တစ်မြေဆီဝေးတဲ့သူကိုလွမ်းတိုင်း သေချာပေါက်ခံစားရမယ့်အရာများ

ချစ်သူကို လွမ်းတဲ့အခါ အခြေအနေပေါ်မူတည်ပြီး ဒီကရီမတူညီပါဘူး။ ဥပမာအားဖြင့် ရုံအပေါ်ထပ်အောက်ထပ် အလုပ်လုပ်ကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ တစ်နေ့တာ မတွေ့ရလို့ သတိရမှုမျိုးနဲ့၊ တနင်္သာရီမှာ နေရတဲ့တစ်ယောက်က မြစ်ကြီးနားကို တာဝန်နဲ့ပြောင်းသွားတဲ့ ချစ်သူကို သတိရတဲ့စိတ်မျိုးက မတူညီနိုင်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလို ရေခြားမြေခြား ချစ်သူကို သတိရတဲ့စိတ်မျိုးကိုမှ အလွမ်းတွေ-လို့ ခေါင်းစဉ်တပ်ချင်ပါတယ်။ ကဲ Shwemom ရဲ့ပရိသတ်ကြီးလည်း လွမ်းတဲ့အခါ အောက်ပါအချက်တွေနဲ့ တိုက်ဆိုင်မှုရှိသလား … စစ်ဆေးကြည့်ကြပါဦး။

(၁) သူနဲ့ပြန်ဆက်သွယ်ချင်တယ်/အဆက်အသွယ်ရချင်တယ်

သူ့ကို လွမ်းတဲ့အခါ ချက်ချင်းလက်ငင်း စကားပြောချင်လာတယ်၊ လုံးဝ ဆက်သွယ်လို့မရနိုင်တဲ့ အခြေအနေမျိုးဆို ငိုချင်စိတ်တောင် ပေါက်လာပါလိ့မ်မယ်။ ဒါမှမဟုတ် ကိုယ် တစ်ဖက်သက်ချစ်ရတဲ့ချစ်သူကို ကြိတ်ပြီးလွမ်းနေရတာမျိုးဆိုရင် ပိုဆိုးပါတယ်။

(၂) တန်ဖိုးကို ပိုနားလည်တယ်

ဝေးသွားတဲ့အခါ တစ်ယောက်ရဲ့ တန်ဖိုးကို တစ်ယောက်က နားလည်တာ မဆန်းပါဘူး။ အနည်းဆုံးတော့ သူဟာ ကိုယ့်ဘေးမှာ ရှိနေခဲ့ချိန်တုန်းက ပျော်စရာလေးတွေ ဖန်တီးပေးခဲ့သူဖြစ်တယ်။ အခုတော့ အဲဒီပျော်ရွှင်မှုလေးတွေနေရာမှာ ထပ်တူကျမယ့် အစားထိုးမှု ဘယ်ရှိနိုင်ပါ့မလဲ။

READ
နွေရာသီနဲ့လိုက်ဖက်တဲ့ ဆံပင်ပြင်ဆင်မှု စတိုင်(၇)မျိုး

(၃) ဆိုးတာတွေကို ခွင့်လွှတ်တယ်

အရင်ကတော့ နှစ်ယောက်သား တကျက်ကျက်နဲ့ တွယ်သတ်နေမိတာလည်း ရှိချင် ရှိမယ်၊ တစ်ခုခုကို အနိုင်ရဖို့ ဇွတ်ငြင်းခုန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဝေးသွားတဲ့အခါ သူရဲ့ အလိုက်ကမ်းဆိုးမသိမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ပြဿနာရှာမှုတွေကို အဆိုးမမြင်မိတော့ဘူး။

(၄) ပျော်စရာအချိန်တွေအတွက် ၀မ်းနည်းမိတယ်

ချစ်သူနဲ့ ဝေးကွာခဲ့ရတဲ့အခါ ပျော်စရာကိုလည်း ပျော်စရာတွေလို့ မမြင်တော့ပါဘူး။ ရယ်စရာဆိုရင်လည်း ရယ်ချင်စိတ် မရှိတော့ဘူး။ ပြန်မရနိုင်တော့တဲ့ ပျော်စရာအချိန်လေးတွေကို တွေးပြီး ၀မ်းနည်းမိတယ်။ ဒီလို ပျော်ရွှင်မှုမျိုးကိုလည်း ချစ်သူနဲ့ ရတတ်သလောက် ခံစားချင်မိတယ်။ ဒါပေမယ့် … ချစ်သူက အဝေးမှာ …။

(၅) အရင်လိုမဆိုးတော့ပါဘူးလို့ ဆုံးဖြတ်မိတယ်

သူဆိုးခဲ့တာတွေကိုလည်း လွယ်လွယ်ကူးကူ သင်ပုန်းချေနိုင်သွားတယ်။ ကိုယ်ဆိုးခဲ့တာတွေအတွက်လည်း မျက်ရည်တွေနဲ့ နောင်တရမိတယ်။ နောက်ဆို ဒီလိုမဆိုးတော့ပါဘူးလို့ အဝေးရောက်ချစ်သူကို မကြားနိုင်တဲ့ တစ်နေရာဆီကနေ ကတိတွေ အထပ်ထပ် ပေးနေမိတယ်။ ပြန်တွေ့တဲ့အခါ သေချာပေါက် လိမ္မာပါ့မယ် … ဆိုပြီးတော့ပေါ့။

READ
Victoria's Secret ရဲ့ ပထမဆုံး တရုတ် စူပါမော်ဒယ် Liu Wen အကြောင်း

နတ်စည်တော် (Shwemom)

sm

SHARE