မြောက်ကိုရီးယားခေါင်းဆောင် Kim ရဲ့ ညီမ Kim Yo Jong ရဲ့ အကြောင်း

Image:twitter/@raventhewise

Kim Yo Jong ကိုတော့ သိတဲ့ လူတွေ လည်းရှိသလို မသိတဲ့ သူတွေ လည်း ရှိ ကောင်းရှိမှာပါ။ သူမ ကတော့ မြော က်ကိုရီးယား နိုင်ငံရဲ့ အာဏာ အရှိဆုံး အမျိုးသမီး တွေ ထဲက တစ်ယောက် ပါ။သူမရဲ့ အစ်ကို တော့  မြောက်ကို ရီး ယား ခေါင်းဆောင် Kim Jong-un ဖြစ်ပြီး Kim Jong-il ရဲ့ အငယ်ဆုံး သမီးပါ။မြောက်ကိုရီးယား လို နိုင်ငံ မျိုး မှာ ရဲရဲ တောက် ရပ်တည် နေတဲ့ အမျိုးသမီး Kim Yo Jong  ရဲ့ အကြောင်းကို Shwemom စာဖတ်သူတွေ အတွ က် ဖော်ပြ ပေးချင်ပါတယ်။

Image:twitter/@rushiupadhyay4

Kim Yo-jong   ကတော့ နိုင်ငံရေးဗျူရိုရဲ့ အလှည့်ကျ အဖွဲ့ ၀င် တစ်ယေ က် ဖြစ်သလို မြောက် ကိုရီးယား အလုပ် သမား ပါတီ(WPK) ရဲ့ ၀ါဒဖြန့်ဝေမှု နဲ့ လှုံ့ ဆော်မှု ဆိုင်ရာ ဌာန ရဲ့ ဒုတိယ ဒါ ရိုက်တာ တစ်ယောက်ပါ။သူမဟာ ခေါင်းေ ဆာင် Kim Jong-un ရဲ့ နေရာကို ဆက်ခံ မယ့် လူ ဆိုပြီး တော့လည်း ပြော နေကြတာ တွေရှိပါ တယ်။ေ သချာ တာ ကတော့ ခေါင်းဆောင် ကင်သာ တစ်ခုခု ဖြစ်ခဲ့ရင် သူမက ဒီ နေရာကို ဆက်ခံ နိုင်ချေ ရှိပါတယ်။

Kim Yo Jong ရဲ့ ငယ်ဘဝ

Image:twitter/@qlaudyo77

Kim Yo-jong  ကတော့  Kim Jong-il နဲ့ ဇနီးဖြစ်သူ  Ko Yong-hui  တို့က (၁၉၈၇)ခုနှစ် နိုဝင်ဘာ (၂၆)မှာ မွေးဖွားခဲ့တာပါ။သူမ နဲ့ သူမရဲ့ အစ်ကို ဖြစ်သူ Kim Jong-un တို့ ကတော့  ဆွစ်ဇလန်မှာ အတူတူ နေပြီး ပညာ သင်ခဲ့ ကြတာမို့ မောင်နှမ နှစ်ယောက်က တော်တော် လေး ခင်ခင် မင်မင်ရှိကြပါတယ်။(၁၉၉၆-၂၀၀၀) အထိ လေးနှ စ်တာ ဆွစ်ဇလန်မှာ နေခဲ့ တာပါ။Kim Yo-jong   ကတော့ ပြည်ပ က ပြန်လာပြီးနောက် မှာ Kim Il-sung ရဲ့ စစ်တက္ကသိုလ် မှာ ပညာ သင်ယူခဲ့ပုံရပါတယ်။ အဲ့ဒီမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဂျပန်လူမျိုး Megumi Yokota ရဲ့ သမီး  Kim Eun-gyong နဲ့ အတူ ကွန်ပျူတာ သိပ္ပံပညာကို သင်ယူခဲ့ပုံရပါတယ်။

လူထုရှေ့ကို ပထမဆုံး ထွက်ပေါ်ခဲ့တာက..

Kim တစ်ယောက် ပထ မဆုံး အကြိမ် ရုပ်လုံး ထွက်ပြတဲ့ ပွဲ ကတော့ အလုပ်သမားပါတီ (WPK) ရဲ့ တတိယအကြိမ် ကျင်းပတဲ့ ညီလာခံ ပွဲ မှာ ပါ။ဓါတ်ပုံ စုပြီး ရိုက်တဲ့ အချိန်မှာ ပေါ် လာခဲ့တာပါ။ အဲ့ဒီ တုန်းက သူမ အ ဖေရဲ့ အတွင်းရေးမှူး ဖြစ်သလို မယားငယ်လို့ လည်း သတင်း ထွက် နေတဲ့ Kim Ok ရဲ့ ဘေးမှာ ရပ်ပြီး ဓါတ်ပုံရိုက်ခံခဲ့တာပါ။Kim Jong Il  က သူ့ရဲ့ သမီး အငယ်ဆုံး ကို ငယ်ငယ်တည်းက နိုင်ငံ ရေး လောကထဲ ကို ဆွဲ သွင်းခဲ့တာပါ။သမီးဖြစ်သူ ကိုယ်တိုင် ကလည်း နိုင်ငံ ရေးကို စိတ်ပါဝင်စားပုံ ရပါတယ်။

READ
နှစ်ပေါင်း(၄,၅၀၀) သက်တမ်းရှိတဲ့ ဂူသင်္ချိုင်းထဲမှာ တွေ့ရတဲ့ ကြောင်မံမီများ

(၇)နှစ် လောက် ပျောက်ချက်သား ကောင်းနေခဲ့

Image:twitter/@WoA84017718

(၂၀၀၀-၂၀၀၇) ခုနှစ် အတွင်းမှာ တော့ ဘယ်ကိုေ ရာက်မှန်းမသိပဲ ပျောက်ချက်သားေ ကာင်း နေ ခဲ့ပါတယ်။မြောက်ကိုရီးယား ကလည်း တံခါးပိတ် နိုင်ငံ ဖြစ်တာ ကြောင့် သူ့နိုင်ငံ ထဲမှာ ဖြစ်တဲ့ ကိစ္စ  တွေ ကို အပြင်လူတွေ သိဖို့ ဆိုတာ ကလည်း အရမ်းခက်တာမို့ ဘယ် ပျောက် နေခဲ့ လဲ တော့ သေချာ မသိရပါဘူး။

ဈာပန ပွဲမှာ ပိုပြီး လူသိများခဲ့

(၂၀၁၁) ဒီဇင်ဘာ တုန်းက Kim Jong-il ရဲ့ ဈာပန ပွဲ ကျင်းပခဲ့ချိန်မှာတော့ သူမရဲ့ ပုံတွေ အများကြီး ထွက်ပေါ် လာခဲ့ပါတယ်။သူမကို လူပိုပြီး သတိထားမိခဲ့တာပါ။အစ်ကို ဖြစ်သူ နဲ့ အတူ တွဲပြီး ဈာပန ပွဲကို ဦးဆောင် ကျင်းပခဲ့တာပါ။သူမက ဈာပနပွဲကျင်းပရေး ကော်မတီ မှာ အမည် ထည့်သွင်း ဖော်ပြခြင်း မခံ ရ ပေမယ့်လည်း ဒီပွဲအတွက်  အရေးပါတဲ့ အခန်း ကဏ္ဍ က နေ ပါဝင် ပေးခဲ့ပါတယ်။

(၂၀၁၇)မှာ တော့ ထိပ်တန်းရာထူးရခဲ့

Image:twitter/@raventhewise

Kim Yo Jong  ကတော့  2017  မှာ ထိပ် တန်းရာထူးရခဲ့ပြီး သတင်းတွေရဲ့ ခေါင်းကြီး ပိုင်းမှာ သူမ နာမည်ကို ဖော်ပြ ခြင်းခံခဲ့ရပါတယ်။အစ်ကို ဖြစ်သူက သူမကို မြောက် ကိုရီးယား အလုပ်သ မား ပါတီ(WPK) ရဲ့ ၀ါဒဖြန့်ဝေမှု နဲ့ လှုံ့ ဆော်မှု ဆိုင်ရာ ဌာန ရဲ့ ထိပ်တန်းရာထူး ပေးခဲ့တာ ကြောင့် သူမရဲ့ နာမည် ဂုဏ်သတင်း ကျော်ကြားခဲ့ပါတယ်။မြောက်ကိုရီးယား ခေါင်းဆောင် အစ်ကို ဖြစ်သူ Kim ရဲ့ Image ကို ကောင်းအောင် တာဝန် ယူ ပေးရတဲ့ တာဝန်ကိုလည်း ထမ်း ဆောင် နေရသူပါ။

