မွေးနေ့ရက်မြတ်လေးမှာ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် သရုပ်ဆောင်၊မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ညို့အားပြင်းအလှကြောင့် ပုရိသတွေရဲ့ အားပေးဝန်းရံမှုတွေကိုလည်း ရရှိထားတဲ့သူမကတော့ ဖေစ်ဘုတ်ပေါ်မှာ နာမည်ကျော်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။

ဒီကနေ့မှာ အသက် ၃၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ မွေးနေ့ အလှူကို အောင်ဇဗ္မူတောရ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ မြင်တွေ့နေကျ ပုံစံမျိုးနဲ့မဟုတ်ပဲ မြန်မာဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိပြီး လှနေပါတယ်။

မွေးနေ့ရက်မြတ်လေးကို အလှူအတန်းတွေ၊ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်းဖြတ်သန်းနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဓါတ်ပုံလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ သင်ဇာရဲ့ မွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

SOurce: Thin Zar Wint Kyaw

SHARE