မြို့ထဲဝင်လာတဲ့ တောဝက်နဲ့ရင်ဆိုင်တိုးခဲ့ပြီး ဆေးရုံရောက်သွားခဲ့ရတဲ့ အမျိုးသား

ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်းရဲ့တောင်ဖက်၊ ဖူကူအိုရာမြို့ထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ တောဝက်တစ်ကောင်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။

ဖူကူအိုကာအနောက်ပိုင်းက ရထားဘူတာ တစ်ခုအနီးမှာ လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ယောက်ဟာ အဲဒီတောဝက်နဲ့ မမျှော်လင့်ပဲ ရင်ဆိုင်တွေ့ခဲ့ရတာပါ။

အိမ်တွေကြားကနေ ထွက်လာတဲ့ တောဝက်က သူ့ကို အနောက်ကနေ ချိုနဲ့ ပက်လိုက်တာဖြစ်ပြီး အသက် (၄၈)နှစ်အရွယ် အမည်မသိ အမျိုးသားဟာ အနောက်ဖက်ကို ပက်လက်လန်ကျသွားခဲ့ပါတယ်။ အဲဒီနောက်မှာလည်း တောဝက်က သူ့ကိုဆက်ပြီး တိုက်ခိုက်နေခဲ့တာမို့ လက်ထဲမှာ ကိုင်ထားတဲ့ လက်ကိုင်အိတ်နဲ့ သူ့ကိုယ်သူ ကာကွယ်နေခဲ့ရတာပါ။

Dailymail

ပတ်ဝန်းကျင်က ကားသမားတွေဟာ ဒီအမျိုးသားရဲ့ အဖြစ်ကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် တောဝက် ထွက်ပြေးသွားစေဖို့ သူတို့ရဲ့ ကားဟွန်းတွေကို ဆူညံနေအောင် တီးပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ တောဝက်လည်း ကားဟွန်းသံတွေကြောင့် ထွက်ပြေးသွားခဲ့ပြီး အမျိုးသားလည်း တောဝက်ရဲ့ လက်ကနေ လွတ်မြောက်သွားခဲ့တာပါ။

READ
ခြင်္သေ့မဘယ်လိုပဲ မြူစွယ်မြူစွယ်တုတ်တုတ်မှမလှုပ်တဲ့ သမာဓိအားကောင်းလွန်းတဲ့ခြင်္သေ့

အဲဒီနောက်မှာတော့ လဲကျနေတဲ့ အမျိုးသားကို အနီးအနားမှာရှိသူတွေက ဆေးရုံပို့ပေးခဲ့ရပြီး တောဝက်ရဲ့အစွယ်ကြောင့် ၂ လက်မကျော်လောက် အသားစတွေ စုတ်ပြဲသွားခဲ့တဲ့ အမျိုးသားဟာ အနည်းဆုံး (၁၃)ချက်လောက် ချုပ်ခဲ့ရတယ်လို့ Sora News က ဖော်ပြသွားခဲ့ပါတယ်။

Dailymail

ဖူကူအိုကာအနောက်ပိုင်းက ရထားဘူတာဟာ အနီးမှာရှိတဲ့တောင်တွေနဲ့ တစ်မိုင်လောက်ပဲ ဝေးတာမို့ တောရိုင်းတိရိစ္ဆာန်တွေ မကြာခဏ ရောက်လာတတ်ကြပြီး လူတွေကို အန္တရာယ်ပြုတတ်ကြတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Linn

Source : Dailymail

 

SHARE