ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ဇာတ်လမ်းတွဲတွေ၊ကြော်ငြာတွေကို မနားတမ်းရိုက်ကူးနေတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်တွေကြောင့် ဆိုရှယ်မီဒီယာတွေမှာ လူပြောများတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။


သူမကတော့ ဒီကနေ့မှာလည်း သူမရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်ကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေကို ရရှိနေပြန်ပါပြီ။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ အမိုက်စား အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး V-KOOL ရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။


သင်ဇာကတော့ သူမရဲ့ ပွဲတက်ဝတ်စုံတွေကြောင့် ဝေဖန်မှုတွေကို ကြုံနေရလေ့ရှိပေမဲ့ အမြဲသူမရဲ့ အလှကို ယုံကြည်မှုရှိရှိနဲ့ ချပြလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။


သင်ဇာရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source: Thinzar Wint Kyaw