ဟိုတယ်မှာ တည်းတော့မယ်ဆို ဘယ်တော့မှ မပြုမူသင့်တဲ့ အချက် (၇) ချက်

Unsplash/123rf

အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ်၊ အပျော်ခရီးပဲဖြစ်ဖြစ် တစ်နယ်တစ်ကျေးမှာ သွားရတဲ့အခါ ဟိုတယ်တို့၊ တည်းခိုခန်းတို့မှာ မဖြစ်မနေ တည်းခိုလေ့ရှိကြမှာပါ။ ဟိုတယ်တည်းခိုတဲ့ နေရာမှာ ဘယ်အရာတွေကို မလုပ်သင့်ဘူး၊ ရှောင်ရှားသင့်တယ်ဆိုတာကို ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ဝါရင့်ဝန်ထမ်းကြီးက ပြောပြထားပါတယ်။

၁ – မနက်တိုင်း အိပ်ရာခင်းအသစ်လဲခြင်း

မနက်ခင်းတိုင်း ကိုယ်အိပ်ထားတဲ့ အိပ်ရာခင်းကို အသစ်ပြန်လဲပေးဖို့ ဟိုတယ်ကို တောင်းဆိုလေ့ရှိကြပါတယ်။ သီအိုရီအရတော့ ဒီလို မနက်တိုင်း မနက်တိုင်း အိပ်ရာခင်းအသစ်ကို လဲတာ တကယ် ကောင်းတယ်လို့ ထင်မြင်မိကြမှာပါ။ ဒါပေမယ့် အမြဲတမ်းကြီးတော့ မလဲသင့်ပါဘူးတဲ့။ 

ဘာကြောင့်လဲဆိုတော့ ဒီလို အမြဲတမ်းလဲပေးဖို့ တောင်းဆိုတဲ့အခါမှာ ဝန်ထမ်းတွေ အလုပ်ရှုပ်ချိန်နဲ့ တိုက်ဆိုင်သွားတဲ့ အချိန်မျိုးမှာ ဝန်ထမ်းတွေဟာ အိပ်ရာခင်းအသစ်အစား လက်ရှိ ရှိနေတဲ့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးနဲ့ မွေ့ယာကို ကြည့်ကောင်းအောင် ပြန်ပြုပြင်ပြီး ထားထားတတ်လို့ပါတဲ့။ ဝန်ထမ်းတွေအတွက်လည်း နေ့တိုင်းလာလဲပေးနေရလို့ တစ်ခါတစ်လေ ညစ်ပြီး ဒီလို ပြုမူတတ်ပါတယ်ဆိုတဲ့ အကြောင်းကို ဝါရင့်ဟိုတယ်မန်နေဂျာတစ်ယောက်ဖြစ်တဲ့  Flavio Serreti က ပြောဆိုထားပါတယ်။

Shutterstock/Flavio

၂ – Throw pillows တွေက လျှော်ရခက်တဲ့ အရာတွေပါ

ညစ်ပေနေတဲ့  Throw pillows တွေက သန့်ရှင်းရေးအလုပ်သမားတွေအတွက် အိပ်မက်ဆိုးတစ်ခုပါပဲလို့ ကယ်လီဖိုးနီးယားက  Park James Hotel ရဲ့ မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ်ရိုမီယိုက ပြောဆိုခဲ့ပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အဖုံးမဖုံးထားတဲ့ Throw pillows  တွေဟာ အင်မတန်လျှော်ရခက်ပြီး သန့်ရှင်းဖို့ဆိုတာ မဖြစ်နိုင်လောက်ပဲမို့ အရမ်းညစ်ပေနေတဲ့ Throw pillows တွေဆိုရင် မလျှော်ဘဲ လွှင့်ပစ်လိုက်ပါတယ်တဲ့။ ဒါကြောင့် Throw pillows တွေနဲ့ အိပ်စက်မယ်ဆိုရင် သတိထားသင့်ပါတယ်။

၃ –  reception မှာ အသိမပေးဘဲ check out လုပ်ဖို့ နောက်ကျတာကို ရှောင်ရှားပါ

READ
လကုန်ခါနီးလေလေ မပြောသင့်လေလေဖြစ်တဲ့ စကား(၅)ခွန်း

ဟိုတယ်ကနေ ထွက်တော့မယ်ဆိုရင် Check out လုပ်ဖို့ နောက်ကျတာက ဟိုတယ်အတွက်ရော တည်းခိုတဲ့သူအတွက်ရော ကောင်းတဲ့ အရာတစ်ခုတော့ မဟုတ်လှပါဘူး။ check out လုပ်ဖို့ နောက်ကျနေမယ်ဆိုရင် ဟိုတယ်အတွက်က စီစဉ်ထားတဲ့ အရာတွေ၊ schedule လုပ်ထားတဲ့ အရာတွေ နှောင့်နှေးနိုင်သလို၊ သင့်အတွက်လည်း မလိုလားအပ်တဲ့ ငွေကြေးကုန်ကျမှုတွေဖြစ်လေ့ရှိတတ်ပါတယ်။ ဆယ်ငါးမိနစ်လောက် check out လုပ်ဖို့ နောက်ကျသွားတာနဲ့ နောက်တစ်နေ့စာအတွက် တည်းခိုခန်းခ ပေးလိုက်ရတတ်တာမျိုးဖြစ်လေ့ရှိပါတယ်။

