အွန်လိုင်းပေါ်ကနေ ပစ္စည်းဝယ်တော့မယ်ဆို သတိထားသင့်တာလေးတွေ…

unsplash/freestocks.org

တစ်ကမ္ဘာလုံးမှာ လူဦးရေ (.) ဘီလီယံဟာ အွန်လိုင်းကနေ ပစ္စည်းတွေကို မှာယူလေ့ရှိပါတယ်။ စီးပွားရေးသမားတွေအနေနဲ့ ဖောက်သည်တွေအပေါ်ကို ဘယ်လိုပဲ စေတနာထားပြီး အကောင်းဆုံးပစ္စည်းတွေကို ပေးတယ်ဆိုဦးတော့ သူတို့က သူတို့အတွက် အကျိုးအမြတ်ကိုလည်း မမေ့တတ်ပါဘူး။ တစ်ခါတစ်လေ စီးပွားရေးသမားတွေက နည်းပညာနဲ့ လူ့စိတ်ပညာကို ပူးပေါင်းပြီး အရောင်းအ၀ယ်မဖြစ်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ အောက်မှာတော့ ဈေးဝယ်သူတွေ သတိထားသင့်တဲ့ မားကတ်တင်းလှည့်ကွက်တွေကို brightside ကနေတဆင့် ကိုးကားတင်ပြပေးလိုက်ပါတယ်။

ပစ္စည်းကို စတိုးဆိုင်မှာ ကိုယ်တိုင်သွားယူတာ

အချို့က အွန်လိုင်းကနေ ပစ္စည်းမှာပြီးရင် အိမ်အရောက်လာပို့တဲ့ ၀န်ဆောင်မှူမသုံးပဲ ဆိုင်မှာ ကိုယ်တိုင်သွားယူလေ့ရှိပါတယ်။ လေ့လာသူတွေတော့ ပစ္စည်းကို ကိုယ့်ဘာသာကိုယ် ဆိုင်မှာသွားယူတာက ငွေကုန်ကြေးကျ ပိုများတယ်လို့ ဆိုပါတယ်။ စတိုးဆိုင်ရောက်တော့ ကိုယ့်ပစ္စည်းလာယူရင်း ဆိုင်ထဲမှာ ဟိုပစ္စည်းလေးကြည့်၊ ဒီပစ္စည်းလေးကြည့်ပြီး ၀ယ်ယူမိကြောင်းလည်း သိရပါတယ်။ လက်လီအရောင်းဆိုင်ကြီးတစ်ဆိုင်ကတော့ ဈေးဝယ်သူတွေ ဆိုင်ကိုကိုယ်တိုင် ပစ္စည်းလာယူရင် သူတို့ပိုရောင်းရပြီး အကျိုးအမြတ်ပိုရကြောင်း ပြောပြခဲ့ပါတယ်။

unsplash/Campaign Creators

Review တွေဖတ်ပါ

အွန်လိုင်းရှော့ပင်းဆိုင်တွေက ဥပမာ ပစ္စည်းတစ်ခုဆိုရင် ဒီပစ္စည်းတွေကို ဘယ်နှစ်ယောက်လောက်က ၀ယ်ပြီးသွားပြီ၊ သူတို့စတော့ထဲမှာ ဘယ်နှစ်ခုပဲ ကျန်တော့တယ် စသဖြင့် ဈေးဝယ်သူကို မ၀ယ်ဝယ်ချင်အောင် ဖော်ပြတတ်ပါတယ်။ ဒါမျိုးတွေတွေ့ရင် မယုံလိုက်ပါနဲ့။ ပစ္စည်းတစ်ခု တကယ်ကောင်းမကောင်း၊ ကိုယ်နဲ့အဆင်ပြေ မပြေသိချင်ရင် review တွေသာ အရင်ဖတ်ကြည့်လိုက်ပါ။

