Marian Rivera အကြောင်း သင်မသိသေးတဲ့ အချက် (၉) ချက်

Image:IG/Marian Rivera

Marian Rivera ကတော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့ မလိုတဲ့ ဖိလစ်ပိုင် မော်ဒယ် မင်းသမီးချောပါ။ သူမရဲ့ နာမည်ရင်းကတော့ Marian Rivera Gracia-Dantes  ပါ။ချစ်စရာကောင်းပြီး အမြဲကြည်လင်နေတတ်တဲ့ သူမရဲ့  အလှ ကတော့ အာရှတစ်လွှားမှာ အရမ်းကို နာမည်ကြီးပါတယ်။ဘယ်အချိန်ပဲ ကြည့်ကြည့်အမြဲ Sweet ဖြစ်နေတဲ့ မျက်နှာ ပိုင်ရှင်လေးပါ။သူမရဲ့  အကြောင်းကို Shwemom စာဖတ်သူတွေ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

1.Bio

Image:IG/Marian Rivera

Marian Rivera ကိုတော့ (၁၉၈၄)ခုနှစ် သြဂုတ် (၁၂)ရက်နေ့မှာ မွေးဖားခဲ့တာပါ။သူမကတော့ ဖိလစ်ပိုင်ရဲ့ နာ မည်ကြီး မော်ဒယ်၊မင်းသမီးဖြစ်ပြီး MariMar, Dyesebel, Amaya,  Temptation of Wife ဆိုတဲ့ ဇာတ်ကား တွေ နဲ့ အရမ်းကို နာမည်ကြီးခဲ့တဲ့ သူတစ်ယောက်ပါ။စပိန်နိုင်ငံ Madrid မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမရဲ့ အဖေ ကတော့ စပိန်၊အမေကတော့ ဖိလစ်ပိုင်လူမျိုးပါ။သူမအသက် (၂)နှစ်မှာတော့ မိဘနှစ်ပါး က လမ်းခွဲ ခဲ့ပါတယ်။ အမေ ဖြစ်သူက သူမကို ခေါ်သွားခဲ့ပြီး ဖိလစ်ပိုင်မှာ ကြီးပြင်းလာခဲ့တာပါ။သူမရဲ့ အရပ်ကတော့ (၅)ပေ (၂) ပါ။

2.အနုပညာလောကထဲ ၀င်ရောက်လာပုံ

Image:IG/Marian Rivera

Marian Rivera ကတော့ မော်ဒယ်ဘ၀နဲ့ အနုပညာလောကထဲကို ရောက်လာခဲ့သူပါ။မူလတန်း ကျောင်းသူ ဘ၀ တည်းက မော်ဒယ်အလုပ်လုပ်ခဲ့တာပါ။နောက်ပိုင်းကျမှ ကြော်ငြာ်မော်ဒယ် ဖြစ်လာခဲ့တာပါ။(၂၀၀၅) မှာတော့ Enteng Kabisote 2: Okay Ka Fairy Ko… The Legend Continues! ဆိုတဲ့ ဇာတ်ကားမှာ ဇာတ်ပို့ နေရာကနေ ပထမဆုံး သရုပ်ဆောင်ခွင့်ရခဲ့ ပါတယ်။(၂၀၀၆)မှာတော့ Regal Entertainment  နဲ့ စာချုပ် ချုပ် ဆိုခဲ့ပါတယ်။ Pamahiin ဆိုတဲ့ ဇာတ်ကား မှာ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

READ
ဝတ်စားမှုပုံစံနဲ့ပတ်သက်ပြီး ပြောဆိုနေကြတဲ့ ဝေဖန်မှုတွေကို ပြန်ဖြေရှင်းလိုက်တဲ့ အိချောပို

3.သူမလေးစားအားကျရတဲ့ သူတွေ….

Image:IG/Marian Rivera

Dawn Zulueta, Vilma Santos,  Aga Muhlach တို့ကတော့ သူမ လေးစားအားကျရတဲ့ အနုပညာ ရှင်တွေ ပါ။Dawn ကတော့ အရမ်းကို လှပြီး သူမရဲ့ ကိုယ်ရည်ကိုယ်သွေးကို သဘောကျလို့ ကြိုက်တယ်လို့ ဆိုပါတယ်။ Vilma ကတော့ သူမလေးစားအားကျရပြီး Vilma လို ဖြစ်ချင်တယ်လို့ ပြောပါတယ်။Aga ကတော့ သူမ လက်တွဲ အလုပ်လုပ်ချင်တဲ့ သရုပ်ဆောင် လို့ ဆိုပါတယ်။လူကောင်းတစ်ယောက်မို့ သဘောကျတယ်လို့ ပြောခဲ့ပါတယ်။