၎ – ဟိုတယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာဖတ်ထားသင့်ပါတယ်

ဟိုတယ်တိုင်း ဟိုတယ်တိုင်းမှာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိကြပါတယ်။ တစ်ချို့ဟိုတယ်တွေမှာ breakfast ကို ၁၀ နာရီနောက်ဆုံးထားပြီး ကျွေးလေ့ရှိပါတယ်။ ၁၀နာရီကျော်သွားပြီးမှ  breakfast စားမယ်ဆိုပြီး ဟိုတယ်ကို သွားပြောရင် အဆင်မပြေမှုတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ နောက်တစ်ချက်က ဟိုတယ်အခန်းထဲမှာ ဆေးလိပ်မသောက်ရတို့၊ အိမ်မွေးတိရစ္ဆာန်ခေါ်ဆောင်မလာရဆိုတဲ့ စည်းမျဉ်းတွေလည်း ထားထားတတ်ပါတယ်။ တကယ်လို့ ဟိုတယ်အခန်းထဲမှာ တားမြစ်ထားတဲ့ အရာတွေကို လုပ်မိလို့ ဟိုတယ်က လာပြီး တားမြစ်တဲ့အခါမှာ ဟိုတယ်ရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ များသောအားဖြင့်တော့ ဟိုတယ်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခန်းထဲက မြင်သာတဲ့ နေရာမှာ ထားထားပေးလေ့ရှိပါတယ်။

Shutterstock/Serrati

၅ – အခန်းကို ရှင်းတော့မယ်ဆိုရင် ချက်ချင်းရှင်းပေးလိမ့်မယ်လို့ မျှော်လင့်မထားပါနဲ့

READ
ကန်ထရိုက်အချို့ရဲ့ ပြီးစလွယ် ဆောက်လုပ်ထားကြတဲ့ အဆိုးဝါးဆုံး ဖောင်ဒေးရှင်းများ

“ဧည့်သည်တွေက တစ်ခါတစ်ခါမှာ သူတို့အခန်းကနေ ထွက်သွားပြီး ၁၅ မိနစ်လောက်အွတွင်းမှာပဲ အခန်းကို ရှင်းလင်းပြီးဖြစ်မယ်လို့  မျှော်လင့်တတ်ကြတယ်။ တကယ်တော့ အခန်းပေါင်းများစွာကို ချက်ချင်းရှင်းပေးဖို့ဆိုတာ ဟိုတယ်တစ်ခုအနေနဲ့ မဖြစ်နိုင်ပါဘူး”လို့ ဝါရင့်ဟိုတယ်မန်နေဂျာ Serretiက ပြောဆိုပါတယ်။

အခန်းတစ်ခန်းကို ရှင်းလင်းဖို့ဆိုတာ အချိန်အတော်ယူရတဲ့ ကိစ္စမို့လို့ ချက်ချင်းရှင်းလင်းဖို့ဆိုတာ မဖြစ်နိုင်လို့ နေ့လည်စားပြီး ပြန်တတ်လာချိန်မှာ အခန်းရှင်းထားတာ မြင်ချင်နေကြတဲ့ တည်းခိုသူတွေအတွက်တော့ အဆင်မပြေဖြစ်မယ်လို့ သူက ဆိုပါတယ်။  ဒါကြောင့် မိမိ အခန်းကို ရှင်းလင်းတော့မယ်ဆိုရင် သေသေချာချာအချိန်ယူပြီး ရှင်းလင်းမယ့်အချိန်ကို တွက်ဆပြီးမှသာ ရှင်းလင်းခိုင်းသင့်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၆ – အိမ်မွေးတိရိစ္ဆာန်တွေကို ဟိုတယ်အခန်းထဲ ခိုးသွင်းခြင်းကို ရှောင်ရှားသင့်ပါတယ်

အိမ်မွေးတိရစ္ဆာန်တွေ ယူခွင့်မရှိလို့ တားမြစ်ထားတဲ့ ဟိုတယ်တစ်ခုမှ ကိုယ့်ရဲ့ ခွေးလေး၊ ကြောင်လေးတွေကို ဝှက်ပြီး သယ်လာခဲ့မယ်ဆိုရင် ပြဿနာတက်လာနိုင်ချေရှိပါတယ်တဲ့။ ဟိုတယ်ရဲ့ ပေါ်လစီအရ ဟိုတယ်ကနေ ဒဏ်ကြေးငွေ တောင်းတာတို့၊ နောက်ဆုံးအဆင့် ဟိုတယ်ကနေ ကန်ထုတ်လိုက်တာတို့ေ တာင် ဖြစ်လာနိုင်ချေရှိတဲ့အတွက် သတိထားပြုမူသင့်တဲ့အရာတစ်ခုပါ။

ဒါကြောင့် ကိုယ့်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ပါလာမယ်ဆိုရင် တည်းခိုမယ့် ဟိုတယ်က အိမ်မွေးတိရစ္ဆာန်လေးတွေကို ယူခွင့်ပြု၊မပြုကို သေသေချာချာ စုံစမ်းပြီးမှ Booking လုပ်သင်ပါတယ်။

Ye Yint Kyaw

SHARE