မိဘအနေနဲ့ သားငယ်သမီးငယ်တွေကို ကြိုတင် သင်ပေးထားသင့်တဲ့အချက်များ

ကလေးတွေဟာ လက်ဦးဆရာဖြစ်တဲ့ မိဘတွေဆီက အရေးကြီးတဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့အချက်တွေကို သင်ယူကြရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သားငယ်၊ သမီးငယ်လေးတွေကို အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ်လုံခြုံအောင် စောင့်ရှောက်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို ကြိုတင် သင်ပေးထားသင့်ပါတယ်။

Top 30 TV / YouTube

စကားဝှက်အသုံးပြုပါ

အရေးအကြောင်းကြုံတဲ့အခါ သုံးဖို့ မိဘတွေအနေနဲ့ ကလေးကို သူနဲ့ကိုယ်သာသိတဲ့ စကားဝှက်တစ်ခု သင်ပေးပါ။ တကယ်လို့ လူစိမ်းတစ်ယောက်က သူနဲ့လိုက်ခဲ့ဖို့ ခေါ်တာ၊ ဒါမှမဟုတ် အိမ်မှာ ကလေးတစ်ယောက်တည်း ရှိနေတဲ့အခါ အိမ်တံခါးသော့ဖွင့်ပေးခိုင်းတာလိုမျိုး တောင်းဆိုခဲ့ရင် ကလေးအနေနဲ့ စကားဝှက်ကို လူစိမ်းထံမှာ မေးမြန်းဖို့ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အလွယ်တကူ တစိမ်းလူမခန့်မှန်းနိုင်တဲ့ စာလုံး သို့မဟုတ် စာကြောင်းကို ရွေးချယ်ပြီး ကလေးကိုသင်ပေးနိုင်ပါတယ်။

အိမ်နဲ့မိသားစုအကြောင်း သင်ပေးပါ

ကလေးကို ကိုယ့်နာမည်၊ ကိုယ်နေတဲ့ နေရပ်လိပ်စာ၊ အိမ်ကိုဆက်သွယ်နိုင်မယ့် ဖုန်းနဲ့ မိဘတွေရဲ့ နာမည်တွေကို အလွတ်ရအောင် သင်ပေးသင့်ပါတယ်။ ဒါမှ တကယ်လို့ လမ်းပျောက်၊ အိမ်ပျောက်ဖြစ်ခဲ့ရင် တွေ့ရှိသူတွေ အနေနဲ့ ကလေးကို မိဘတွေနဲ့ အမြန်ဆုံးတွေ့ရှိအောင် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးကိစ္စ ပေါ်ခဲ့ရင် ဖုန်းဆက်နိုင်အောင် အရေးပေါ်နဲ့ ရဲစခန်းဖုန်းနံပါတ်တွေကို သင်ပေးထားတာကလည်း မမှားပါဘူး။

READ
ပိုးဟပ်တွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝနည်းလမ်းများ

လူစိမ်းတွေနဲ့ စကားမပြောမိပါစေနဲ့

ကိုယ့်ကလေးက အရမ်းငယ်သေးရင် လူစိမ်းတွေနဲ့ လွှတ်မထားသင့်ပါဘူး။ တစိမ်းကို ယုံကြည်စိတ်ချလွန်းပြီး သားသမီးငယ်လေးတွေကို ထိန်းကျောင်းခိုင်းတာ၊ မုန့်ကျွေးဖို့ ခေါ်သွားခိုင်းတာတွေက အန္တရာယ်များလွန်းတဲ့အလုပ်တွေပါ။ ဒါကြောင့် မိသားစုထဲက လူတွေမဟုတ်ပဲ အပြင်လူတွေနဲ့ စကားသွားမပြောဖို့၊ နောက်ပြီး လူစိမ်းတွေပေးတာ၊ ကျွေးတာကို မယူဖို့ မစားဖို့ ကလေးကို တားမြစ်ထားတာ အကောင်းဆုံးပါ။

Fabiosa

လူမှုကွန်ယက်တွေကို သတိနဲ့အသုံးပြုခိုင်းပါ

အွန်လိုင်းမှာ မြင်သမျှ ကြားသမျှဟာ မယုံရပါဘူး။ ကိုယ့်ကလေးကို အွန်လိုင်းမှာ အိမ်အကြောင်း၊ မိသားစုအချက်အလက် (ဥပမာ. အိမ်လိပ်စာ၊ အိမ်မှာဘယ်သူမှမရှိတဲ့အချိန်တွေနဲ့ ကျောင်းဖုန်းနံပတ်)စတာတွေကို မတင်ဖို့ သေချာမှာထားပါ။ လိုင်းပေါ်မှာ ကိုယ်နဲ့မသိတဲ့ လူစိမ်းတွေကိုလည်း လက်ခံစကားပြောတာမျိုးမလုပ်ဖို့ နားလည်အောင် ရှင်းပြပြီး မှာထားပါ။

READ
အလုပ်တွင်အောင် လုပ်ဆောင်တတ်သော လူတို့ရဲ့ အလေ့အကျင့်များ

ဘယ်သွားသွား မိဘကိုအသိပေးခိုင်းပါ

အိမ်ကနေ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါ ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတာကို မိဘတွေဆီ အသိပေးသွားဖို့ မှာထားပါ။ ဒီအခါမှာ ကိုယ်က ရပ်ကွက်ထဲမှာ ကိုယ့်ကလေး မုန့်သွားဝယ်တာ၊ သူငယ်ချင်းတွေနဲ့ သွားဆော့တာမျိုးတွေမှာ အချိန်ဘယ်လောက်ကြာတယ်ဆိုတာကို မှတ်သားမိမှာဖြစ်ပါတယ်။ ဖော်ပြပါအချက်တွေကိုထောက်ပြီး မိဘတွေအနေနဲ့ အရွယ်မရောက်သေးတဲ့ သားငယ်၊ သမီးငယ်တွေကို အန္တရာယ်ကင်းကင်းနဲ့ အလုံခြုံဆုံးထိရောက်စွာ ထိန်းကျောင်းနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: fabiosa

SHARE