ဖျော်ဖြေပွဲက ပုံလေးတွေကို ဝေမျှ ပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

Image:Fb/thin zar wint kyaw(photo by Nay Min Tun)

သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး မင်းသမီးတွေထဲက တစ်ယောက်ပါ။သူမရဲ့ ညှို့ အားပြင်း အလှတွေနဲ့ ပရိသတ်တွေကို အမြဲ ဖမ်းစားတတ်သူလေးပါ။ Sexy ကျကျ အ၀တ်အစားလေးတွေကို အမြဲ ရွေးချယ် ၀တ်ဆင်တာကိုလည်း  တွေ့ရပါတယ်။ သူမရဲ့ အလှနဲ့ ဖက်ရှင်တွေကြောင့် အမျိုးသားထုရဲ့ တခဲနက် အားပေးဝန်းရံ မှု ကို ပါ ရထားသူပါ။

Image:Fb/thin zar wint kyaw(photo by Nay Min Tun)
Image:Fb/thin zar wint kyaw(photo by Nay Min Tun)

သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ရက်က ပခုက္ကူမြို့က ဖျော်ဖြေပွဲ တစ်ခုကို သွားခဲ့ပါတယ်။ ဟိုတယ်ပခုက္ကူ ရဲ့ နှစ်နှစ် ပြည့် နှစ်ပတ်လည် Stage Show ပွဲကို သွားရောက်ဖျော်ဖြေ ပေးခဲ့တာပါ။သူမရဲ့ ဖျော်ဖြေပွဲ ပုံရိပ်လေးတွေကိုတော့ သူမရဲ့ အကောင့်မှာ အခုလို ဝေမျှ ပေးထားပါတယ်။

Image:Fb/thin zar wint kyaw(photo by Nay Min Tun)
Image:Fb/thin zar wint kyaw(photo by Nay Min Tun)

📸 Nay Min Tun
💄 Thu Thu Aung
👖 Sandar Aung

READ
မိခင်တစ်ယောက်ဖြစ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့ မြတ်ရတနာကျော်

ပွဲတက်နဲ့  ဖျော်ဖြေပွဲတွေကို ပဲ ဦးစားပေးဖြစ်နေတဲ့ သူမဟာ ပြီးခဲ့တဲ့ အောက်တိုဘာ တုန်းက ရုပ်ရှင်ကားတစ်ကား လက်ခံ ရိုက်ကူးခဲ့ပါတယ်။မြမြ ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ညို မင်းလွင်က ရိုက်ကူး ပုံဖော် ထားပြီး သင်ဇာ ကတော့ မြမြ ဆိုတဲ့ ဇာတ်ကောင် နေရာကနေပါဝင် သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာတော့ ဒီးဒီး လည်း ပါဝင်ထားပြီး ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားပါ။အစပိုင်းမှာတော့ ဖြိုးမြတ်အောင် ပါဝင် ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ မြမြ မှာ ပါဝင်သရုပ်ဆောင်မယ့် ကိစ္စကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။

Image:Fb/thin zar wint kyaw(photo by Nay Min Tun)
Image:Fb/thin zar wint kyaw(photo by Nay Min Tun)

Source:သင်ဇာဝင့်ကျော်

SHARE