ဆင်သတ္တ၀ါတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်များ

unsplash/Felix M. Dorn

ကမ္ဘာပေါ်မှာ ဆင်တွေဟာ ဥာဏ်ရည်အထက်မြက်ဆုံးနဲ့ ကြင်နာသနားမှုရှိတဲ့သတ္တ၀ါမျိုးနွယ်တွေထဲမှာ ပါဝင်ပါတယ်။ ခုဖော်ပြပေးမှာကတော့ insider သတင်းကနေတဆင့် တွေ့မြင်ရတဲ့ ဆင်တွေအကြောင်း အံ့သြစရာကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

  • ဆင်တွေဟာ မှန်ထဲမှာ သူတို့ကိုယ်သူတို့ မှတ်မိနိုင်ပါတယ်။ လူ၊ မျောက်ဝံနဲ့ လင်းပိုင်တွေနည်းတူ ကိုယ်ပိုင်အသိစိတ်ရှိကြတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။
  • ဆင်တွေဟာ ပျားတွေကို ကြောက်ကြပါတယ်။ လယ်သမားတွေဆိုရင် သူတို့ယာထဲ ဆင်တွေဝင်လာမှာစိုးတဲ့အတွက် ပျားအုံတွေကို တမင်တကာ ဖန်တီးထားကြပါတယ်။
  • ဆင်တွေဟာ (၂၂) လကြာ ကိုယ်ဝန်ဆောင်ရပါတယ်။ နို့တိုက်သတ္တ၀ါတွေမှာ အချိန်အကြာဆုံး ပဋိသန္ဓေနေရတဲ့ သတ္တ၀ါတွေပါ။
  • ဆင်တွေဟာ မွေးစမှာ မျက်လုံးမမြင်ပါဘူး။
Shutterstock/Bene_A
  • ဆင်တွေဟာ မွေးစမှာ ပေါင်(၂၆၀) ထိ ကိုယ်အလေးချိန်ရှိနိုင်ပါတယ်။
  • ဆင်တွေဟာ အသက်(၅၀) အထိ ကလေးမွေးနိုင်ပါတယ်။
  • သူတို့တွေက တစ်ကောင်နဲ့တစ်ကောင် ပွေ့ဖက်နှုတ်ဆက်ဖို့ နှာမောင်းကို အသုံးပြုကြပါတယ်။
  • ဆင်တွေရဲ့ မျက်တောင်မွှေးတွေဟာ (၅) လက်မအထက်ထိ ရှိနိုင်ပါတယ်။
  • ဆင်တွေဟာ စိတ်ခံစားမှုအရမ်းပြင်းထန်လွန်းတဲ့ သတ္တ၀ါတွေပါ။ ပျောက်ဆုံးသွားတဲ့ မိသားစုဝင်တွေအတွက်ဆိုရင်တောင် ၀မ်းနည်းပူဆွေးနေလေ့ရှိပါတယ်။
  • ဆင်တွေဟာ အသက်အကြီးဆုံး (၈၆) နှစ်ထိ နေနိုင်ပါတယ်။
  • ဆင်တွေဟာ မခုန်နိုင်တဲ့ တစ်မျိုးတည်းသော နို့တိုက်သတ္တ၀ါတွေ ဖြစ်ပါတယ်။ သူတို့က ပြေးတာတောင် အနည်းဆုံးခြေထောက်တစ်ဖက်ကတော့ မြေကြီးပေါ်မှာ ထားလေ့ရှိပါတယ်။
READ
အိပ်ယာဝင်ခါနီးစာဖတ်ရင် ရရှိလာမယ့်အကျိုးကျေးဇူးများ
Shutterstock/Volodymyr Burdiak
  • ဆင်တွေဟာ ရေကူးတဲ့အခါ နှာမောင်းကို အသက်ရှူပိုက်အဖြစ် အသုံးပြုပါတယ်။
  • ဆင်တွေဟာ တစ်နေ့ကို (၁၆) နာရီ အစာစားပါတယ်။
  • ဆင်တွေရဲ့နှာမောင်းဟာ ပေါင်(၄၀၀) လောက် အလေးချိန်ရှိပါတယ်။ ဒါပေမယ့် ဆန်စေ့တစ်စေ့လောက် သေးငယ်တဲ့အရာလေးတွေကိုတောင် ဒီနှာမောင်းနဲ့ ကောက်ယူနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE