ကမ္ဘောဒီးယားကိုမသွားခင် သိထားသင့်သည့်အရာများ

 

တကယ်လို့ အခြေအနေ၊ အကြောင်းပြချက်တစ်ခုခုအရ Shwemom ရဲ့ ပရိသက်တွေထဲကများ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားကို သွားဖြစ်တယ်ဆိုရင် အောက်ပါအချက်ကလေးတွေကို သိထားသင့်ပါတယ်။

(၁) ရည်ညွှန်းစာတွေကို ဖတ်ပါ

ကမ္ဘောဒီးယားမှာ ရည်ညွှန်းစာတွေကို များသောအားဖြင့် အင်္ဂလိပ်-ဒေသသုံးဘာသာစကားတွေနဲ့ ရေးသားထားလေ့ရှိပါ
တယ်။ တားမြစ်ချက်တွေ၊ သတိပေးချက်တွေ၊ အမိန့်တွေ၊ ကြော်ငြာစာတွေပေါ့။ ဒါတွေကိုကို နားလည်အောင် ဖတ်ထားဖို့
လိုပါတယ်။ များသောအားဖြင့်တော့ ဘာသာရေးအဆောက်ဦတွေမှာ ဖိနပ်မစီးရ-ဆိုပြီး ရေထားပါတယ်။ ဒါကို သင်က ဖိ
နပ်စီးရင် ပြဿနာရှင်းရနိုင်ပါတယ်။ အခန့်မသင့်ရင် ဘာသာရေးအဖွဲ့ရဲ့ တရားစွဲမှုကို ခံရနိုင်ပါတယ်။ ဒီတော့ ရည်ညွှန်းစာ
တွေကို နားလည်အောင် ဖတ်ပါ။

(၂) အစားအစာစားတဲ့အခါ ဘက်ဘက်လက်ကို ဖယ်ထားပါ

ကမ္ဘောဒီယားတို့ရဲ့ အယူအဆရ ဘယ်ဘက်လက်ဟာ အညစ်အကြေးတွေ ကိုင်တွယ်ရာဖြစ်လို့ ယုတ်ညံ့တယ်လို့ ယူဆ
ကြပါတယ်။ ညာဘက်လက်ကိုသာ အသုံးပြုပြီး စားပါ။ ဘယ်ဘက်လက်ကို စားပွဲပေါ်တင်ခြင်း၊ အစာအစာနဲ့ နီးကပ်စွာ
ထားခြင်းကို ရှောင်ကြဉ်ပါ။ ဘယ်သန်ဆိုရင်တော့ ချွင်းချက်ပေါ့။

READ
ဆန်ဖရန်စစ္စကိုရောက်ရင် သွားသင့်တဲ့နေရာလေးတွေ

(၃) လက်ချောင်းများဖြင့် ညွှန်ပြခြင်းမပြုရ

မိမိသွားလိုသည်၊ ညွှန်ပြလိုသည့်အရာများကို လက်ချောင်းတစ်ခုချင်းဆီ သုံးပြီး ညွှန်ပြတာဟာ သူတို့ရဲ့ ဓလေ့ထုံးတမ်းအ
ရ ရိုင်းပါတယ်။ ဒါ့အပြင် ယုတ်ညံ့တဲ့ ဘယ်ဘက်လက်နဲ့ ညွှန်ပြတာမျိုးလည်း မလုပ်ရပါဘူး။ ညွှန်ပြလိုတဲ့အခါ လက်ဝါး
ဘယ်ဘက်လက်ဝါးတစ်ခုလုံးကို ဖြန့်ပြီး ညွှန်ပြရပါတယ်။ ဒါပေမယ့် အချို့ဒေသတွေမှာတော့ ညာဘက်လက်ညှိုးကို သုံး
ပြီး ညွှန်ပြတာမျိုးလည်း ရှိပါတယ်။

(၄) ဦးခေါင်းကို အလေးထားပါ

ဦးခေါင်းကို ထိခြင်း၊ တို့ခြင်း၊ ကိုင်တွယ်ခြင်း၊ ပုတ်ခြင်း မလုပ်ရပါဘူး။ မတော်တဆ ဒေသခံတစ်ယောက်ရဲ့ ဦးခေါင်းကို ထိ
မိရင်လည်း ချက်ချင်းတောင်းပန်မှ ကျေနပ်ကြပါတယ်။ များသောအားဖြင့်တော့ နိုင်ငံခြားသားတွေဆိုရင် ကိစ္စမရှိပါဘူး-လို့
အကြောင်းပြန်လေ့ရှိပါတယ်။

(၅) ဖိနပ်ချွတ်ပါ

ဘာသာရေးအဆောက်ဦ တော်တော်များများမှာ ဖိနပ်စီးခွင့်မရှိပါဘူး။ ယခင်က အ၀တ်အစား အတိုအပြတ်ဆို လုံးဝ ၀င်
ခွင့် တက်ခွင့်မပေးတာမျိုးတောင် ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အပူပိုင်းနိုင်ငံမို့ အနယ်နယ်အရပ်ရပ်က
လာတဲ့ ခရီးသွားတွေကို သက်ညှာမှုတွေ ပေးနေပါပြီ။ အကောင်းဆုံးကတော့ ဘာသာရေး အဆောက်ဦးတွေဆီကို သွားတဲ့အခါ အတိုအပြတ်ဝတ်ခြင်းကို ရှောင်တာ အကောင်းဆုံးပါဘဲ။

READ
ဆွီဒင်နိုင်ငံရဲ့ လူသိနည်းသေးတဲ့ ထူးထူးခြားခြား အချက် (၆) ချက်

(၆) လက်အုပ်ချီပြီးနှုတ်ဆက်ပါ

ဒေသစကားအရ Som Pas လို့ ပြောပြီး လက်အုပ်ကို အောက်မေးစေ့အထိ တည့်တည့်ချီကာ နှုတ်ဆက်လေ့ရှိပါတယ်။
နှစ်ဦးနှစ်ဘက် နှုတ်ဆက်တဲ့အခါတိုင်း သုံးကြပါတယ်။

(၇) ရဟန်းတော်များကို လေးစားပါ

ကမ္ဘောဒီးယားဟာ မယာယာန/ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်။ သံဃာတော်တွေကို နိုင်ငံဥသျှောင်အဖြစ် မှတ်ယူ
ပြီး တလေးတစား ဆက်ဆံလေ့ရှိပါတယ်။ သံဃာတော်တစ်ပါးပါး ကြွလာတာမြင်ရင် ဘေးတစ်ဘက်တစ်ချက်ကို လက်
အုပ်ချီ ဦးခေါင်းငုံ့ပြီး လမ်းဖယ်ပေးတဲ့ ဓလေ့ရှိပါတယ်။ သင့်ဘာသာသင် ဘာအယူဝါဒပဲ ကိုးကွယ်ကိုးကွယ် ကမ္ဘောဒီးယား
ကိုရောက်ရင် ကမ္ဘောဒီးယားလို ကျင့်ရပါမယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : globalcommute.com

 

SHARE