Johnny Depp အကြောင်း သင်မသိသေးတဲ့ အချက် (၁၀ )ချက်

Image:twitter/@JDepp_sa

Johnny Depp က တော့ ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်တဲ့အထိကျော်ကြားတဲ့ ကမ္ဘာကျော် မင်းသား တစ်ယောက်ပါ။လက်ရှိမှာတော့ မင်းသားတစ်ယောက် အဖြစ် တင်မကပဲ Producer,  musician တစ်ယောက် အဖြစ် ပါ ရပ်တည်နေပါတယ်။ဟောလိဝုဒ် အနုပညာလောကထဲမှာတော့ သူနဲ့ ပတ်သက်တဲ့ ကောင်းသတင်းတွေလည်း  အများကြီး ရှိသလို မကောင်းသတင်း နာမည်ဆိုး၊နာမည်ပျက်တွေ လည်း အများကြီး ရှိတဲ့ မင်းသား တစ်ယောက်ပါ။Johnny Depp နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် တစ်ချို့ကို ပရိသတ်တွေ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

Bio(Broken Family မှာ ကြီးပြင်းခဲ့ရ)

Image:IG/johnnydeppfpg

နာမည်ရင်းကတော့ John Christopher Depp II ပါ။အမေရိကန်  Kentucky ပြည်နယ် ၊  Owensboro မှာ ဇွန် (၉) ရက်နေ့ (၁၉၆၃)ခုနှစ်က မွေးဖွားခဲ့တာပါ။စားပွဲထိုးမလေး Betty Sue Palmer နဲ့ civil engineer John Christopher Depp တို့ရဲ့ သားသမီးလေးယောက်ထဲကမှ အငယ်ဆုံးပါ။ငယ်ငယ်တုန်းက တစ်နေရာ တည်းမှာ အတည်တကျ မနေခဲ့ပဲ နေရာပေါင်း (၂၀) ကျော်လောက်ကို ပြောင်းရွှေ့ နေခဲ့ပါတယ်။သူ့အသက် (၁၅) နှစ်မှာတော့ မိဘ တွေ ကွာရှင်းခဲ့ပါတယ်။ John Depp ရဲ့  အမေ ကတော့  Robert Palmer နဲ့ နောက်အိမ် ထောင် ပြု ခဲ့ပါတယ်။ပထွေး ဖြစ်သူက သူလေးစားအားကျရတဲ့ သူမျိုး လို့ Depp က ပြောဖူးပါတယ်။(၂၀၁၆) Gram mys  ပွဲမှာတုန်းက ပထွေး Palmer ကို ချီးကျူးဂုဏ်ပြု တဲ့ အနေနဲ့ သီချင်းတစ်ပုဒ်ကို တီး ခတ် ခဲ့ ဖူးပါတယ်။

အထက်တန်း တည်းက ကျောင်းထွက်ခဲ့

Image:IG/johnnydeppfpg

သူအသက် (၁၂)နှစ်သား မှာတော့ မိခင်ဖြစ်သူက သူ့ အတွက် ဂစ်တာ တစ်လက်  လက် ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီ အရွယ်တည်းက ဂစ်တာ တီးရတာ ကြိုက်ပြီး Band တွေ မှာ  ပါဝင် တီးခတ် ခဲ့ပါတယ်။မိဘ တွေ ကွာရှင်းပြီး တစ်နှစ် အကြာမှာတော့  Miramar အထက်တန်း ကျောင်းကနေ ကျောင်းထွက်ခဲ့ပါတယ်။သူ့အိမ် မက်က rock musici an ဖြစ် ချင် တာ မို့ ကျောင်းထွက်ခဲ့တာပါ။နှစ်ပတ် အကြာမှာတော့ ကျောင်းပြန် တက်ဖို့ လုပ် ခဲ့ပါတယ်။ဒါပေမယ့် ကျောင်းအုပ် ဆရာကြီးက  musician ဖြစ်ချင်တဲ့ အိမ်မက် နောက်ကိုပဲ လိုက်ဖို့ ပြော ခဲ့ပါတယ်။