တောင်ကိုရီးယားကို အလည် ရောက်ဖူး

Image:twitter/@raventhewise

(၂၀၁၈) ဖေဖော်ဝါရီ မှာတော့ ကမ္ဘာ့ အလယ်ကို လူလုံးထုတ်ပြခဲ့ပါတယ်။Kim Yo Jong ကတော့ Pyeongchang မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ် ပွဲ အတွက် တောင်ကိုရီးယားကို အလည် သွားခဲ့ပါတယ်။တောင်-မြောက်သံတမံ ရေးရာ ပွဲမှာ ရှားရှားပါးပါး သူမကို တွေ့ ခဲ့ရတာပါ။အား က စား ပွဲကို စတင် ခဲ့ ချိန်မှာ Kim Yo Jong လည်း ရှိ နေခဲ့ပါတယ်။တောင်ကိုရီး ယား သမ္မတ Moon Jae In နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

တောင်-မြောက် ငြိမ်းချမ်းရေးေ ဆွးနွေးပွဲမှာလည်း အရေးပါတဲ့ ကဏ္ဍ က ပါဝင်

(၂၀၁၈)ဧပြီ မှာတော့ သူမဟာ တောင်- မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အရေးပါတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင် ပေးခဲ့ပါတယ်။နှစ်နိုင်ငံ ခေါင်းဆောင် တွေ စစ်မဲ့ ဇုန် မှာ တွေ့ ဆုံ  ဆွေးနွေး နေတဲ့ စကားဝိုင်းမှာ Kim Yo Jong က တစ်ဦးတည်း သော အမျိုးသမီး အဖြစ် ပါဝင် ခဲ့သူ့ပါ။သူမဟာ ငြိမ်းချမ်းရေး စကားဝိုင်း အဆင်ပြေ ပြေ ချော ချော မွေ့ မွေ့ ပြီး မြောက် အောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ပါ။

READ
2017 သဘာဝငှက် ရောင်စုံဓာတ်ပုံပြိုင်ပွဲ၊ ကဏ္ဍအသီးသီးမှာ ဆုရရှိခဲ့ကြတဲ့ ဓာတ်ပုံလက်ရာများ

အစ်ကို ဖြစ်သူရဲ့ ညာလက်ရုံး၊တောက်တိုမယ်ရ

 

အစ်ကို ဖြစ်သူနဲ့ အတူတူ အ ရေးပါတဲ့ နိုင်ငံရေး ပွဲတိုင်းလိုလိုမှာ အတူ လိုက်ပါ ခဲ့သူပါ။အ မေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ တဲ့ ပွဲမှာလည်း လိုက်ပါခဲ့ပြီး လက်မှတ် ထိုးတဲ့ ဘောပင်က အစ အ သေးစိတ်ကို သူမ ကိုယ်တိုင်ပဲ ပြင်ဆင်ပေးခဲ့တာပါ။(၂၀၁၉) ဖေဖော်ဝါရီ တုန်းက ဗီယက် နမ် ခရီးစဉ်မှာဆိုရင် အစ်ကို ဖြစ်သူက ဆေးလိပ် သောက် နေပြီး သူမက ဆေးလိပ်ပြာ ခွက်ကို ကိုင်ပြီး လိုက်ပါ ပေးခဲ့ရတဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ် ခဲ့ဖူးပါတယ်။အစ်ကို ဖြစ်သူ မြင်းစီး  တော့လည်း ဘေး မှာ အတူ လိုက်ပါခဲ့သူပါ။

Personal life

wiki မှာ ဖော်ပြထားတဲ့ သူမရဲ့ Personal Life  အကြောင်းပါ။ (၂၀၁၅)ဇန်န၀ါရီ မှာ တော့ အစိုး ရ အရာရှိ Choe Ryong-hae ရဲ့ ဒုတိယ မြောက်သား Choe Song နဲ့ လက်ထပ်ခဲ့ပါတယ်။ (၂၀၁၅)ေ မ မှာတော့ ပထမဆုံး ကလေး ရတယ်လို့ သတင်း ထွက်ခဲ့ပါတယ်။

Ref:Wiki

SHARE