ဘယ်တော့မှ ၀ယ်ယူ အသုံးမပြုသင့်တဲ့ တစ်လက်ကျပစ္စည်း (၆) ခုအကြောင်း

huntart/Freepik

တစ်လက်ကျသို့မဟုတ် secondhand ပေါ့။ နိုင်ငံတကာမှာတောင်မှပဲ မလိုအပ်တော့တဲ့ပစ္စည်းကို ပြန်ရောင်းတာ၊ သုံးပြီးသားပစ္စည်းတွေကိုဝယ်ရင်း ထုတ်ကုန်တွေ လျှော့ထွက်ကာ ကမ္ဘာမြေကြီးကို တစ်ဖက်တစ်လမ်းက အကျိုးပြုကြပါဆိုတဲ့ ဒီ secondhand ဈေးကွက်တွေကို အားပေးတဲ့သူတွေ အများကြီးမှ အများကြီးပါပဲ။ ဒါပေမဲ့ ဒီလို secondhand တွေဟာ ဝယ်တိုင်း ကောင်းသလား၊ ကြာကြာခံပြီး ကျန်းမာရေးနဲ့ရော ညီညွတ်ပါ့မလားဆိုတာ ကျွန်တော်တို့ တစ်ချက်ပြန်စဉ်းစားကြည့်ရင်း Market Watch မှာ ဖော်ပြထားတဲ့ တစ်လက်ကျပစ္စည်းထဲ လုံးဝမဝယ်သင့်တဲ့ပစ္စည်းလေးတွေအကြောင်း ပြန်လည်ကိုးကားပေးလိုက်ပါတယ်။

(၁) မိတ်ကပ်ပစ္စည်းများ

တစ်ခါတစ်လေ Facebook group တွေထဲ၊ အသိချင်းချင်း မသုံးဖြစ်တော့လို့ မိတ်ကပ်ပစ္စည်းတွေ ထက်ဝက်ဈေးလောက်ချပြီး ပြန်ရောင်းတယ်ဆိုရင် မဝယ်ဖို့အကြံပေးချင်ပါတယ်။ သုံးပြီးသားမိတ်ကပ်ပစ္စည်းတွေမှာ တခြားလူဆီက ကိုယ်နဲ့မရင်းနှီးတဲ့ ဘတ်တီးရီးယားပိုးမွှားတွေ၊ မှိုတွေအပြင် ကူးစက်ရောဂါတို့ဘာတို့တောင် ရှိနေတတ်တာကြောင့်ပါ။

freepik/Freepik

(၂) စမတ်ဖုန်းများ

Secondhand ဖုန်းတွေဝယ်ယူခြင်းဟာ စရိတ်စကသက်သာစေနိုင်သလိုပဲ ဖုန်းအလုံးသန့်ရင်သန့်သလောက် ဖုန်းအသစ်တစ်လုံးနီးပါးလောက်အထိ ခံကြပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက စက်ပစ္စည်းမကျွမ်းကျင်တဲ့သူတွေဖို့ LCD တွေ၊ အထဲက စက်ပစ္စည်းတွေကို မူရင်းဖြုတ်ကာ တခြားအပေါစားတွေနဲ့ လဲထားတာမျိုးတွေသာ ကိုယ်ဝယ်တဲ့ဖုန်းမှာ ဖြစ်ခဲ့ရင် ဖုန်းအသစ်တစ်လုံး ဝယ်လိုက်တာကတောင် အဟောင်းဝယ်ပြီး ပြင်နေရတာထက် ပိုပြီး သက်သာလိမ့်မယ်ဆိုတာပါပဲ။

READ
လူယဉ်ကျေးတို့ တစ်ဖက်သားကို ဘယ်တော့မှ မမေးတဲ့ မေးခွန်း (၆) ခု
newfabrika/Freepik

(၃) မီးဖိုချောင်သုံးစက်ပစ္စည်းများ

ရေခဲသေတ္တာ၊ oven တို့ကစလို့ blender တွေ၊ ဓားတို့အဆုံး တစ်လက်ကျတွေကို မဝယ်သင့်တဲ့အကြောင်းအရင်းတွေရဲ့ အဓိကတရားခံကတော့ ပိုးမွှားတွေပါပဲ။ ဒီပစ္စည်းတွေဟာ ကိုယ့်နေ့စဉ်ဘဝထဲ ခန္ဓာကိုယ်ထဲရောက်မယ့် အစားအသောက်တွေနဲ့ ထိတွေ့ရမှာဖြစ်တာကြောင့်ပါပဲ။ Blender နဲ့ ဓားတို့ကျ အဓိကပြဿနာက ဓားတွေပါ။ Blender မှာပါဝင်တဲ့ ဓားတွေတုံးသွားတဲ့အခါ ပြန်ထက်စေဖို့ မလွယ်ကူတော့ပါဘူးတဲ့။

lifeforstock/Freepik

(၄) မွေ့ယာနဲ့ဖျာများ

ကျွန်တော်တို့ခေါင်းဦးတွေတောင်မှပဲ ၆ လကျော်ရင် သုံးမကောင်းကြတော့ဘူးမဟုတ်လား။ ဒါဆို ဘာကြောင့် မွေ့ယာတွေကို တစ်လက်ကျဝယ်မှာလဲနော်။ Secondhand ပစ္စည်းတွေ အသုံးပြုတဲ့အခါ အရေးအကြီးဆုံးက သန့်စင်လို့ရမရပါပဲ။ အဝတ်အစားတွေဆိုရင်တောင်မှပဲ ရေနွေးနဲ့ပြုတ်ပြီး ပြန်ဝတ်လို့ရနိုင်ပေမယ့်လို့ မွေ့ယာလိုမျိုးကျ ရေနွေးနဲ့လည်း ပြုတ်လို့မှမရနိုင်တာနော်။

mrsiraphol/Freepik

(၅) ကလေးတွန်းလှည်းနဲ့ကားထိုင်ခုံတွေ

ကျွမ်းကျင်ပညာရှင်တွေကတော့ သုံးပြီးသားကလေးတွန်းလှည်းနဲ့ ကားထိုင်ခုံတွေကို ဝယ်ယူခြင်းဟာ လုပ်ဆောင်ချက်တွေကို အန္တရာယ်ကင်းပါတယ်ဆိုပြီး တိတိကျကျမပြောနိုင်တဲ့အတွက်ကြောင့် မဝယ်သင့်ပါဘူးတဲ့။ ဆိုလိုတာ ကလေးတွန်းလှည်းဝယ်လို့ ကလေးကိုပတ်ထားတဲ့ ခါးပတ်တွေ၊ ဘီးတွေအလုပ်မလုပ်တာမျိုးတို့ဘာတို့ပေါ့။

READ
ဒီတစ်ပတ်အားလပ်ရက်မှာ သွားသင့်သောနေရာ(၅)ခု
bilanol/Freepik

(၆) ဆိုင်ကယ်စီးဦးထုပ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးဦးထုပ်များ

ဒီလိုဦးထုပ်တွေကတော့ ကိုယ့်အသက်အန္တရာယ်ဟာ အဲဒီအပေါ် မူတည်နေတာကြောင့် အသစ်ဝယ်လိုက်တာပဲ ကောင်းပါတယ်နော်။ အချိန်ကြာလာတဲ့အခါ ခံနိုင်ရည်အား သိပ်မရှိတော့တာမျိုးတွေ ဖြစ်တတ်တာကြောင့်ပါ။

jcomp/Freepik

Penny

SHARE