို့ ပြောခဲ့ဖူးပါတယ်။

READ
ဗီဒီယိုရိုက်ကူးနေတဲ့ ပရိသတ်ကို တားဆီးခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီပီကာ

သူမဟာ အနုပညာလောကနဲ့ မလိုက်ဖက်ဘူးလို့ ထင်ကြောင်း ပြောခဲ့ဖူး

Image:IG/Sulli

Sulli ကတော့ သူမဟာ အနုပညာလောကကြီးနဲ့ အံဝင်ခွင်ကျမှု မရှိဘူး၊မလိုက်ဖက်ဘူးလို့ တွေးဖူးကြောင်းဝန်ခံ ခဲ့ပါ တယ်။သူမကိုယ်သူမလည်း တခြား ဆယ်လီတွေနဲ့ မတူပဲ ကွဲပြားနေတယ်လို့ ခံစားမိတယ်လို့ ဆိုပါတယ်။ ”အနုပညာ လောကနဲ့ ကျမ လိုက်ဖက်မှုမရှိဘူးလို့ ထင်ခဲ့ဖူးတယ်။ကျမ နဲ့ မတူတဲ့ လူတွေကို ကျမ ကြည့်တယ်။ပြီးတော့ ငါတော့ ကိုယ့်ကိုယ်ကို မဖြစ်နိုင်ဘူး တွေးတယ်။လူတွေက သူတို့ကို ဆယ်လီ အဖြစ်နဲ့ ကြိုက်ကြတာလေ..”။ဒါပေမယ့် နောက်ဆုံးမှာတော့ သူမကိုယ်သူမ ယုံကြည်မှုတွေ တိုးလာခဲ့ တယ်လို့ ဆိုပါတယ်။

သူမရင်ဆိုင်ခဲ့ရတဲ့ကောလာဟလ နဲ့ ဝေဖန်တိုက်ခိုက်မှု များ

Image:IG/Sulli

Sulli ဟာ (၂၀၀၉)ှာ F(x) အဖွဲ့ ၀င်တစ်ယောက် အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ဒါပေမယ့် (၂၀၁၅)မှာတော့ သူမရဲ့ သရုပ် အလုပ်ကို သေချာ အားစိုက်လုပ်ဖို့ အတွက် F(x) နဲ့ လက်တွဲ ဖြုတ်ခဲ့ပါတယ်။(၂၀၁၈)မှာတာ့ Dean ရဲ့ Dayfly မှာ Feature အဖြစ် ပါဝင်ပြီး ဂီ တလောကထဲ ပြန်ဝင်လာခဲ့ပါတယ်။အယ်ဘမ် Goblin နဲ့ (၂၀၁၉) ဇွန်ကမှ တစ်ကိုယ်ေ တာ် ပွဲဦးထွက်ခဲ့ပါတယ်။F(x)နဲ့ လမ်းမခွဲခင် Red Light အတွက် Promotion တွေ လုပ်နေချိန်တည်းက Sulli ဟာ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေလို့ ခဏ နားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။သူမနဲ့ ပတ်သက်တဲ့ အမျိုးမျိုးသော ကောလာဟလတွေ ဝေဖန်တိုက်ခိုက်မှုတွေ အများကြီး ထွက်ပေါ် ခဲ့ပါတယ်။

Image:IG/Sulli

(၂၀၁၄)ဇူလိုင် (၂၄)မှာ နားမယ့်အကြောင်း ကြေညာပြီး (၂၀၁၅) သြဂုတ်မှာတော့ အဖွဲ့ထဲက နေ နုတ်ထွက် ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။(၂၀၁၇) မှာတော့ ဆေးသုံးတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။Real ဇာတ်ကားထဲက ဇာတ်ေ ကာင်ကြောင့် ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ရသလို ဇာတ်လမ်းထဲက တစ်ချို့ သော ဖော်ချွတ် ဇာတ်ဝင်ခန်းတွေ ကြောင့် ဆိုးဆိုးရွားရွား ဝေဖန်ခံခဲ့ရပါတယ်။

Image:IG/Sulli

(၂၀၁၉) ဇူလိုင်မှာတော့ သူမရဲ့  No Bra Movement ကြောင့် ပြစ်တင်ကဲ့ရဲ့ ခံခဲ့ရပါတယ်။ဆိုရှယ်မီဒီယာ ပေါ် ဘရာမဲ့ ပုံတွေ တင်တာ နဲ့ ပတ်သက်ပြီး တော်တော်ကြီးကို ပြင်းပြင်းထန်ထန် ပြောဆိုခံ ခဲ့ရပါတယ်။(၂၀၁၉) စက်တင် ဘာမှာတော့ Live လွှင့်ရင်း မတော်တဆ ရင်သားပေါ် သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ သူ မ အပေါ် လူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေက အရင်ထက် ပိုဆိုးလာခဲ့ပါတယ်။(၂၀၁၉) အောက်တိုဘာ (၁၄)မှာတော့ သူမကိုယ်သူမ ကြိုးဆွဲချ သတ်သေခဲ့ပါတယ်။

(

 

View this post on Instagram

 

A post shared by 설리가진리 (Sulli) (@jelly_jilli) on

)

Source:wiki/Koreaboo

SHARE