AKA Myanmar ဆိုင်ခွဲသစ် ဆွမ်းကပ်အလှူပုံလေးတွေကို သဉ္ဇာနွယ်ဝင်း ဝေမျှ

Image:fb/Thinzar Nwewin

သဉ္ဇာနွယ်ဝင်းကတော့ မိသားစုအပေါ် တာဝန်ကျေတဲ့ ဇနီးကောင်း၊မိခင် ကောင်းတစ်ယောက် အြ ဖစ် နဲ့ ခင်ပွန်းဖြစ်သူ Steven Hla အတွက် ဘေးမှာ ပါရမီဖြည့်ပေးနေပါတယ်။ခင်ပွန်းဖြစ်သူ ကေ တာ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီး Hot- Pot နဲ့ အကင်ဆိုင် တွေကို ဦးစီး လုပ် ကိုင် နေသူပါ။Hot -Pot ဆိုင်ကနေ ထပ်ပြီးတော့ လုပ်ငန်းတိုး ချဲ့တဲ့ အနေနဲ့ AKA Myanmar ကို ဖွင့် လှစ် ဖြစ်ခဲ့ပါတယ်။အခုဆိုရင်တော့ AKA Myanmar  နောက်ထပ် ဆိုင်ခွဲ သစ် တစ်ခုကို ထပ်ပြီး ဖွင့်လှစ်တော့မှာပါ။

Image:fb/Thinzar Nwewin
Image:fb/Thinzar Nwewin
Image:fb/Thinzar Nwewin

ဆိုင်ခွဲသစ်ကိုတော့ “အမှတ် ၇၁(A)၊ သစ်တောလမ်းနဲ့မင်းရဲကျော်စွာလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့” ( Hot Pot City Ahlone အပေါ်ထပ် ) မှာ ဖွင့်လှစ်မှာပါ။ဖွင့်ပွဲကိုတော့ စက်တင်ဘာ (၆)ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။ဖွင့်ပွဲ မတိုင်ခင်မှာတော့ ဆိုင်ခွဲသစ်မှာ ဆွမ်းကပ်အလှူ လေး လုပ် ဖြစ်ခဲ့ပါတယ်။ဆွမ်းကပ်အလှူပွဲ ပုံလေးတွေကိုတော့ သင်ဉ္ဇာက သူမရဲ့ အကောင့်မှာ အခုလို ဝေမျှ ထားပါတယ်။

READ
ရင့်ကျက်တဲ့ အလှတရားတွေနဲ့အရင်ကထက်ပိုပြီးတော့ လှလာတဲ့ မင်းသမီးချော ခြူးလေး
Image:fb/Thinzar Nwewin
Image:fb/Thinzar Nwewin
Image:fb/Thinzar Nwewin

“ဒီနေ့ AKA myanmar ရဲ့ဆွမ်းကပ်အလှူ….” ဆိုပြီး သဉ္ဇာနွယ်ဝင်းက သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။AKA AKA Ahlone  ဆိုင်ခွဲသစ်ဖွင့်ပွဲ အနေနဲ့ 06 , 07, 08 September 2019  ၃ ရက်စလုံး AKA Ahlone ဆိုင်ခွဲသစ်ကို လာရောက်အားပေးကြသူတိုင်းအတွက် အထူးတန်တဲ့ 50% off  အစီအစဉ်လေးလည်းရှိတယ်လို့ AKA Myanmar ရဲ့Fb မှာလည်း ကြေညာ ထားပါတယ်။

Image:fb/AKA Myanmar

သင်ဉ္ဇာ ကတော့ အိမ်ထောင်ရေးကံကောင်းသူလေးအဖြစ် နဲ့ အမျိုးသမီးပရိသတ်တွေရဲ့ အားကျ မှု ကို ရထားသူပါ။သဉ္ဇာနွယ်ဝင်းကတော့ (၂၀၁၇) ဖေဖော်ဝါရီလ(၁)ရက်နေ့က လက်ထပ်ခဲ့တာပါ။ သားဦး ရတနာလေးကို နိုဝင်ဘာ(၇)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။နောက်ထပ် သမီးချောလေးကို လည်း လွယ်ထားရပြီး မကြာခင်မှာတော့ ချစ်စရာ သမီးလေးကိုပါ ထပ်ပြီး မွေးဖွား တော့မှာပါ။

READ
ဆလီနာဂိုမက်ရဲ့ပုံကိုကျော်ပြီး အင်စတာဂရမ်မှာLikeအများဆုံးဖြစ်သွားတဲ့ဘီယွန်းစေးရဲ့ဓာတ်ပုံ
Image:fb/Thinzar Nwewin
Image:fb/Thinzar Nwewin

Source:Thinzar Nwewinရဲ့ fb

SHARE