ဘယ်လောက်ချစ်ချစ် ချစ်သူကို ထုတ်မပြပဲ လျှို့ဝှက်သင့်တဲ့အရာ (၅) မျိုး

ချစ်သူဘဝမှာ တစ်နေ့ထက်တစ်နေ့ သံယောဇဉ်တွေတိုးပြီး နှစ်ကိုယ့်တစ်စိတ် ဖြစ်လာကြတာ ထုံးစံပါ။ ဒီလို သံယောဇဉ်တွေ ခိုင်မြဲလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းလာကြတယ်။ လျှို့ဝှက်ချက်တွေ မရှိတော့လောက်အောင်ကို ရင်းနှီးလာကြတယ်။ ဒါပေမယ့် မိန်းကလေးတို့ရေ တစ်ချို့ကိစ္စတွေက ပွင့်လင်းတိုင်းလည်း မကောင်းတာကြောင့် လျှို့ဝှက်သင့်တဲ့ အရာလေးတွေကို ပြောပြမယ်နော်။

(၁) ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်တွေ

လေချဉ်တက်တာတို့၊ လေလည်တာတို့ လူတိုင်းဖြစ်ဖူးကြမှာပါ။ ဒါဟာ ကျန်းမာရေးရှုထောင့်က ကြည့်မှကောင်းတာပါ။ ချစ်သူရှေ့မှာ ဒါတွေကို အကျယ်ကြီး မလုပ်သင့်ပါဘူးနော်။ ရာသီလာတဲ့ကိစ္စကအစ၊ ဟိုး အိမ်သာတက်တဲ့အဆုံး ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တွေကို ထုတ်မပြပါနဲ့။ လူတိုင်းက ရွံတတ်ပါတယ်။ ဒါဟာ သင့်ကို ချစ်တာမချစ်တာနဲ့ မဆိုင်ပါဘူး။ သင့်ဘက်က ပေးသင့်တဲ့ လေးစားမှုပါ။

(၂) သင့်သူငယ်ချင်းရင်ဖွင့်ထားတဲ့အကြောင်းအရာတွေ

သင့်သူငယ်ချင်းက သင့်ကို ယုံကြည်လို့ ပြောပြထားတဲ့ အတွင်းရေးကိစ္စတွေကို သင့်ချစ်သူဆီမှာ လုံးဝပြန်မပြောပါနဲ့။ ချစ်သူကချစ်သူ၊ သူငယ်ချင်းက သူငယ်ချင်း သက်သက်ပါ။ သင်ပြောတဲ့ အတင်းအဖျင်းတွေကို သင့်ချစ်သူက လုံးဝ စိတ်မဝင်စားပါဘူး။ ဒါကြောင့်သူ့ကို သွားပြောနေလည်း ဘာမှအကျိုးမရှိပါဘူး။ ဒါကြောင့် သင့်သူငယ်ချင်းအပေါ်ကို သစ္စာရှိပါ။

READ
ကိုယ့်ကို နာကျင်စေသူဆီကိုမှ ပြန်သွားမိလေ့ရှိတဲ့ အကြောင်းကို ပညာရှင်တစ်ဦး ရှင်းပြ

(၃) Password

ဒါအရမ်းအရေးကြီးးပါတယ်။ သင့်ချစ်သူကို ဘယ်လောက်ချစ်ချစ် ဘယ်လောက်ပဲယုံကြည်ယုံကြည် သင့်ရဲ့ password ကိုလုံးဝမပေးပါနဲ့။ Bank account, facebook account, အစရှိတဲ့ ဘယ်လို password ကိုမှ မပေးပါနဲ့။ လူ့စိတ်ဆိုတာ အချိန်နဲ့အမျှပြောင်းနေတတ်တာကြောင့် တစ်ချိန်မှာ နောင်တရစရာတွေ၊ နစ်နာစရာ မဖြစ်လာအောင်လို့ပါ။

(၄) သူ့အမေကိုမနှစ်သက်တဲ့အကြောင်း

တော်တော်များများ မိန်းကလေးတွေက ယောက္ခမလောင်းတွေနဲ့ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ သင်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်သလို၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ သဘာဝပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သင့်ချစ်သူကို သွားမပြောသင့်ပါဘူး။ အဲလိုလုပ်ရင် အမေနဲ့ချစ်သူကြားမှာ စိတ်ရှုပ်လာမှာဖြစ်ပြီး သူ့ကို စိတ်ကျဉ်းကျပ်စေပါတယ်။ ဒါကြောင့်တော်ရုံတန်ရုံ ကိစ္စမှမဟုတ်ရင် အသေးအမွှားတွေကအစ သူ့အမေမကောင်းကြောင်းတွေကို မပြောမိဖို့လေ့ကျင့်ထားပါ။

READ
ဆင်းရဲလို့ဆိုပြီး လမ်းခွဲစကားပြောတဲ့ချစ်သူကို သင်ခန်းစာပြန်ပေးခဲ့တဲ့ အမျိုးသား

(၅) အတိတ်အကြောင်းအသေးစိတ်

အတိတ်ကို ခြုံပြောရင်တော်ပါပြီ။ အသေးစိတ်ပြောနေစရာမလိုပါဘူး။ သင့်အတိတ်အကြောင်းနဲ့ ပတ်သက်ပြီး အပ်ကျတာကအစ ပြောမနေသင့်ပါဘူး။ အထူးသဖြင့် ရည်းစားဟောင်းကိစ္စပါ။ ပွင့်လင်းပြီး ဘာကိုမှ လျှို့ဝှက်မထားတာ ကောင်းပေမယ့် စကားဆိုတာ ကျွံသွားပြီးရင် ဘယ်လိုမှပြန်ပြင်လို့ မရတော့တာကြောင့် မပြောခင် ဖြစ်လာနိုင်တဲ့ ပြသနာတွေကို သေချာစဉ်းစားလိုက်ပါဦး။

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE