အမျိုးသမီးတွေရဲ့ ရင်သားနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက် (၈)ချက်

Image:shutterstock /By aslysun

ရင်သားက တော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အရေးကြီးတဲ့ အစိတ် အပိုင်း တစ်ခု လို့ ပြော လို့ ရပါတယ်။အမျိုးသမီးတော် တော်များများတောင် မှ သူတို့ ကိုယ်တိုင် မသိကြတဲ့ ရင်သားနဲ့ ပတ်သက်တဲ့ သိ ထားသင့်တဲ့ အချက် လေးတွေ ကို ပြန်လည် ဝေမျှ ပေးချင်ပါတယ်။

ရင်သားအရွယ်အစားအမျိုးမျိုးရှိ..

Image : unsplash/Dainis Graveris

ရင်သားဆိုတာ အရွယ်အစား ပုံစံ တစ်မျိုးတည်း လာတဲ့ အရာ မဟုတ်ပါဘူး။ပုံစံ အမျိုးမျိုး အရွယ် အစား အမျိုး မျိုး အများကြီး  ရှိပါတယ်။အရွယ်အစားနဲ့ ပုံစံကို လိုက်ပြီး ရင်သားက တွဲ နေတာ မျိုးတွေ ရှိတတ် ပါတယ်။အမျိုး သား အများစု က ဒီအချက် ကို မသိကြပဲ ရင်သား တွဲ နေရင် အပျို မစစ်လို့ ဆိုပြီး ကဲ့ရဲ့ရှုတ် ချ တာ မျိုး တွေ ရှိ တတ် ကြပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် အရွယ်အစား မတူ

ပုံစံ အမျိုးမျိုး အရွယ် အစားအမျိုးမျိုး ရှိ ရုံတင်မ ကပါဘူး။တစ်ဖက်နဲ့ တစ်ဖက် အရွယ် အစား မတူ ကြ ပါဘူး။ ဘယ်ဖက် က ညာဖက် ထက် ပိုကြီးတာ မျိုး၊ ပို သေးတာမျိုးတွေ ရှိပါတယ်။တစ်ဖက်နဲ့ တစ်ဖက် အရွယ် အစား တူ တဲ့ အမျိုးသမီး ဆိုတာ ရှားပါတယ်။(ဆီလီကွန် ထည့်ထားသူတွေ က လွဲ လို့)

အလေးချိန်

 ရင်သားတွေရဲ့ အလေးချိန်ကတော့ အ ရွယ်အစား ပေါ်မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ပေါင် က နေ နှစ် ပေါင် လောက် အထိ ရှိတတ်ပါတယ်။

အဆီတစ်ခုတည်း နဲ့ပဲ ဖြစ်တည် နေတဲ့ အရာ မဟုတ်

Image:shutterstock /By staras

လူတော်တော် များများက ရင်သားဆိုတာ အဆီဖု သက်သက်၊အဆီ ကြောင့် ဖြစ်တည် နေတဲ့ အရာ ကြီးလို့ ထင် နေ ကြပါတယ်။ဒါက လည်း လုံးဝ ကို မှား ပါတယ်။အဆီ တစ်ခုတည်း လုပ်ထားတာ မဟုတ် ပါဘူး။သူ့မှာဆိုရင် တော့ glands  တွေ၊Duct(အရည်သယ်ပို့တဲ့ ပြွန်) စနစ်တွေ လည်း ပါ ပါတယ်။အောက်ဘက် ပိုင်းမှာ ကြွက်သား တွေ လည်း ရှိပါတယ်။အမျှင်နဲ့ လုပ်ထားတဲ့ တစ်ရှူး တွေ လည်း ရှိပါတယ်။ဒါ ပေမယ့် အသက်ကြီးလာရင် တော့ ကြွက်သား၊တစ်ရှူး တွေ က နေ အများစုဟာ အဆီ တွေ အဖြစ် ပြောင်းလဲ သွားတတ်ပါတယ်။

READ
အမျိုးသမီးအသုံးအဆောင်အထဲကနေပြန်ထုတ်မရလို့ ဆေးရုံပြေးခဲ့ရတဲ့ကောင်မလေး

လေ့ကျင့်ခန်း လုပ်ချိန် ၀ိုင်းကြီး ပတ် လည် ဖြစ်နိုင်

ဒါ ကြောင့် လေ့ကျင့်ခန်း လုပ်ရင်သာမန် ဘရာ မဟုတ်ပဲ Sport Bra ကို ၀တ်  ခိုင်းတာပါ။မ၀တ် ရင် ဘာ ဖြစ် မလဲ..?  တွဲကျ ပြီး ပုံပျက် ပန်း ပျက် ဖြစ်သွားနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်ချိန်. ပြေး နေချိန် တွေမှာ ရင်သားက အ ပေါ် အောက် ၊ဘေး ပတ် လည်ကို ၀ိုင်းကြီး ပတ်လည် ဖြစ် ပါတယ်။(၈)လက်မ လောက် ချာချာ လည် လှုပ်ရမ်း နိုင် တာ ကြောင့် Sport Bra ကို တော့ လေ့ကျင့်ခန်း လုပ်ရင် မဖြစ် မ နေ ကို ၀တ်သင့်ပါတယ်။

ဖောင်းလိုက် ပိန် လိုက် ဖြစ်တတ်

Image : unsplash/Dainis Graveris

ဝလာရင် ရင်သား ပိုကြီးလာ တာတွေ ရှိပါတယ်။ဝိတ်ကျ သွားရင် လည်း ရင်သားပါ ကျ သွားတတ်ပါတယ်။ဝိတ် ပေါ် မှာ မူတည်ပြီး ဖောင်းလိုက် ပိန် လိုက် ဖြစ်တတ် ပါတယ်။ဒါကို အမျိုးသား တော်တော် များများက မသိပဲ တခြား အ  ကြောင်း ကြောင့် ဆိုပြီး မှားယွင်း အထင်မှားတတ်ကြပါတယ်။ရင်သားတွေ ပိုကြီးလာ စေတဲ့  တခြား အ ကြောင်းအ ရင်း တွေ လည်း ရှိပါတယ်။ကိုယ်ဝန် ဆောင်တဲ့အခါ၊နို့ တိုက်တဲ့ အခါ၊သွေးဆုံးရင်၊တားဆေး သောက်၊ထိုး တဲ့ အခါ၊ နောက် ဆုံး sex ကိစ္စ ကြောင့် လည်း ရင်သားတွေ ပိုကြီးလာတာ မျိုး ရှိတတ်ပါတယ်။ရာသီလာခါ နီးရင် အနည်းငယ် ပိုကြီး လာတတ်ပြီး ရာသီလာပြီး ခါ စ ဆိုရင် ဟော်မုန်း Level ကျ သွားလို့  သေး သွား တာ မျိုး လည်းရှိပါတယ်။ေ ဟ်ာမုန်း Level အလိုက် ကြီးတာ သေးတာ မျိုးတွေရှိပါတယ်။Size က ဟော်မုန်း ပမာဏ အလိုက် သေး လိုက် ကြီး လိုက် ဖြစ်နိုင်ပါတယ်။

Nipple ပုံစံ မျိုးစုံ၊ အ ရောင် မျိုးစုံရှိ

Image : unsplash/Charles Deluvio

ဒါကို လည်း တစ်ပုံစံတည်း လို့ မထင် ပါနဲ့။ပုံစံ အမျိုးအစား က (၄) မျိုးက နေ (၈) မျိုး အထိ ရှိပါတယ်။အဲ့ဒီ အထဲမှာ  တော့ တစ်ချို့ဆိုရင် ခေါင်းဝင် နေတာ အရပ် အ ခေါ် ဆိုရင် နို့ ပါးစပ် ဖြစ် နေတာ  မျိုး တွေ လည်း ရှိ တတ် ပါတယ်။ ဒီလို ပုံစံ မျိုး စုံ ရှိတဲ့ ကိစ္စက ပုံမှန် ကိစ္စ ပါ။ဒါကို အမျိုးသား တော် တော်များက မသိ ကြပဲ တစ်ပုံစံတည်း လာ နေ တယ် လို့ အထင်မှား တတ်ကြပါတယ်။မိန်းမ တိုင်း ပန်းရောင်လေး ဖြစ် နေမယ်လို့ ထင် ရလည်း လုံးဝ ကို မှား ပါတယ်။ အညို တွေ၊ အမည်းတွေ..ကာလာ မျိုးစုံ လာပါတယ်။ပန်းရောင် တစ်မျိုးပဲ ရှိတာ မဟုတ်ပါဘူး။

READ
ဆေးပညာအမြင်အရ အိမ်ထောင်သည်အမျိုးသမီးအချို့ လိင်စိတ်ကုန်ခမ်းခြင်း

အပိုပါတာ၊ လုံးဝ မပါတာ မျိုးတွေလည်း ရှိ

Image:shutterstock /By aslysun

Nipplke အပို ပါတာ မျိုးတွေ လည်း ရှိတတ်ပါတယ်။ဒါမျိုး ကို တော့ Third nipple ၊supernumerary nipples ဆို ပြီး ခေါ်ပါတယ်။အမျိုးသမီး ငါးဆယ်မှာ တစ်ယောက်၊တစ်ရာမှာ တစ်ယောက် လောက် ခုလို မျိုး အပို ပါတတ်ပါ တယ်။ တစ်ချို့ရင် ဂျိုင်း တစ်ဖက် ဆီ မှာ တစ်လုံးစီ  အပို ပါ တာမျိုးတွေ တောင် မှ ရှိတတ်ပါတယ်။ဒါ ကြောင့် အပို ပါ တာ မျိုး တွေ့ရင် အရမ်းတွေ လန့် မသွားပါနဲ့။(၅၀)မှာ တစ်ယောက်၊တစ်ရာမှာ တစ်ယောက် လောက် အပို ပါတာ ပုံမှန်  ပါပဲ။အ၀ိုင်းပေါ်မှာ ပဲ နှစ်လုံး ပါနေတာ မျိုး လည်းရှိပါတယ်။လုံးဝ မပါတာ မျိုးတွေ လည်းရှိတတ်ပါတယ်။ဒါပေ မယ့် ဒါမျိုးက တော့ ရှားပါတယ်။အင်္ဂလိပ် လို ဆိုရင် တော့ Athelia လို့ ခေါ် ပါတယ်။တစ်လုံး ဒါမှမဟုတ် နှစ် လုံး လုံးမှာ နို့ သီး ခေါင်း မွေးရာပါ မ ပါတာ မျိုး တွေ လည်း ရှိတတ်ပါတယ်။Nipple မှာ အ မွှေး ပါတာမျိုး လည်းရှိတတ်ပါ တယ်။

#SHWEMOM(ref;wiki/healthline/goodhousekeeping)

SHARE