UNIQLO ရဲ့ KAWS အင်္ကျီတွေနောက်ကွယ်က ဖန်တီးမှုပဲ့ကိုင်ရှင် KAWS အကြောင်း

https://www.uniqlo.com/us/en/ut-graphic-tees/kaws

လူငယ်တွေကြားမှာ လက်ရှိရေပန်းစားနေတဲ့ အင်္ကျီကိုပြောပါဆိုရင်တော့ KAWS ပါပဲ။ UNIQLO နဲ့ ပူးပေါင်းခဲ့တဲ့အချိန်ကစလို့ အာရှလူငယ်တွေကြား တော်တော်လေးကို ရေပန်းစားခဲ့ပြီး မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ summer collection အသစ်ကြောင့် တရုတ်မှာဆိုရင် ဆိုင်မဖွင့်ခင်ကတည်းက ကြိုတင်တန်းစီနေတဲ့ လူတန်းကြီးတွေ၊ တံခါးအပြည့်မဖွင့်ပေးခင်မှာပဲ ဝမ်းလျားတိုက်ဝင်ကြတာမျိုးတွေအပြင် အင်္ကျီတစ်ထည်ကိုလုရင်း လူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားတာတွေအထိ ဖြစ်ပွားခဲ့ကြတာကို လူမှုကွန်ာက်တွေပေါ်မှာ တွေ့ပြီးကြပြီးဖြစ်မှာပါ။

UNIQLO,com

ဒီလိုမျိုး သည်းသည်းလှုပ် အားပေးခဲ့ကြတဲ့ ဖန်တီးမှုတွေနောက်ကွယ်ကလူဟာ ဘယ်သူလဲဆိုတာကို Christies မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

 

 

View this post on Instagram

 

Good morning… #KAWS sketch book from 2003

A post shared by @ kaws on

KAWS

KAWS ဆိုတဲ့ နာမည်ဟာ သူ့အတွက်တော့ အနုပညာနာမည်လို့ သတ်မှတ်လို့ရနိုင်ပြီး နာမည်အရင်းကတော့ Brian Donnelly ပဲဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်ဖွားဖြစ်ပြီး ပုံဆွဲဆရာအဖြစ် အနုပညာလောကထဲ စဝင်လာခဲ့တာပါ။ အနုပညာလောကအစပိုင်းတုန်းက ထူးထူးခြားခြားပါဝင်ခဲ့တာဆိုလို့ Walt Disney ရဲ့ 101 Dalmations ကာတွန်းရာ်၊ Daria နဲ့ Doug ဆိုတဲ့ ရှိုးတစ်ခုရယ်ပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

Painting the HECTIC shop in Tokyo in 1998… #KAWS #tbt @yoshifumiegawa @mr_stash 👀

A post shared by @ kaws on

အနုပညာခြေလှမ်းများ

အခုလိုမျိုး အနုပညာရှင်မဖြစ်ခင်တုန်းက KAWS ဟာ ပုံဆွဲဆရာအပြင် graffiti artist တစ်ယောက်အဖြစ် စတင်ရပ်တည်ဖူးခဲ့ပါတယ်။ အဲဒီအချိန်၊ အဲဒီလောကထဲမှာလည်း KAWS ကို လူသိများခဲ့ပြီး သူ့ရဲ့လက်ရာတော်တော်များများကို နယူးဂျာဆီနဲ့ မန်ဟက်တန်မြို့ထဲက အဆောက်အဦတွေ တော်တော်များများမှာ #KAWS ဆိုတဲ့ စားသားနဲ့ အဲဒီခေတ်တုန်းကတော့ နာမည်ရခဲ့ပါတယ်။

KAWS ရဲ့ အရုပ်တစ်ရုပ်ချင်းဆီတိုင်းရဲ့ ကိုယ်ပိုင်နာမည်များ

လက်ရှိလုပ်ငန်းဖက်ကို စတင်ဝင်ရောက်လာခဲ့တာ ၁၉၉၉ ခုနှစ်ပတ်ဝန်းကျင်လောက်ကလို့ ဆိုနိုင်ပါတယ်။ Brian ဟာ အဲဒီအချိန်တုန်းက Bounty Hunter ဆိုတဲ့ နာမည်နဲ့ streetwear brand တစ်ခုနဲ့ အရုပ်လေးတွေထုတ်ဖို့အတွက် ဂျပန်ကိုသွားခဲ့ရင်း ပထမဦးဆုံး ဇာတ်ကောင်အရုပ်ကို Companion လို့ နာမည်ပေးကာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အရုပ် ၅၀၀ သာ ထုတ်ခဲ့ပေမယ့် ခဏလေးအတွင်းမှာတင် အားလုံးရောင်းကုန်ခဲ့ရပြီး KAWS ရဲ့ နာမည်အကြီးဆုံး အရုပ်တစ်ရုပ်ဖြစ်လာခဲ့ပါတယ်။

