မဖျားမနာချင်ရင် ဒီလိုပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ထားပေးပါ

pexels/ Nithin Pa, pexels/Oleg Magni

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေဟာ နေမကောင်းဖြစ်မှာကို ပိုပြီးကြောက်လာပါတယ်။ Covid-19 ဗိုင်းရပ်စ်ဟာ အရွယ်အစားကြီးတဲ့အတွက် လေကနေမကူးစက်နိုင်ပဲ အရာဝတ္ထုပစ္စည်းတွေပေါ်မှာသာကျပြီး ကူးစက်နိုင်တာပါ။ ဒါကြောင့် ကိုယ်နေ့စဉ်အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားခြင်းဖြင့် ဗိုင်းရပ်စ်ရန်ကို အတန်အသင့်ကာကွယ်နိုင်မှာဖြစ်ကြောင်း realsimple ၀က်ဆိုက်ဒ်အရ သိရပါတယ်။

pexels/Adrianna Calvo

စမတ်ဖုန်း

လူတွေဟာ စမတ်ဖုန်းတွေကို တစ်နေ့တာလုံး ကိုင်တွယ်အသုံးပြုနေကြတာပါ။ ဒါကြောင့် လက်ကို သေချာဆေးကြောမယ်ဆိုရင်တောင် ဖုန်းကိုပြန်ကိုင်လိုက်တဲ့အခါ ဖုန်းမှာကပ်နေတဲ့ရောဂါပိုးတွေဟာ လက်ကို ပြန်ကပ်လာနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ မျက်နှာပြင်ကို ပိုးသတ်ဆေးဖြန်းထားတဲ့ မိုက်ခရိုဖိုင်ဘာအ၀တ်စလေးတွေနဲ့ သုတ်ပေးနိုင်ပါတယ်။ ဖုန်းကာဗာကိုချွတ်၊ ပြီးတော့ အီဆိုပရိုပိုင်းအယ်လ်ကိုဟော (၇၀) ရာခိုင်နှုန်းထဲထည့်စိမ်ထားတဲ့ အ၀တ်သန့်နဲ့ ဖုန်းကို သန့်စင်နိုင်ပါတယ်။

ကီးဘုတ်

ကွန်ပြူတာကီးဘုတ်ဟာ ပိုးမွှားတွေပေါင်းစုံတဲ့နေရာလို့ ဆိုကြပါတယ်။ ကီးဘုတ်ကို သန့်စင်ဖို့အတွက် ဖုန်မှုန့်တွေကို သန့်ရှင်းပေးတဲ့ compressed air ဘူးတွေရှိပါတယ်။ အဲ့ဒါနဲ့ အရင်ဆုံး ကီးဘုတ်ကို သန့်ရှင်းလိုက်ပါ။ ပြီးတဲ့နောက် အီဆိုပရိုပိုင်းအယ်လ်ကိုဟော (၇၀) ရာခိုင်နှုန်းစိမ်ထားတဲ့ အ၀တ်သန့်နဲ့ ကီးဘုတ်က ခလုတ်လေးတွေကို သေချာသန့်စင်ပေးနိုင်ပါတယ်။

READ
လူတိုင်းရေနွေးကြမ်း သောက်သုံးသင့်သည့်အချက်(၅)ချက်
pexels/khairul nizam

တံခါးလက်ကိုင်နဲ့ မီးခလုတ်များ

တံခါးလက်ကိုင်လိုနေရာမျိုးနဲ့ မီးခလုတ်တွေပေါ်မှာ ပိုးမွှားတွေဟာ သင်ထင်ထားတာထက် ပိုပြီးကြာရှည်စွာ နေနိုင်ပါတယ်။ ဒီလိုနေရာတွေကို သန့်ရှင်းစေဖို့ဆိုရင် Clorox Disinfecting Wipes လိုမျိုး ပိုးသတ်ဆေးပါတဲ့ အ၀တ်စတွေကို သုံးနိုင်ပါတယ်။ မီးခလုတ်ခုံတွေကို သန့်ရှင်းဖို့ဆိုရင်တော့ ပိုးသတ်ဆေးရည်ဟာ မီးပလပ်ပေါက်တွေထဲ မကျအောင်တော့ သတိထားပေးသင့်ပါတယ်။

မီးဖိုချောင်နေရာနဲ့ ရေဘုံဘိုင်ခေါင်းများ

မီးဖိုဆောင်နေရာတွေဟာ မိသားစုဝင်တွေရဲ့ လက်တွေ ပေါင်းဆုံကြတဲ့နေရာ ဖြစ်ပါတယ်။ အထူးသဖြင့် မီးဖိုဆောင်က စားပွဲတွေနဲ့ ရေဘုံဘိုင်ခေါင်းတွေက မိသားစုဝင်တွေရဲ့ ညစ်ပေနေတဲ့လက်တွေနဲ့ မကြာခဏထိတွေ့ခံရတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေမှာ ဘက်တီးရီးယားတွေ ကင်းစင်စေချင်တယ်ဆိုရင်တော့ ရေဘုံဘိုင်ခေါင်းတွေ၊ ဗီရိုလက်ကိုင်၊ ရေခဲသေတ္တာလက်ကိုင်လို နေရာမျိုးတွေကို ပိုးသတ်ဆေးစပရေးဘူးနဲ့ ဖြန်းပေးသင့်ပါတယ်။

pexels/Oleg Magni

တီဗီရီမုဒ်

အိမ်မှာနေတယ်ဆိုကတည်းက မိသားစုဝင်အများစုဟာ တီဗီကြည့်ကြပါတယ်။ တီဗီရီမုဒ်ဆိုရင် ထားချင်တဲ့နေရာမှာထား၊ ပြီးရင် တစ်ယောက်တစ်လှည့်ကိုင်နဲ့  ရီမုဒ်ပေါ်မှာတော့ ပိုးမွှားတွေဟာ အရမ်းများနေတော့မှာ သေချာပါတယ်။ တီဗီရီမုဒ်ကို ပိုးသတ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ဘက်ထရီတွေကို ထုတ်လိုက်ပါ။ ပြီးတော့ အပေါ်ကပြောထားသလို အီဆိုပရိုပိုင်းအယ်လ်ကိုဟော (၇၀) ရာခိုင်နှုန်းစိမ်ထားတဲ့ အ၀တ်သန့်နဲ့ ရီမုဒ်ရဲ့ခလုတ်ခုံလေးတွေကို သေချာစွာ သန့်ပေးပါ။ အားလုံးတိုက်ချွတ်ပြီးလို့ ရီမုဒ်ခလုတ်လေးတွေပေါ် အရက်ပြန်ခြောက်သွားပြီဆိုမှ ဘက်ထရီကိုပြန်ထည့်ပေးပါ။

READ
ငါးကြီးဆီစားသုံးခြင်းဟာ စိတ်ကျရောဂါလက္ခဏာကို သက်သာစေနိုင်ကြောင်း သိရှိရ

လင်းလင်း (ShweMom)

SHARE