အရိုးအဆစ်နာကျင်မှုနဲ့ပတ်သက်ပြီး မဖြစ်မနေသိသင့်တဲ့ အချက်(၅)ချက်

Unsplash/Paras

အမေရိကန်လူမျိုး သန်း(၁၀၀)ခန့်ဟာ အရိုးအဆစ်နာကျင်တဲ့ရောဂါကို ခံစားကြရပြီး၊ ဒူးနာခြင်းက ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။ အရိုးအဆစ်နာကျင်ခြင်းဟာ ပေါ့ဆသင့်တဲ့အရာမဟုတ်ဘဲ အထူးသတိထားသင့်တဲ့အရာဖြစ်တာကြောင့် ကျွမ်းကျင်တဲ့ စစ်ဆေးမှုနဲ့ကျွမ်းကျင်တဲ့ကုသမှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်အရိုးအဆစ် နာကျင်ကိုက်ခဲမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

Unsplash/ABH

 – ကယ်ဆီယမ်နဲ့ဗီတာမင်ဒီက အရိုးအဆစ်နာကျင်မှုကို လျော့ကျစေ

vitamin D ဟာ အရိုးအဆစ်နာကျင်မှုတွေကို သက်သာစေတဲ့အရာပါ။ လုံလောက်တဲ့ကုသမှုတွေမလုပ်တဲ့အခါ အရိုးအစစ်နာကျင်မှုတွေပိုပြီး ဖြစ်စေပါတယ်။ ဒါကြောင့် vitamin D နဲ့calciumဟာ အရိုးအဆစ်အတွက် အလွန်အရေးပါတဲ့ အရာဖြစ်ပြီးတော့ ၊ ရောင်ယမ်းခြင်းကို လျော့ကျစေသလို၊ အရိုးတွေကိုသန်မာလာစေပါတယ်။

– အပူအအေးမျှတအောင် ဂရုစိုက်နေထိုင်ပါ။

သင့်ကို ဒုက္ခပေးနေတဲ့ အရိုးအဆစ်တွေကို အပူပေးခြင်းနဲ့နှိပ်နယ်ခြင်းတွေ အထူးဂရုစိုက်ပါ။ ရေပူချိုးတာ၊  နှိပ်နယ်တာနဲ့ ချွေးထွက်ခန်းဝင်တာတွေဟာ အရိုးအစစ်ကိုက်ခဲခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။ နောက်ထပ်လည်း သူနဲ့ပြောင်းပြန်ဖြစ်တဲ့ ရေခဲကပ်တာတွေ ရှောင်ကြည်သင့်ပြီးတော့ ဆောင်းတွင်း အပြင်ထွက်တဲ့အခါ အနွေးထည်ထူထူထဲထဲနဲ့လက်အိတ်တွေဝတ်ဆင်ထားသင့်တယ်လို့ဆိုပါတယ်။

READ
E စီးကရက်ကလည်း ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များသတိပေး
Pexels/HealthSite

– Antioxidants ပါတဲ့အစားအစားတွေက ယောင်ယမ်းခြင်းကို သက်သာစေ

အရိုးအဆစ်နာကျင်မှုတွေကို သက်သာအောင်လုပ်ရာမှာ ဆရာဝန်အကြံပေးတဲ့ သင့်တော်တဲ့အစားအစာတွေကို စားသုံးပါ။ ဥပမာ ငါး ၊သံလွင်ဆီ၊ အသီးအနှံ၊ အသီးအရွက်နဲ့ နှင်းဆီရိုင်းသီးလက်ဖက်ရည်တွေဟာ အရိုးအဆစ်ယောင်ယမ်းခြင်းကိုသက်သာစေပါတယ်။ နှင်းဆီရိုင်းသီး ဟာ antioxidants အကြွယ်ဝဆုံးဖြစ်ပြီး ဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

– အရိုးအစစ်နာကျင်တယ်ဆိုတိုင်း အဆစ်ရောင်နာရောဂါမဟုတ်

တစ်ခါတစ်ရံ အရိုးအဆစ်နာကျင်တဲ့လူနာကို ရောဂါအမည်ခွဲဖို့က အလွန်ခက်ခဲပါတယ်။ ဘာလို့ဆိုရောဂါလက္ခဏာအများစုက တူညီနေကြတာကြောင့်ပါ။ အရိုးအဆစ် ကိုက်ခဲမှု တစ်ခါထက်မနည်း ဖြစ်လာပြီဆိုရင် အရိုးအဆစ်ကျွမ်းကျင်သူဆီ သွားရောက်ပြသပါ။ ကျွမ်းကျင်သူကသာ အရိုးအဆစ်ရောဂါတွေရဲ့ပုံစံကို ခွဲခြားသတ်မှတ်နိုင်တာဖြစ်ပါတယ်။

Shutterstock/Ambrophoto

– ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

ဒူးနာတဲ့သူတွေက အမြင့်ခုန်တာ၊ သာမန်လူတွေလို ပြေးတာမျိုးတွေမလုပ်ရဘူးဆိုပေမယ့်၊ ကိုယ်လက်လှုပ်ရှားကျန်းမာရေးလေ့ကျင့်မှုတွေကို ပစ်ထားလို့မရပါဘူး။ ဒါကြောင့် ပုံမှန်လမ်းလျှောက်ပေးတာမျိုး၊ ဆရာဝန်တိုင်ပင်ပြီး သင့်တင့်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် အရိုးအဆစ်တွေအပေါ် လိုတာထက်ပိုပြီး အားသုံးရတဲ့ကစားနည်းတွေကို ရှောင်ရှားဖို့လိုပါတယ်။

 

READ
ဗိုက်အဆီကျပြီး အချိန်တိုအတွင်း Six Pack ရစေမည့် နည်းလမ်း(၈)မျိုး

 

 

Khaing Sandar

SHARE