ရှေးဟောင်းမြို့တော် အီဂျစ်အကြောင်း သင်မသိလောက်သေးတဲ့ အချက်အလက်များ

လွန်ခဲ့တဲ့ နှစ်ပေါင်း(၃) ထောင်နီးပါးကရှိခဲ့တဲ့ ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ သြဇာတိက္ကမကြီးမားတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့ကြပါတယ်။ သူတို့တွေ တည်ဆောက်ခဲ့တဲ့ ပိရမစ်ကြီးတွေ၊ အနုပညာလက်ရာတွေနဲ့ မံမီတွေဟာ အံ့သြမကုန်နိုင်အောင် ဆန်းကြယ်လှသလို သူတို့ဆီမှာ အခြား ထူးခြားထင်ရှားတဲ့ အချက်အလက်တွေလည်း ရှိနေသေးတာကို theodysseyonline အရ အခုလို သိရှိရပါတယ်။

အုပ်ချုပ်သူလူတန်းစားထဲမှာ လူဖြစ်ရတာ မလွယ်ပါဘူး။

Shutterstock/ Merydolla

သုတေသနပညာရှင်တွေဟာ ရှေးခေတ်က မံမီတွေကို ပြန်လည်တူးဖော်ကြရာမှာ ဆီးချိုရောဂါသည်၊ မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းနေတဲ့သူတွေနဲ့  ပုကွတဲ့ပုံသဏ္ဍာန်တွေကို တွေ့ရှိခဲ့ကြပါတယ်။ ဖာရိုနဲ့ မြင့်မြတ်သူ လူတန်းစားတွေဟာ များသောအားဖြင့် အချိုများတဲ့အစားအသောက်တွေဖြစ်တဲ့ ၀ိုင်၊ ပေါင်မုန့်နဲ့ ပျားရည်တွေစားပြီး အ၀လွန်နေသူတွေ ဖြစ်ကြပါတယ်။

ကြောင်တွေသေဆုံးတဲ့အခါ…

Shutterstock/ Andrea Izzotti

တကယ်လို့ သင်ဟာ အီဂျစ်လူမျိုးတစ်ဦးဖြစ်မယ်ဆိုရင် နေ့စဉ်နေ့တိုင်း ကြောင်တွေနဲ့ အချိန်ကုန်ဆုံးရတာကို နှစ်သက်သူတစ်ဦး ဖြစ်မှာပါ။ အီဂျစ်နိုင်ငံသူ နိုင်ငံသားတွေဟာ ကြောင်တွေကို အင်မတန်ချစ်ခင်ကြပါတယ်။ အိမ်မှာမွေးထားတဲ့ကြောင်တစ်ကောင် သေဆုံးသွားရင် မိသားစုတစ်စုလုံးဟာ သူတို့ရဲ့ မျက်ခုံးမွှေးတွေကိုရိတ်ပြီး ရက်ပေါင်းများစွာ ငိုကြွေးလေ့ရှိပါတယ်။ သေသွားတဲ့ ကြောင်ကို မံမီလုပ်ပြီး ကြွက်တွေ၊ နို့၊ ကစားစရာရုပ်တွေနဲ့ အတူ မြှုပ်နှံပေးတတ်ပါတယ်။

READ
အိမ်မှာ စာအုပ်တွေအများကြီးနဲ့အတူ ကြီးပြင်းလာတဲ့ ကလေးတွေဟာ အောင်မြင်နိုင်ခြေများ

အလုပ်လုပ်ရတယ်။

Shutterstock/ Pierre Jean Durieu

ပိရမစ်တွေကို တည်ဆောက်တဲ့ အီဂျစ်လူမျိုးအများစုဟာ ကျေးကျွန်တွေ မဟုတ်ကြပါဘူး။ ပိရမစ်တည်ဆောက်တဲ့သူတွေကို တည်ဆောက်ခအတွက် အလျော်ပေးလေ့ရှိပါတယ်။ ဆိုလိုတာ ပိရမစ်တည်ဆောက်ရာမှာ ပါဝင်အလုပ်လုပ်ပေးမယ်ဆိုရင် အခမဲ့ဘီယာ တိုက်ကျွေးတာပါ။ ထိုခေတ်ထိုအခါတုန်းကတော့ ပိရမစ်ဆောက်ပေးဖို့အတွက် လူခေါ်တဲ့မက်လုံးကတော့ ဘီယာပါ။ လူတစ်ယောက်ဟာ ပိရမစ်ဆောက်တဲ့ နေရာမှာ တစ်နေကုန် အလုပ်,လုပ်မယ်ဆိုရင် ဘီယာ(၁) ဂါလံလောက် ရရှိမှာဖြစ်ပါတယ်။

လူသေနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေ ရနိုင်တယ်။

Shutterstock/matrioshka

အီဂျစ်နိုင်ငံသူ နိုင်ငံသားထဲက လူဦးရေ ငါးပုံတစ်ပုံလောက်ဟာ အသုဘလုပ်ငန်း ၀န်ဆောင်မှုတွေမှာ အလုပ်,လုပ်ကြပါတယ်။ ဥပမာ မံမီတစ်ခုလုပ်မယ်ဆိုရင် ပျမ်းမျှအနေနဲ့ ရက်ပေါင်း(၇၀) လောက်ကြာမြင့်ပါတယ်။ ဒါ့အပြင် လူတစ်ယောက် သေပြီးတဲ့အခါမှာလည်း စားသောက်ပွဲတွေနဲ့ အစဉ်အလာ အခမ်းအနားပွဲတွေကို ဆက်လက်ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ သေပြီးတမလွန်ဘ၀ဆိုတာ အီဂျစ်တွေအတွက်တော့ အရမ်းကို အရေးပါပါတယ်။

READ
မင်းကွန်းပုထိုးတော်ကြီးအပါအဝင် အပြီးမသတ်နိုင်ခဲ့တဲ့ ကမ္ဘာကျော်အဆောက်အဦများ

အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးတွေ ရကြတယ်။

Shutterstock/ Zbigniew Guzowski

အီဂျစ်နိုင်ငံသူ အမျိုးသမီးတွေဟာ သူတို့ခေတ်အခါနဲ့ ပြောရရင် လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရတဲ့ အမျိုးသမီးတွေလို့ ဆိုနိုင်ပါတယ်။ အီဂျစ်နိုင်ငံသူအမျိုးသမီးတစ်ယောက်ရဲ့ အဓိကရည်မှန်းချက်ဟာ ဇနီးတစ်ယောက်နဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ပါ။ အီဂျစ်အမျိုးသမီးတွေဟာ ကိုယ်ပိုင်စီးပွားရေးထူထောင်ခွင့်ရှိတဲ့အပြင် ကိုယ့်သဘောနဲ့ကိုယ် လင်ယောက်ျားနဲ့ ကွဲတာ၊ တရားခွင်မှာ သက်သေထွက်ဆိုတာတွေ လုပ်လို့ရပါတယ်။

လင်းလင်း(ShweMom)

SHARE