READ
မီးဖွားချိန်မမှီတာကြောင့် သမီးကလေးမွေးလာတာကို ဖုန်းထဲကနေသာ ကြည့်ရှုခဲ့ရတဲ့အမျိုးသား

 

 

View this post on Instagram

 

Good morning… #KAWS #Waiting #bronze #2017

A post shared by @ kaws on

KAWS ရဲ့ လူမှုကွန်ယက်ထဲကဘဝ

KAWS ဟာ အပြင်မှာပါ နာမည်ကြီးတဲ့ အနုပညာရှင်တစ်ယောက်မဟုတ်ဘဲ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Instagram မှာလည်း တော်တော်လေး အောင်မြင်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့နာမည် KAWS နဲ့ #kaws ဆိုပြီး တင်ထားတဲ့ post ပေါင်းဟာ ၁ သန်းကျော်လောက်တောင်ရှိနေခဲ့ပါတယ်။ ဒါတောင်တစ်နေ့ထက်တစ်နေ့ တိုးတိုးလာနေခဲ့တာပါ။

ဘယ်ကာတွန်းကိုမှ အလွတ်မပေးတဲ့ KAWS

KAWS ကို လူတွေတင်စားကြတဲ့ စကားတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘယ်ကာတွန်းကိုမှ အလွတ်မပေးတဲ့ KAWS ပါပဲ။ cookie Monster ကစလို့ တခြားသောနာမည်ကြီး Simpsoms တွေအထိပါပဲ။ ကိုယ်ပိုင်ပုံစံမျိုးနဲ့ အရုပ်ဇာတ်ကောင်တွေကို ဖန်တီးသလို အဲဒီလိုနာမည်ကြီးကာတွန်းဇာတ်ကောင်တွေကိုလည်း KAWS ရဲ့ အငွေ့အသက်ပါအောင် ဆွဲယူဖန်တီးတဲ့နေရာမှာလည်း သိပ်ကိုတော်လွန်းပါတယ်။

 

KAWS နဲ့ ပူးပေါင်းဖန်တီးမှုများ

KAWS ဟာ သူ့ရဲ့ကိုယ်ပိုင် clothing line ကို ၂၀၀၀ ခုနှစ်အစောပိုင်းလောက်တုန်းက Original Flake ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ခဲ့ပြီးနောက်မှာတော့ တခြားသော streetwear brand တွေ၊ နာမည်ကြီးတွေ၊ အနုပညာရှင်တွေနဲ့ ဖက်ရှင်ကုမ္ပဏီတော်တော်များများနဲ့ စတင်ပူးပေါင်းဖြစ်ခဲ့ပါတယ်။ Kanye West ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ 808s & Heartbreak ရဲ့ album cover ကို ဖန်တီးရေးဆွဲပေးခဲ့ပါသေးတယ်။ UNIQLO နဲ့ကလည်း လက်တွဲလာခဲ့တာ ၂၀၁၅၊ ၂၀၁၆ ပတ်ဝန်းကျင်လောက်ကတည်းကဖြစ်ခဲ့ပြီး Campana brothers ဆိုတဲ့ ကုမ္ပဏီနဲ့ပူးပေါင်းကာ အမွှေးပွအရုပ်လေးတွေလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒီအပြင် ၂၀၁၉ ခုနျစ်တုန်းကလည်း Dior ရဲ့ ဒီဇိုင်နာ Kim Jones နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။

READ
ဇိမ်ခံကားဝယ်နိုင်တဲ့ အထိအောင်မြင်နေတဲ့ (၁၂)နှစ်အရွယ် Makeup Artist လေး

 

ဖန်တီးမှုများကိုရောင်းချခဲ့တဲ့ တန်ဖိုးများ

ပျမ်းမျှအရဆိုရင်တော့ KAWS ရဲ့ ဖန်တီးမှုတွေဟာ ၁၅ ဒေါ်လာကနေ ၂.၄ မီလီယံဒေါ်လာအထိ ရှိနေပြီး အမြင့်ဆုံးရောင်းချဖူးခဲ့တဲ့ တန်ကြေးကတော့ ၂၀၁၂ ခုနှစ်တုန်းက ဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ် CHUM (KCB7) ဖြစ်ပြီး ၂,၄၁၂,၅၀၀ မီလီယံဒေါ်လာပါတဲ့။

 

Penny

SHARE