Bruce Lee အကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

Image:Twitter/@brucelee

Bruce Lee  ကတော့ မသိသူမရှိတဲ့ ကမ္ဘာ ကျော်တစ် ယောက်ပါ။အရွယ်မတိုင်မှာ ကွယ်လွန်သွားခဲ့ရလို့ ပရိသတ်တွေ အရမ်းကို နှမြော တသ ဖြစ်ရတဲ့အနုပညာရှင် တွေ ထဲက တစ်ယောက်ပါ။ကမ္ဘာကျော် မင်းသားဆိုပေမယ့် သူနဲ့ ပတ်သက်ပြီး ပရိသတ်တော် တော်များများ မသိလောက်တဲ့  စိတ်ဝင်စားစရာ အကြောင်းလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

Bio

Image:Twitter/@brucelee

နာမည်ရင်းကတော့ Lee Jun-fan ပါ။November 27, 1940 မှာ မွေးပြီး  July 20, 1973  မှာ ကွယ်လွန်ခဲ့ရပါတယ်။ဟောင် ကောင် အမေရိကန် မင်းသား၊ဒါရိုက်တာ ၊ကိုယ်ခံပညာရှင် တစ်ယောက်ပါ။ဒါတင် မက သေးပါဘူး။ Opera ပြဇာတ်သမား Lee Hoi-Chuen ရဲ့ သားပါ။အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်၊စန်ဖရန်စစ္စကို မှာ မွေးခဲ့တာပါ။

အနုပညာလောကထဲ ရောက်လာပုံ

ဖခင်ဖြစ်သူက အနုပညာသမားမို့ ဖခင်ဖြစ်သူကို အကြောင်းပြု ပြီး ငယ်ငယ်တည်းက ကလေးသရုပ်ဆောင် အဖြစ်နဲ့ ရုပ်ရှင်ကားတွေ အများကြီးမှာ ပါဝင်ခဲ့ဖူးပါတယ်။အသက် (၁၈)နှစ်မှာတော့ ပညာရေးကြောင့် အမေရိကန် ကို ပြောင်းရွှေ့ ခဲ့ပါတယ်။အဲ့ဒီမှာပဲ ဒီကိုယ်ခံပညာကို လေ့လာသင်ယူခဲ့တာပါ။

Bruce Lee ရဲ့ နာမည်ပြောင်

Image:Twitter/@brucelee

ကျောင်းတုန်းက သူငယ်ချင်းတွေ စနောက်ခေါ်တဲ့  နာမည်ပြောင်ရှိပါတယ်။ အမေရိကန်စာရေးဆရာ Matthew Polly ရေးတဲ့ Bruce Lee: A Life ဆိုတဲ့ စာအုပ်မှာတော့ Lee ရဲ့ ကျောင်းက နာမည်ပြောင်က “Gorilla” (ဂေါ်ရီလာ မျောက်ဝံ) ပါ။ကြွက်သားတွေပြည့်နေတဲ့ Body နဲ့ လမ်း လျှောက်ရင် လက်မောင်းကို ကားပြီး လျှောက်တတ်လို့ ခုလို ခေါ်တာပါ။ကျောင်းက ကလေးငယ်လေးတွေ ဆိုရင် Lee ကို ကြောက်ကြပါတယ်။Lee ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ထဲ တစ်ယောက်ဖြစ်တဲ့ Cheung ကတော့ Lee ကို ကြက်ခြေထောက် ဆိုပြီး ခေါ်ပါတယ်။အပေါ်ပိုင်းကတော့ ကြွက်သားတွေ ဖြစ်နေပြီး ခြေထောက်က ပိန်သေး လို့ ခုလို ခေါ်တာပါ။