Musician ဘ၀ အစ

Image:IG/johnnydeppfpg

The Kids နဲ့ လက် တွဲ တီးခတ် ခဲ့ပါတယ်။(၁၉၈၀-၈၄) လောက် မှာတော့ အတန် အသင့် အောင်မြင် ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ စာချုပ် ချုပ်ဖို့ အတွက် လော့အိန်ဂျလိစ်ကို The Kids က  ရောက် လာခဲ့ပါတယ်။နာမည်ကိုပါ  Six Gun Method ဆို ပြီး ပြောင်းခဲ့ပါတယ်။စာချုပ်မှာ လက်မှတ် မထိုးလိုက်ရ ခင်မှာပဲ အဖွဲ့ ပြိုကွဲ ခဲ့ရပါတယ်။Depp  ကလည်း  Rock City Angels ဆိုတဲ့ Band နဲ့ ပူးပေါင်းခဲ့ပါတယ်။”Mary” ဆိုတဲ့ သီချင်းကိုပါ ပူးပေါင်း ဖန် တီးခဲ့ပါတယ်။Geffen Records album Young Man’s Blues အယ်ဘမ် မှာ  ပါဝင်ခဲ့ပါတယ်။(၁၉၈၃) ဒီဇင်ဘာ (၂၀)မှာ တော့ Band ထဲက ဘေ့စ်တီးသူ၊အဆိုတော် ရဲ့ ညီမ Lori Anne Allison နဲ့လက်ထပ်ခဲ့ပါတယ်။

READ
ရက်(၃၀)အတွင်း Six-pack ရရှိခဲ့တဲ့အကြောင်းမျှဝေပေးလိုက်တဲ့ မင်းသမီးစမိုင်းရဲ့ ခင်ပွန်း

ဇနီးဖြစ်သူ  ကြောင့် သရုပ်ဆောင် လောကထဲ ရောက်လာခဲ့

Image:IG/johnnydeppfpg

Depp နဲ့ လက်ထပ်တဲ့ အချိန်မှာ Lori Anne Allison  က makeup artist အဖြစ် ရော၊ အလုပ်ပေါင်းစုံ အကုန် လုပ်ခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို မင်းသား Nicolas Cage နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။Nicolas Cage က Depp ကို မင်းသား လုပ်ဖို့ အကြံပြုခဲ့ပါတယ်။Depp နဲ့ Allison တို့ကတော့ (၁၉၈၅)မှာ ကွာရှင်းခဲ့ပါတယ်။Depp ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကတော့ A Nightmare on Elm Street (1984) ပါ။ Private Resort (1985)  ၊ Vietnam War drama Platoon (1986) တို့ မှာ သရုပ်ဆောင်ခဲ့ပါတယ်။(၁၉၈၀) နှောင်းပိုင်းေ လာက်မှာတော့ နာမည်ကြီးတဲ့  teen idol ဖြစ်လာခဲ့ပါတယ်။ Fox TV  series 21 Jump Street ကိုတော့ (၁၉၈၇)မှာ ပြသခဲ့ပါတယ်။နောက်ပိုင်းမှာတော့ စီးရီးတွေ မှာ သရုပ် ဆောင် ရတာက Product တစ်ခုရဲ့ ဇာတ်ကောင် နေရာကို အတင်း ထိုးထည့် နေ သလို ခံစားရလို့ ရုပ်ရှင်တွေ မှာပဲ သရုပ်ဆောင် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေရခဲ့