4.ကမ္ဘာပေါ်မှာ သူမအကြိုက်ဆုံး နေရာငါးခု

Image:IG/Marian Rivera

နံပါတ်တစ်က စပိန်နိုင်ငံ Madrid ပါ။ သူမ မွေးခဲ့တဲ့ နေရာလည်း ဖြစ်သလို ဖခင်ဖြစ်သူနဲ့ သူမရဲ့ မွေးချင်းတွေ ရှိတဲ့ နေရာမို့ သူမအကြိုက်ဆုံးလို့ ဆိုပါတယ်။တခြားနေရာ လေးခု ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊နယူးယော့ခ် ၊တိုကျို နဲ့ ဖိလစ်ပိုင်က Amanpulo ပါ။

5.ဖိလစ်ပိုင်ရဲ့ ညှို့အားပြင်းမိန်းမလှလေး အဖြစ် ခဏခဏ သတ်မှတ်ခံခဲ့ရဖူး

Image:IG/Marian Rivera

ဖိလစ်ပိုင်ရဲ့ Sexy အကျဆုံး မင်းသမီးချော အဖြစ်သုံးကြိမ် သတ်မှတ်ဖော်ပြခံခဲ့ရဖူးပါတယ်။FHM Magazine’ ရဲ့ Sexiest Woman အဖြစ်  2008, 2013,2014 တို့မှာ ဖော်ပြခံခဲ့ရတာပါ။ဒီလို ဖော်ပြ ခံရတာ ကေ တာ့ သူမရဲ့ အလှတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။အမြဲတမ်းကိုယ့်ကိုယ့်ကို ယုံကြည်မှု အပြည့်ရှိနေတဲ့ သူမရဲ့ စိတ်ေ ကြာင့်လည်း ပါပါတယ်။(၂၀၁၂) တုန်းက ဆိုရင် TopTenz ရဲ့ “Top 10 International Beauties of 2012” စာရင်းရဲ့ နံပါတ် (၉) နေရာကို ရခဲ့ဖူးပါတယ်။

READ
ဂျပန်နိုင်ငံရဲ့ ဆက်စီအကျဆုံး၊အလန်းဆုံး အမျိုးသမီး ဆယ်လီ(၅)ဦး

6.လူတင်မဟုတ် စိတ်ပါလှသူ

Image:IG/Marian Rivera

သူမဟာ လူတင်လှတာမဟုတ်ပါဘူး။စိတ်ထားလေးကပါ လှတာပါ။မိသားစုကို အရမ်းတန်ဖိုးထားတတ်သူပါ။ဒါ့အ ပြင် သူမဟာ အလှူအတန်းလုပ်ရတာကို လည်းကြိုက်သလို ဘာသာရေးကိုလည်း အရမ်းလိုက်စား သူတစ်ယောက်ပါ။

7.အယ်ဘမ်နှစ်ခု ထွက်ခဲ့ဖူး

Image:IG/Marian Rivera

သူမဟာ အယ်ဘမ်နှစ်ခု ထွက်ခဲ့ဖူးပါတယ်။စတူဒီယို အယ်ဘမ်တွေ ဖြစ်တဲ့  Marian Rivera Dance Hits  နဲ့ Retro Crazy ဆိုတဲ့ အယ်ဘမ်တွေ ထွက်ခဲ့ဖူးတာပါ။

8.မသန်စွမ်း အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ Ambassador

Image:IG/Marian Rivera

Marian ကတော့ အမျိုးသမီးအခွင့်အရေးကို လေးစားသူတစ်ယောက်ပါ။ဒါ့အပြင် သူမဟာ LGBT ကိုလည်း ထောက်ခံ အားပေးသူတစ်ယောက်ပါ။သူမဟာ မသန်စွမ်း အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်း ရဲ့ Ambassador တစ်ယောက် အဖြစ် လည်း ဆောင်ရွက်ပေးနေသူပါ။

9.သူမရဲ့ မိသားစု အကြောင်း

Image:IG/Marian Rivera

အိမ်ထောင်ရေး ကံကောင်းသူလေးပါ။(၂၀၁၄) သြဂုတ်လမှာ Rivera ရဲ့ အက ပရိုဂရမ် ကို Live လွှင့် နေတုန်းမှာ သူမရဲ့ ချစ်သူ Dantes က ဒီ Show မှာ အထူးဧည့်သည် အဖြစ် နဲ့ ရောက်လာခဲ့ပါတယ်။

Image:IG/Marian Rivera

Live လွှင့်နေတုန်းမှာပဲ သူမကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Image:IG/Marian Rivera

(၂၀၁၄) ဒီဇင်ဘာ (၃၀)မှာတော့ သူတို့ နှစ်ယောက် လက် ထပ် ခဲ့ကြပါတယ်။မင်္ဂလာပွဲကိုတော့ ဖိလစ်ပိုင် Quezon ပြည်နယ်က Cubao ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့ပါတယ်။

Image:IG/Marian Rivera

သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ရင်သွေးလေးကိုတော့ Maria Letizia ကိုတော့ (၂၀၁၅) နိုဝင်ဘာ (၂၂)မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယရင်ေ သွးလေးကိုတော့ (၂၀၁၉) ဧပြီ (၁၆)မှာ မွေးခဲ့ပါတယ်။

Image:IG/Marian Rivera
Image:IG/Marian Rivera

Ref;wikipedia

SHARE