လူဆိုးလေး ဖြစ်ခဲ့ဖူး

Image:Twitter/@brucelee

Lee ကတော့ ရိုးရိုးသာမန် မိသားစုဘ၀က ဆင်းသက် လာ ခဲ့ပေမယ့် လည်း အသက်ကလည်း ငယ် ၊စိတ်ကလည်း ထက်တဲ့ သူမို့ တစ်ချိန်တုန်းက လူရမ်းကား လေးဖြစ်ဖူးပါတယ်။လမ်းဘေးရန်ပွဲတွေကို ကြိုက်ခဲ့ဖူးပါတယ်။ဟောင်ကောင်မှာ နေတုန်းက ရန်ပွဲ တွေ ကို လိုက်ရှာပြီး ကလေက ချေ လူငယ်တစ်ယောက် ဖြစ်ခဲ့ ဖူးတယ် လို့ သူကိုယ်တိုင်လည်း Black Belt မဂ္ဂဇင်း အင်တာဗျူး မှာ ဖြေဖူးပါတယ်။ချိန်းကြိုးတွေ၊ဓါးပါတဲ့ ဖောင်တိန်တွေကို ဖွက်ဆောင်ထားခဲ့ဖူးပါတယ်။ရမ်းကားချင်တဲ့ စိတ်နဲ့ ကွန်ခံပညာကို သင်ဖို့ စပြီး စဉ်းစားမိတာနဲ့ကလည်း ဆက်စပ်မှု ရှိပါတယ်။လူရမ်းကားလေးကတော့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို စိတ်လုံခြုံမှု မရတော့လို့ ကွန်ဖူးကို သင်ဖြစ်သွားတာပါ လို့ Lee ကိုယ်တိုင် ပြောဖူးပါတယ်။

READ
အဆီတွေထွက်လာလို့ Gym ပြန်ကစားနေတဲ့ ၀ါဆိုမိုးဦး

ဂျပန်- အမေရိကန်မလေးနဲ့ ချစ်သူဖြစ်ခဲ့ဖူး

 

ဂျပန်- အမေရိကန် ကျောင်းသူလေး Amy Sanbo ကတော့ Lee ရဲ့ ချစ်သူတွေထဲ က တစ်ယောက်ပါ။ Lee ရဲ့ အချစ်ကို လက်မခံခဲ့ ပေမယ့် Lee ကတော့ လုံးဝ ဇွဲ မလျှော့ပဲ ကြိုးစားခဲ့ပါတယ်။တစ်ရက်မှာတော့ Amy Sanbo က ဘဲ လေး သင်တန်းမှာ ခြေထောက်ကို သံစူးခဲ့ပါတယ်။ဒဏ်ရာ ကြောင့် လှေကား အတက်အဆင်းခက်နေတဲ့ သူမကို Lee က  သယ်သွားပေးခဲ့ပါတယ်။အဲ့ဒီက စပြီး ချစ်သွားခဲ့တာပါ။ချစ်သူ သက်တမ်းနှစ်နှစ်လောက်ကြာခဲ့ပါတယ်။

အစတော့ မကောင်းခဲ့

Image:Twitter/@brucelee

ပထမဆုံး အစမှာတင် အရမ်းတွေ အောင်မြင်သွားတဲ့ လူဆိုတာရှားပါတယ်။လူတိုင်းကတော့ အစမှာ အဆင်မပြေမှု တွေနဲ့ ကြုံခဲ့ရပါတယ်။ Lee ကတော့ American TV show  The Green Hornet မှာ သူ့ရဲ့ ကိုယ်ခံပညာအစွမ်းကို ပြခဲ့ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှု အရမ်း မြန်လွန်းတော့ ကင်မရာမှာ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း Show မှာ အားလုံးရဲ့ လှောင်ရယ်တာကို ခံခဲ့ရပါတယ်။ အ၀တ်လဲ ခန်းထဲကို စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားခဲ့ရပါတယ်။

ကားချစ်သူ

Image:Twitter/@brucelee

Lee  က ကားချစ်သူပါ။ဒါပေမယ့် အမေရိကန် မှာ ကိုယ်ခံပညာသင်ခဲ့တုန်းက Chevrolet “Chevy” Nova လေးကိုပဲ စီးခဲ့ရပါတယ်။သူငယ်ချင်းတစ်ယောက်ကတော့ Lee ကို အရမ်းမိုက်တဲ့ ကား ကို ပေးမောင်ဲး့ပါတယ်။အမေ လုပ်သူက ဟောင်ကောင်မှာ တိုက်ခန်းရောင်းခဲ့ရတဲ့ အထဲက Lee ကို ခွဲ ဝေ ပေးတဲ့ အခါမှာ Porsche ကို ၀ယ်ခဲ့ချင်ပေမယ့် မတက်နိုင်ခဲ့ပါဘူး။

