မြင်သူတကာ လည်ပြန် ငေးသွားလောက်တဲ့ အလန်းစား ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပွဲတွေကိုလည်း ဆက်တိုက်ဆိုသလို မနားတမ်းတက်ရောက်ပေးနေတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ မသိသူမရှိလောက်အောင် ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်တဲ့ သင်ဇာကတော့ သူမရဲ့ ညို့အားပြင်းအလှကြောင့် ပုရိသတွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Kate’s UK Brand House ရဲ့ ဖွင့်ပွဲကို တက်ရောက်ပေးခဲ့ပါသေးတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ အနက်ရောင် ပွဲတက်ဝတ်စုံနဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Sourcce: Thin Zar Wint Kyaw

SHARE