မုန်တိုင်းတိုက်ပြီး ရာသီဥတုအရမ်းဆိုးနေချိန် အိမ်ထဲမှာ မလုပ်သင့်တဲ့အရာများ

ယနေ့ခေတ်မှာ ကမ္ဘာကြီးဟာ ရာသီဥတုဖောက်ပြန်မှုအမျိုးမျိုးနဲ့ ကြုံတွေ့လာရတာကြောင့် လူတွေဟာ သဘာဝပတ်ဝန်းကျင်အရေးကို ပိုပြီးစိတ်ဝင်စားလာကြပါတယ်။ သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့ နည်းလမ်းတွေကို သိလိုလာကြပါတယ်။ ဒါကြောင့် အခုအခါမှာတော့ shared သတင်းဌာနကနေ ကိုးကားပြီး မုန်တိုင်းတိုက်ခတ်နေချိန်မှာ အိမ်ထဲ ဘယ်လိုအရာတွေကို မပြုလုပ်သင့်ဘူးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ရေခဲသေတ္တာ အလွန်အကျွံအသုံးပြုခြင်း

မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ ယေဘူယျအားဖြင့် လျှပ်စစ်ဓာတ်အားတွေ ဖြတ်တောက်လေ့ရှိပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲထည့်ထားတဲ့ အစားအသောက်တွေ ကြာရှည်စွာ အအေးဓာတ်ရဖို့အတွက် ရေခဲသေတ္တာမကြာခဏဖွင့်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

Pexels/Ralph W. lambrecht

ဖယောင်းတိုင်သုံးခြင်း

လူအများစုက မုန်တိုင်းအပြီး ရုတ်တရက် လျှပ်စစ်မီးတွေ ပြတ်တောက်သွားတဲ့အခါ ဖယောင်းတိုင်မီးကို အားကိုးကြပါတယ်။ ဖယောင်းတိုင်မီးက အလွယ်တကူရနိုင်ပေမယ့် ကိုယ်အိပ်မောကျသွားအခါ မမျှော်လင့်ပဲ ဖယောင်းတိုင်ကနေ မီးမလောင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် ဖယောင်းတိုင်မီးထက်စာရင် ဓာတ်မီးနဲ့ ဘက်ထရီအားသုံးမီးအိမ်တွေကို အသုံးပြုသင့်ပါတယ်။

READ
ဂီတလောကမှာဝင်ငွေအကောင်းဆုံး ဂီတပညာရှင်(၁၀)ဦး

ရာသီဥတုသတိပေးချက်တွေကို လျစ်လျူရှုခြင်း

လူအချို့က ရာသီဥတုနဲ့ပတ်သက်တဲ့ သတိပေးချက်တွေနဲ့ သတင်းတွေလာတဲ့အခါမျိုးမှာ သိပ်နားစိုက်ထောင်လေ့မရှိပါဘူး။ အမှန်တော့ ဒီလိုသတိပေးချက်တွေ ဥပမာ မုန်တိုင်း၊ လေဆင်နှာမောင်းလာတော့မယ် သတင်းမျိုးတွေဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ဂရုပြုပြီး နားထောင်သင့်ပါတယ်။

ပြတင်းပေါက်တွေ ဖွင့်ထားခြင်း

ဟာရီကိန်း သို့မဟုတ် တော်နေးဒိုးတိုက်ခတ်စဉ်အတွင်းမှာ ပြတင်းပေါက်အနည်းငယ်ဖွင့်ထားတာဟာ အိမ်ပေါ်ကို သက်ရောက်လာတဲ့ လေဖိအားကို လျော့ကျစေပြီး ပြတင်းမှန်တွေ ကွဲတဲ့ဒဏ်က ကာကွယ်ပေးနိုင်တယ်လို့ တချို့ဆိုပါတယ်။ ဒါပေမယ့် ဒီအယူအဆဟာ မမှန်ကန်ပါဘူး။ အိမ်ပြတင်းတွေဖွင့်ထားတဲ့အခါ အပြင်က ပစ္စည်းတွေ အိမ်ထဲဝင်ရောက်နိုင်ခြေ ပိုလို့တောင် များနိုင်ပါသေးတယ်။ ဒါ့ကြောင့် မုန်တိုင်းပြီးတဲ့အထိ ပြတင်းတံခါးတွေ ပိတ်ထားတာ အကောင်းဆုံးပါ။

Pexels/Suparerg Suksai

လျှပ်စစ်ပစ္စည်းတွေ အသုံးပြုခြင်း

အထူးသဖြင့် မုန်တိုင်းတွေတိုက်တဲ့အခါ ရေတွေအများကြီး ပါလာတတ်တာကြောင့် အတတ်နိုင်ဆုံး အီလက်ထရောနစ်ပစ္စည်းတွေကို လျော့သုံးသင့်ပါတယ်။ မီးခလုတ်တွေဆိုရင်လည်း ပိတ်ထားသင့်တဲ့အပြင် ပလပ်တွေပါ ဖြုတ်ထားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မီးပြန်လာလို့ လျှပ်စစ်ဓာတ်အားတွေ ဗြုန်းကနဲတက်လာတဲ့အခါ အခန့်မသင့်ရင် အိမ်မှာရှိတဲ့ တီဗီလို လျှပ်စစ်ပစ္စည်းတွေကို ထိခိုက်စေနိုင်မှာဖြစ်တဲ့အပြင် ရေထိပြီး ဓာတ်အားဝင်နေတဲ့ လျှပ်စစ်ပစ္စည်းကို ကိုယ်က မသိပဲ အသုံးပြုမိခဲ့ရင်လည်း ဓာတ်လိုက်စေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ရာသီဥတုအရမ်းဆိုးနေတဲ့ အချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို မသုံးပဲနေတာ အကောင်းဆုံးပါပဲ။

READ
ရှေးလူတွေ  ပြုလုပ်ခဲ့တဲ့ ထူးထူးဆန်းဆန်း အလေ့အထ (၇) ခု

လင်းလင်း (ShweMom)

SHARE