READ
ဖွေးဖွေးနဲ့အတူ ပထမဆုံးရိုက်ခဲ့တဲ့ ဓါတ်ပုံလေးကို တင်ပြီး မေးခွန်းထုတ်လိုက်တဲ့ စိုင်းစိုင်း

ဒါရိုက်တာ တစ်ယောက်ရဲ့ အလိမ်အညာကြောင့် အကြီးအကျယ် ဒေါပွဖူး

Lo Wei ဆိုတဲ့ ဒါရိုက်တာကြောင့် ဒေါပွဲ ခဲ့ဖူပါတယ်။Lo Wei ကတော့ The Big Boss ကားမှာ Lee နဲ့ တွဲ လုပ်ခဲ့သူပါ။သတင်းစာအင်တာဗျူးမှာ သူက Lee ကို ကင်မရော ရှေ့မှာ ဘယ်လို မျိုး တိုက်ခိုက်ရမလဲ ဆိုတာကို သင်ပြ ပေးခဲ့သူ ဖြစ်ကြောင်း၊ သူ့ကိုယ်သူ တောင်မှ နဂါးရဲ့ ဆရာ ဆိုပြီး တင်စားခဲ့ပါသေူတယ်။ဒါကို Lee ပြန်သိချိန် မှာတော့ Lo ရှိတဲ့ ရိုက်ကွင်းကို ချက်ချင်းပြေးလာပြီး  ရိုက်မယ် နှက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။Lo ရဲ့ ဇနီးကြားဝင် ဖျန်ဖြေ မှ စိတ်ပြေ သွားခဲ့တာပါ။

ညီဖြစ်သူကလည်း နာမည်ကြီး

Lee ရဲ့ ညီကလည်း နာမည်ကြီးပါပဲ၊Robert Jun –fai ကတော့ ဟောင်ကောင်မှာ နာမည်ကြီးတဲ့ Pop musician ပါ။(၁၉၆၀) လောက်တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ the Thunderbirds အဖွဲ့ရဲ့ Lead Singer ပါ။

Lee ရဲ့ အောင်မြင်မှုတွေ

Image:Twitter/@brucelee

Lee’ ရဲ့ အောင်မြင်မှုတွေကတော့ အံ့ မခန်းပါ။ The Big Boss ဆိုတဲ့ ဇာတ်ကားကတော့ (၁၉၇၁)ခုနှစ်က ဟောင် ကောင်မှာ ထွက်ရှိခဲ့ပါတယ်။Box Office မှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။ Julie Andrews ပါဝင်ထားတဲ့ The Sound of Music ကတော့ 1965 မှာ ထွက်ခဲ့ပါတယ်။

အဖြေရှာမရတဲ့ သေဆုံးမှု

ဟောင်ကောင်မှာ ရိုက်ကူးရေးကိစ္စလုပ်နေစဉ်မှာ လဲကျသွားခဲ့ပါတယ်။ အကြောဆိုင်း သွားခဲ့ပါ တယ်။ဒါပေမဲ့ ဆရာဝန်တွေ ကုသပြီးနောက် ပြန် ကောင်းလာခဲ့ပါတယ်။ပြန်ကောင်းလာချိန်မှာလည်း အလုပ်တွေ ကို ပြန်ပြီး ဆက်တိုက်လုပ်ခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစား ခဲ့ရပါတယ်။အားလုံး ဘယ်လို မှ မထင်ထားတဲ့ ဖြစ်ရပ်ကတော့  အခန်းထဲမှာ သေဆုံးနေတဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် သေဆုံးလဲ ဆိုတာကိုတော့ အမျိုးမျိုးတွေ ပြောဆို ထင်ကြေး ပေးကြတာတွေ ရှိပေမယ့်လည်း အခုထိ တိကျ တဲ့ အဖြေ တော့မရှိခဲ့ပါဘူး။

Soure:Wiki & Asia one

SHARE