အမြန်ဆိုတဲ့ စကားလုံးတွေ့တိုင်း လိုက်မ၀ယ်ပါနဲ့

အွန်လိုင်းရှော့ပင်း အရောင်းသမားအများစုက ဈေးဝယ်သူတွေကို မလိုအပ်တဲ့ ပစ္စည်းတွေဝယ်ခိုင်းဖို့ ဖိအားပေးတတ်ပါတယ်။ အရမ်းကို တန်နေပြီနော်၊ အကန့်အသတ်နဲ့ပါ၊ ဆိုင်ခါနေပြီ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ပါ။ ဈေးဝယ်သူတွေကို ဒီပစ္စည်းတော့ မြန်မြန်ဝယ်မှ ဖြစ်မယ်၊ နို့မို့ဆို ဒစ်စကောင့်ကုန်သွားရင် မရလိုက်ပဲ ကျန်နေဦးမယ်၊ စတော့ထဲ သုံးခုပဲ ကျန်တော့တယ်နော် စတဲ့ ဆိုက်ဒ်ကိုတွေသွင်းပြီး ပစ္စည်းတွေကို အမြန်ဆုံးဝယ်ချင်လာအောင် ဆွဲဆောင်တာ ဖြစ်ပါတယ်။

unsplash/Axel Ahoi

သင်္ဘောစရိတ် အခမဲ့

ဈေးဝယ်သူအများစုက အွန်လိုင်းမှာ ပစ္စည်းတစ်ခုမှာတဲ့အခါ free shipping ဆိုရင် သဘောကျတတ်ပါတယ်။ လေ့လာချက်တွေအရ free shipping ရွေးချယ်ထားတဲ့ ဈေးဝယ်သူတွေရဲ့ စုစုပေါင်းဝယ်ယူထားတဲ့ ကုန်ပစ္စည်းတန်ဖိုးဟာ သင်္ဘောစရိတ်သက်သက် shipping fee ပေးသူတွေ စုစုပေါင်းဝယ်ယူထားတဲ့ ကုန်ပစ္စည်းတန်ဖိုးထက် ပိုများကြောင်း သိရပါတယ်။ အကြောင်းကတော့ ၀ယ်သူတွေဟာ အေးဆေးမှ ပါဆယ်အိမ်ရောက်လည်းဖြစ်တယ်၊ သင်္ဘောခအတွက်လည်း ပိုက်ဆံမကုန်ဘူးလို့ ယူဆတဲ့အတွက် ကျန်တဲ့ပစ္စည်းအမယ်တွေကို ပိုဝယ်ယူကြတာကြောင့် ဖြစ်ပါတယ်။

အချိန်အကန့်အသတ်နဲ့အွန်လိုင်းသုံးပါ

သိပ္ဗံသဘောတရားအရ လူတစ်ယောက်ဟာ အလုပ်တစ်ခုပေါ်မှာ မိနစ်(၂၀) ထက်ပိုပြီး အာရုံမစိုက်နိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် ဈေးဝယ်သူတစ်ယောက်ဟာ အွန်လိုင်းရှော့ပင်းမှာ ပစ္စည်းတွေကို ကြည့်တာများလေလေ၊ ထိုသူ့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းဟာ ကျဆင်းလေလေပါပဲ။ ဒါကို စီးပွားရေးသမားတွေက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ၀ယ်သူကို ရာပေါင်းများစွာသော ၀ယ်စရာပစ္စည်း ရွေးချယ်စရာတွေပြ၊ ၀ယ်သူဟာ နာရီပေါင်းများစွာ အွန်လိုင်းပေါ်မှာအချိန်ဖြုန်းပြီးတဲ့အခါ နောက်ဆုံးစိတ်ရှူပ်လာပြီး ကိုယ်မလိုအပ်တဲ့ အရာတွေကို ၀ယ်မိလျက်သားဖြစ်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေလည်း အွန်လိုင်းမှာ ဈေးဝယ်တော့မယ်ဆိုရင် ၀က်ဆိုက်ဒ်နဲ့ ဆိုရှယ်မီဒီယာပို့စ်တွေမှာ ဖော်ပြထားသမျှကို မျက်စိမှိတ်မယုံကြည်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE