မျက်လုံးတွေရဲ့အခြေအနေကို ကြည့်ပြီး သိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအနေ အမျိုးမျိုးမျိုး

လူတစ်ယောက်ရဲ့ မျက်လုံးဟာ သူရဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေနဲ့ အမြဲတမ်းး ဆက်စပ်နေပါတယ်။ မျက်လုံးမှုန်ဝါးခြင်းနဲ့၊ မျက်လုံးအရောင်ပြောင်းလဲခြင်း၊ မျက်လုံးအမြင် ကွယ်ခြင်း၊ စတဲ့အခြေအနေတိုင်းမှာ တိကျတဲ့ အကြောင်းပြချက်အသီးသီးတွေ ရှိနေပြီး၊ တစ်ချို့အခြေအနေတွေကတော့ လုံးဝ မပေါ့ဆတဲ့သင့်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

(၁) မျက်ခမ်းစပ်နာ

မျက်ခမ်းစပ်မှာ ပေါက်တဲ့အနာကို Eye Sty လို့ ခေါ်ပါတယ်။ မျက်ခမ်းမှာ ၀က်ခြံပုံစံအဖုလေး ပေါက်တာပါ။ သာမန်ဝက်
ခြံတွေနဲ့မတူပဲ ပိုနာပြီး၊ အခံရအလွန်ခက်ပါတယ်။ မျက်ခမ်းစပ်မှာ ဒီလိုအကြိတ်ကလေး ပေါက်ပြီဆိုတာနဲ့ မပေါ့စသင့်ပါဘူး။ ဒါဟာ Sebaceous ဂလင်းမှာ ကင်ဆာဖြစ်နိုင်ချေရှိပြီဆိုတာ ပြသတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်

(၂) မျက်ခုံးမွေးများ တဖြည်းဖြည်း ကုန်ဆုံးခြင်း

မျက်ခုံးမွေးတွေ တဖြည်းဖြည်း ပါးလာရခြင်းရဲ့ အကြောင်းပြချက်တွေကတော့ အသက်အရွယ်အရ၊ စိတ်ဖိအားတွေ၊ အာဟာရဓာတ် မပြည့်ဝခြင်း၊ Alopecia areata လို့ခေါ်တဲ့ အမွေးကျွတ်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် Alopecia areata အခြေအနေကတော့ ဖြစ်နိုင်ချေ အလွန်နည်းပါးပြီး 0.01 % သာ ဖြစ်နိုင်ချေရှိပါတယ်။

ဒါပေမယ့် အခြားအခြေအနေတစ်ခုဖြစ်တဲ့ Hypothyroidism လို့ ခေါ်တဲ့ သိုက်ရွိုက်ဟိုမုန်း ပြင်းထန်လွန်ကဲခြင်းကလည်း မျက်ခုံးမွေးတွေကို ဆုံးပါးစေပါတယ်။  ဒီအခြေအနေမှာ ဆံပင်တွေလည်း သိသိသာသာ ကျွတ်ပြီး၊ ပါးလျှသွားတာကို သတိထားမိမှာပါ။ ဆရာဝန်ဆီ ပြသသင့်ပါတယ်။

(၃) မျက်စိအမြင်ေ၀၀ါးခြင်း

Blurred Vision လို့ ခေါ်တဲ့ မျက်လုံးအမြင် ရုတ်တရက်ေ၀၀ါးခြင်း၊ အချိန်တော်တော်ကြာကြာေ၀၀ါးခြင်း စတဲ့ အချက်ကလည်း ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းအကြည့်များသူတွေ၊ စာဖတ်များသူတွေ၊ ၀ရိန်သမားတွေ အဖြစ်များလေ့ရှိပြီး မျက်လုံးနီစပ်ခြင်းနဲ့ မျက်လုံးအမြင် မှုန်ဝါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့်တော့ ကောင်းကောင်း နားယူလိုက်တာနဲ့ ပျောက်သွားနိုင်ပေမယ့်၊ ဖြစ်နိုင်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

READ
ခြေစွယ်ငုတ်ခြင်းနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်များ

(၄) မျက်လုံးတိမ်ဖုံးခြင်း

မျက်လုံးတိမ်ဖုံးခြင်းဆိုသည်မှာ တစ်ခါတလေ မျက်ချေးက မျက်ကြည်လွှာပေါ်မှာ ကွယ်နေလို့ Blind Spot ဖြစ်တာနဲ့ မတူညီပါ။ မျက်လုံးတိမ်ဖုံးခြင်းဟာ ယခင်က မျက်လုံးကို ထိခိုက်ဒဏ်ရာဖြစ်စေခြင်းမှာလည်း ရနိုင်သလို၊ Dry eye syndrome လို့ခေါ်တဲ့ မျက်စိရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျက်လုံးကွယ်ဖို့နီးစပ်တဲ့ ရောဂါမို့ ဆရာဝန်ကို အမြန်ပြသသင့်တဲ့ ရောဂါပါ။

(၅) မျက်လုံး ဖောင်းကားခြင်း/ပြူးခြင်း

သာမန်နဲ့မတူပဲ၊ မျက်လုံးအဆန် အပြင်ကို ထွက်လာခြင်းကို Bulging eyes လို့ ခေါ်ပါတယ်။ မျက်လုံးအမြင် မှုန်ဝါးလို့ ရှင်းလင်းတဲ့ မြင်ကွင်းရဖို့ မကြာခဏ မျက်လုံးကို ပွတ်ကြည့်ခြင်းကလည်း ဒီအခြေအနေကို ဖြစ်စေပြီး၊ ဒီလိုမှမဟုတ်ပဲ ကိုယ့်မျက်လုံးက သာမန်ထက် အပြင်ကို စူလာသယောင်ဖြစ်နေရင် Symptom of thyroid (or Graves) eye ရောဂါကြောင့် ဖြစ်တယ်လို့ ယူဆရမှာပါ။ ဆရာဝန်နဲ့ အမြန်ပြသရမယ့် ရောဂါဖြစ်ပါတယ်။

(၆) မျက်သား ၀ါခြင်း၊ ဖြူဖက်ဖြူရော် ဖြစ်ခြင်း

မျက်လုံးအတွင်းသားတွေ ၀ါခြင်း၊ ဖြူဖက်ဖြူရော်ဖြစ်ခြင်းဟာ ကျောက်ကပ်၊ အသည်းတို့မှာ ရောဂါတစ်ခုခု ဖြစ်နေပြီဆိုတာ ပြသတဲ့ လက္ခဏာပါ။ ဥပမာ အသည်းရောင် အသားဝါပိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးငယ်တွေ ဒီလိုဖြစ်ပြီဆိုရင်တော့ သည်းခြေအိတ်၊ သည်းခြေပြွန်မှာ တစ်ခုခု ပြဿနာဖြစ်နေပြီဆိုတာ သိပါစေ။ မျက်လုံး ဖြူရာမှ ၀ါလာရင် သတိထားရမယ့် အချက်ဖြစ်ပါတယ်။

READ
အိပ်ယာဝင်ခါနီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ဒါတွေလုပ်ပါ

(၇) ဆီးချိုကြောင့် မျက်စိမှုန်ဝါးခြင်း

ဆီးချိုရောဂါကြောင့်လည်း မျက်စိမှုန်ဝါးတက်ပါတယ်။ တစ်ခါတလေ စာကြည့်များသူတွေ၊ ဖုန်းအသုံးပြုသူတွေ၊ ကွန်ပျူတာသမားတွေဟာ ဒီအချက်ကို မေ့နေတတ်ပြီး၊ မိမိတို့ မျက်စိမှုန်ဝါးတာဟာ စောစောကပစ္စည်းတွေ အသုံးပြုမှုများလို့ဆိုပြီး တထစ်ချ တွက်ဆတက်ပါတယ်။ ဆီးချိုရောဂါဆိုသည်မှာ စောစောသိလေ၊ ကုသရတာ ပိုထိရောက်မှုရှိလေလို့ ဆိုရမှာပါ။

(၈) ပုံရိပ်နှစ်ခုဖြစ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်လုံးအမြင် ဖုံးကွယ်ခြင်း

ဒီအခြေအနေတွေကို ကြုံရတဲ့အခါတိုင်း မျက်စိဆရာဝန်ကို သတိရဖို့ လိုပါတယ်။ တစ်ခါတလေမှာတော့ မျက်စိအမြင် မှုန်နေလို့ မျက်လုံးကို ဖိပွတ်မိရင်လည်း ပုံရိပ်နှစ်ခု ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမဟုတ်ပါဘဲ၊ ပုံရိပ်နှစ်ခုဖြစ်နေတယ်ဆိုရင်တော့ မျက်ကြည်လွှာ မူလနေရာမှအခြားပုံစံသို့ စောင်းသွားခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်ပြသသင့်တဲ့ ရောဂါပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : brightside.me

SHARE