သင့်ကောင်မလေးကို ဘယ်တော့မှမပြောသင့်တဲ့စကား(၅)ခွန်း

မိန်းကလေးတွေက အများအားဖြင့် အလွယ်တကူစိတ်ထိခိုက်လွယ်သူတွေမဟုတ်ကြပေမယ့် တချို့စကားလုံးလေးတွေ ကို တော့သူတို့လုံးဝသည်းမခံနိုင်ကြပါဘူး။အထူးသဖြင့် ကိုယ့်ချစ်သူရဲ့ပြောတာခံရပြီဆိုရင် ပိုပြီး ခံပြင်းဝမ်းနည်းတတ် ကြပါတယ်။တကယ်လို့များ သင့်ကောင်မလေးရဲ့အပြုံးကိုအမြဲတမ်းမြင်ချင်တယ်ဆိုရင်တော့ Shwemomကနေ အခုဖော်ပြပေးမယ့် စကားလေးတွေကို မပြောမိအောင်သတိထားဖို့လိုပါတယ်။

ကောင်းသားပဲ

ဒီစကားလုံးက ယောက်ျားလေးတော်တော်များများသုံးကြပါတယ်။ကိုယ့်ချစ်သူက ဒီဝတ်စုံလေးနဲ့ဘယ်လိုနေလဲ၊ ၀တ်ထား တာအဆင်ပြေရဲ့လား၊ တစ်ခုခုသွားစားမယ် ဘယ်နေရာမှာသွားစားရင်ကောင်းမလဲ စသဖြင့်မေးလာတဲ့အခါ ချစ်သူ စိတ်ကြိုက်လိုက်လျောတဲ့အဓိပ္ပာယ်မျိုးနဲ့ ပြောတယ်လို့ယူဆရပေမယ့် တကယ်တော့ အရေးမစိုက်ရာ အလွယ်တကူ သဘောထားရာကျပါတယ်။အဲဒီစကားလုံးအစား သင့်စိတ်ထဲရှိတဲ့အတိုင်း တခြားထင်မြင်ယူဆ ချက်မျိုးနဲ့တုန့်ပြန်သင့် ပါတယ်။

နင့်အမေက အာရုံနောက်စရာပဲ

အခုခေတ် စကားနဲ့ပြောရင် နင့်အမေကတကယ့် ငစားပဲ ဆိုတဲ့စကားလုံးမျိုးပေါ့။တကယ်ဆိုရင်သူနဲ့ကိုယ်နဲ့ လက်ထပ်ဖို့ ထိရည်ရွယ်ထားတဲ့ချစ်သူတွေဖြစ်လို့ နှစ်ဖက်မိဘအသိုင်းအ၀ိုင်းဟာမကြာခင် တသားတည်းဖြစ်တော့မှာပါ။တသား တည်းဖြစ်အောင်လည်းကာယကံရှင်ချစ်သူတွေကိုယ်တိုင်က ကြိုးစားသင့်ပါတယ်။သူ့အမေကိုငြိုငြင်သလို ကိုယ့်အမေ လည်း ငြိုငြင်ခံရနိုင်တယ်ဆိုတာ အပြန်အလှန်သဘောတရားကို သတိပြုသင့်ပါတယ်။

READ
ချစ်သူကို ဘယ်လို ဂရုစိုက်ရမလဲ

ရုတ်ရင်းကြမ်းတမ်းသောစကားများ

အထူးသဖြင့် မိန်းကလေးတွေရဲ့အပြုအမူ၊ ကိုယ်သင်းရနံ့နဲ့ပတ်သက်ပြီး ရုတ်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေသုံးနှုန်းပြော ဆိုတာကို မိန်းကလေးတွေအမုန်းဆုံးဖြစ်ပါတယ်။ဥပမာ ချစ်ဟောက်သံလေးကချစ်စရာကောင်းတယ်ဆိုတဲ့ စကားလုံးက စနောက်ပြောသည်ဖြစ်စေ၊ တမင်ရွဲ့ပြီးပြောသည်ဖြစ်စေ မိန်းကလေးတွေအတွက်တော့သည်းမခံနိုင်စရာစကားလုံးဖြစ်ပါ တယ်။မိန်းကလေးတွေအမြဲတမ်းခံယူထားတာက သူတို့ဟာဘယ်တော့မှမဟောက်ဘူးဆိုတာပါပဲ။နောက်တစ်ခုကကိုယ် သင်းရနံ့နဲ့ပတ်သက်ပြီး သင့်ချစ်သူဆီကနေ သင်မနှစ်သက်တဲ့ရေမွှေးနံ့ပဲဖြစ်ဖြစ်၊ ကိုယ်သင်းရနံ့ပဲဖြစ်ဖြစ် ရနေတယ်ဆိုရင် ညင်ညင်သာသာစကားလုံးမျိုးအသုံးပြုပြီးအကြံပေးနိုင်ပါတယ်။

င့ါအတွက် ကော်ဖီဖျော်ခဲ့စမ်း

အခုခေတ်က ၁၉၅၀ပြည့်နှစ်တွေမဟုတ်တော့ပါဘူး။ဘာလုပ်ပေးစမ်း၊ညာလုပ်ပေးစမ်းဆိုပြီးအမိန့်ပေးခိုင်းစေရမယ့်ခေတ် မဟုတ်တော့သလို မိန်းကလေး၊ယောက်ျားလေးဆိုတာထက် ကောင်းရင်ကောင်းတဲ့သူကနေရာရပြီးမကောင်းရင်မကောင်း တဲ့သူအတွက်နေရာအခွင့်အရေးဖယ်ထုတ်ခံရမယ့်ခေတ်ရောက်နေပြီဆိုတာ သတိပြုသင့်ပါတယ်။

ငါ့ကိုနားမလည်ဘူး

နင် ငါ့ကိုနားမလည်ဘူး။နားလည်မပေးဘူးဆိုတဲ့ စကားလုံးမျိုးဘယ်တော့မှမသုံးမိပါစေနဲ့။ဘာဖြစ်လို့လဲဆိုတော့ သူမဟာ မိန်းကလေးဖြစ်နေလို့ပါပဲ။သင့်စိတ်သင့်သဘောထားကို ပွင့်ပွင့်လင်းလင်းဖွင့်ဟဆွေးနွေးခြင်းဖြင့် သူမကိုဦးစားပေးလိုက် ပါ။ဒီစကားလုံးဟာ သူမကိုမကျေမနပ်ဖြစ်စေတဲ့စကားလည်းဖြစ်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:wallstreetinsanity.com

SHARE