Image:IG/johnnydeppfpg

(၁၉၉၀)မှာတော့ Edward Scissorhands ရုပ်ရှင်ကားမှာ သရုပ် ဆောင်ခဲ့ပါတယ်။အရမ်း အောင်မြင် ခဲ့ပြီး  ဟောလိဝုဒ်ရဲ့ ခေါင်းဆောင် မင်းသားနေရာကို ရောက်စေခဲ့ပါတယ်။ဇာတ်ကားတွေ  ရိုက်ကူးပြီး အောင်မြင်မှုေ တွ ရလာခဲ့တဲ့ Depp ဟာ (၂၀၀၃)မှာ တော့ သူ့နဲ့ တွဲမြင်စေမယ့် ဇာတ်ကောင် တစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။Walt Disney Pictures ရဲ့ Pirates of the Caribbean: The Curse of the Black Pearl မှာ Captain Jack Sparrow နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Dead Man’s Chest (2006) ၊ At World’s End (2007) တို့မှာပါ သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီဇာတ်ကားတွေဟာ အရမ်း အောင်မြင်ခဲ့ပါတယ်။Jack Sparrow နဲ့ Depp ကို တွဲမြင်တဲ့ အထိ အောင်မြင် ခဲ့တဲ့ ဇာတ်ကားပါ။

ကိုယ်ပိုင် ထုတ်လုပ်ရေးကမ္ပဏီရှိ

Image:twitter/@80sThen80sNow

(၂၀၀၄) မှာတော့ production company Infinitum Nihil  ကို ထူထောင်ခဲ့ပါတယ်။Depp  က Founder ၊သူ့အစ် မ Christi Dembrowski က ကုမ္ပဏီရဲ့ President နေရာကနေ အုပ်ချုပ်ခဲ့ပါတယ်။The Rum Diary (2011) က တော့ ကုမ္ပဏီရဲ့ ပထမဆုံး ဇာတ်ကားပါ။(၂၀၁၁)မှာပဲ ထပ်ပြီး Hugo ထွက်ရှိခဲ့ပါတယ်။(၂၀၁၂) မှာေ တာ့ Dark Shadows ထွက်ရှိခဲ့ပါတယ်။

ဝိုင်ထုတ်လုပ်သူ

ပြင်သစ်နိုင်ငံ Saint-Tropez မြောက် ပိုင်း Plan-de-la-Tour မှာ  စပျစ်သီးတွေ စိုက်ပြီး ၀ိုင်ချက်တဲ့ စက်ရုံတွေ ရှိပါတယ်။ဒီစီးပွားရေးတင်မကပါဘူး။Sean Penn, John Malkovich ၊ Mick Hucknall, Depp တို့ ဟာ ပြင်သစ် စားသောက်ဆိုင် ဘား Man Ray ကိုလည်း ပိုင်ပါတယ်။ပဲရစ်က Champs-Élysées နားမှာ ရှိတဲ့ ဆိုင်ပါ။

READ
ဆွဲဆောင်မှုရှိရှိ လှနေတဲ့ ပုံအသစ်လေးတွေ တင်လိုက်တဲ့ ဘေဘီမောင်

အရက်နဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခဲ့ဖူး

အသက် (၁၂)နှစ်တည်းက ဆေးလိပ် စ သောက်ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ အရက်နဲ့ ဆေးသုံး ခဲ့ပါတယ်။What’s Eating Gilbert Grape ရိုက်ကွင်းမှာ မူးပြီး  သောင်းကျန်းတာ မျိုး ရှိခဲ့ဖူး ပါတယ်။(၂၀၀၈)  အင်တာဗျူး တစ်ခု မှာတော့  အရက်ရဲ့ ကျေးကျွန် အဖြစ် နှစ် အကြာကြီး ဖြစ်ခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။(၂၀၁၃)မှာတော့ အရက်  ဖြတ် ပြီဆိုပြီး ကြေညာခဲ့ပါတယ်။(၂၀၁၆)မှာတော့ ဇနီး Amber Heard  က Depp ဟာ အရက်နဲ့ ဆေးသုံးတယ်၊သူမကို ရိုက်နှက် တယ်ဆိုပြီး  ပြောခဲ့ပါတယ်။

