့မြမြ ရုပ်ရှင်ကားအတွက် သရုပ်ဆောင်သစ်ရွေးပွဲမှာ တွေ့ရတဲ့ သင်ဇာဝင့်ကျော်

Image:fb/Thin Zar Wint Kyaw

သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ မြမြရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်သစ် ရွေးချယ်တဲ့ ပွဲ ကိုတက်ရောက်ခဲ့ပါတယ်။ မြမြရုပ်ရှင်ဇာတ်ကားမှာ မုဒိမ်းသမားတွေ အဖြစ် ပါဝင်မယ့် သရုပ်ဆောင် တွေ ကိုတော့ လူသစ်တွေကို လျှောက်လွှာတင်ပြီး ရွေးချယ်ခဲ့တာပါ။ လာရောက်ယှဉ်ပြိုင်သူအများကြီးထဲကမှ သုံးယောက်ကိုတော့ အပြီး သတ်ရွေးချယ်လိုက်ပါတယ်။ ဒီလူရွေးပွဲကိုတော့ မြမြ နေရာကနေ ပါဝင်သရုပ်ဆောင်မယ့် သင်ဇာဝင့်ကျော် ကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။

Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw

“မြမြ ရုပ်ရှင်ဇာတ်ကားအတွက်သရုပ်ဆောင်သစ်ရွေးခြယ်ပွဲ congratulations 🎈🎊🍾🎉 Nyo Min Lwin 👏🏼👏🏼👏🏼
📸 Nay Min Tun
👗 SHAYI online store

ဆိုပြီး သင်ဇာက သူမရဲ့ ပုံလေးတွေကို ဝေမျှထားပါတယ်။

READ
ရုပ်ရှင်အထူးပွဲသို့ တက်ရောက်လာခဲ့တဲ့ (Mr. Bean) Rowan Atkinson
Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw

မြမြကိစ္စကတော့ တောင်ဒဂုံ လိုင်စင်ရုံးနားမှာဖြစ်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မိန်း ကေ လး တစ်ယောက်ကို မြမြဆိုတဲ့ သရဲဝင်ပူးခဲ့တာပါ။ မြမြက သူမဟာ အသတ်ခံခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့ အကြောင်းကို အမှု မှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ ပြောခဲ့တာပါ။

Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw

ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ တော့ လုပ်ခဲ့ပေမယ့် ဒီကိစ္စ ဟာ တကယ်ပဲ ဖြစ်ခဲ့တာ ဟုတ်၊ မဟုတ်ဆိုတဲ့ ကိစ္စကတော့ အခုထိ ဖြေရှင်းလို့ မရတဲ့ ပုစ္ဆာ တစ်ခု အဖြစ် ရှိနေတုန်းပါ။ ဒီအကြောင်းကိုတော့ ဒါရိုက်တာညိုမင်းလွင်က ရုပ်ရှင်ဇာတ်ကားအဖြစ်ပုံဖော် ရိုက်ကူး မှာပါ။ ရိုက်ကူးရေးတွေကိုတော့ (၁၀) လပိုင်းလောက်က စပြီး လုပ်မယ်လို့ သင်ဇာက သူမရဲ့ Fb မှာ ပြောထားပါတယ်။

READ
Gym ဆော့ပြီး Body အရမ်းမိုက်လာတဲ့ Sungjae(BTOB)
Image:fb/Thin Zar Wint Kyaw

Source: သင်ဇာဝင့်ကျော်

SHARE