အမူတွဲ ပေါင်းများစွာနဲ့ Depp

Image:twitter/@JDepp_sa

သူ့ရဲ့ နာမည်ဆိုး နာမည်ပျက်တွေ ကတော့ အများကြီးပါ။တရားစွဲ ခံရတာ တွေ အများကြီးရှိခဲ့ဖူးပါတယ်။(၁၉၈၉) မှာတည်းက  သူ့ရဲ့ဟိုတယ်ခန်းထဲမှာ  လုပ်တဲ့ ပါတီပွဲက ဆူညံ နေလို့ အဖမ်းခံ ရဖူးပါတယ်။(၁၉၉၄)မှာတော့ The Mark Hotel မှာတည်းရင်း အခန်းကို ဖျက်စီးလို့ အဖမ်းခံခဲ့ရဖူးပါတယ်။ Kate Moss နဲ့ အတူတည်း နေရင်း နဲ့ ဖြစ်ခဲ့ တာပါ။US$9,767 လျော် ကြေး ပေးခဲ့ရပါတယ်။(၁၉၉၉)မှာတော့  ပါပါရာဇီနဲ့ ရန်ဖြစ်ပြီး အဖမ်းခံခဲ့ရဖူးပါတယ်။(၂၀၁၂)မှာတော့  Professor Robin Eckert  က Depp နဲ့ လုံခြုံ ရေး ကုမ္ပဏီ (၃)ခုကို တရားစွဲ ခဲ့ပါတယ်။ (၂၀၁၁)တုန်းက လော့ အိန်ဂျလိစ် ပွဲမှာ သူ့ရဲ့ လုံခြုံရေးတွေကို ရိုက်နှက်လို့ ဆိုပြီး တရားစွဲ ခဲ့တာပါ။နစ်နာ ကြေး ပေး ပြီး အမှု ပြီးခဲ့ရပါတယ်။Amber Heard က သူမ အပေါ်အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်တယ်လို့ တရားစွဲ ဆိုတာကိုလည်း ခံခဲ့ရဖူးပါတယ်။(၂၀၁၈)ဇူလိုင်မှာလည်း လေယာဉ်ဝန်ထမ်းတစ်ယောက် ကို ကိုယ်ထိလက်ရောက် ကျူး လွန်လို့ တရားစွဲ ခဲ့ရပါတယ်။

အချစ်ရေး

Image:twitter/@JDepp_sa

အချစ်ရေးကလည်း တော်တော်လေး ရှုပ်တဲ့ ယောက်ျားလို့ ပြောလို့ရပါတယ်။Lori Anne Allison  နဲ့ (၁၉၈၃ -၁၉၈၅) အထိ ပေါင်းသင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Jennifer Grey ၊Sherilyn Fenn တို့ နဲ့  စေ့ စပ်ခဲ့ပါတယ်။(၁၉၈၀)ခုနှစ် လောက် တွေ မှာ ဖြစ်ခဲ့တဲ့ ချစ်ဇာတ်လမ်းတွေ ပါ။(၁၉၉၀)မှာတော့ Winona Ryderကို လက်ထပ် ခွင့် တောင်းခဲ့ပါတယ်။ညာလက်မောင်းမှာပါ “WINONA FOREVER” ဆိုပြီး တက်တူးထိုးခဲ့ပါတယ်။ (၁၉၉၄-၁၉၉၈) မှာတော့ Kate Moss နဲ့ တွဲခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့  ပြင်သစ် မင်းသမီး အဆိုတော် Vanessa Paradis နဲ့ တွဲ ခဲ့ပါတယ်။သား တစ်ယောက်၊သမီးတစ်ယောက်ရခဲ့ပါတယ်။Depp နဲ့ Paradis  တို့ကတော့ (၂၀၁၂) ဇွန် မှာ လမ်းခွဲခဲ့ပါတယ်။

Image:twitter/@JDepp_sa

(၂၀၁၁)က  The Rum Diary ရိုက်ကွင်းမှာ ဆုံခဲ့တဲ့ Amber Heard နဲ့ တွဲခဲ့ပါတယ်။(၂၀၁၅)မှာတော့ လက်ထပ် ခဲ့ပါတယ်။(၂၀၁၆) မေ (၂၃)မှာတော့ Amber Heard  က ကွာရှင်းခွင့်  တောင်းခံခဲ့ပါတယ်။(၂၀၁၇) ဇန်န၀ါရီ မှာတော့ ကွာရှင်းတဲ့ ကိစ္စ ပြီးမြောက်ခဲ့ပါတယ်။

Source:Wiki

SHARE