ဖုန်းဆိုင်အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

သူမတူတဲ့ စတိုင်တွေ ဖက်ရှင်တွေကို ဝတ်စားတတ်ပြီး အမြဲဆွဲဆောင်မှုရှိရှိလှနေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အလှဓါတ်ပုံတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံ အသစ်လေးတွေကို တင်ပေးထားပါသေးတယ်။ “မနေ့က Hello ဖုန်းဆိုင်ကြော်ငြာရိုက်လေးပါ” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အဖြူရောင်တီရှပ်လေးနဲ့လည်း ဆွဲဆောင်မှုရှိရှိလှနေပြန်ပါတယ်။

ဖုန်းဆိုင်ကြော်ငြာရိုက်ကွင်းက ဓါတ်ပုံလေးတွေကို သင်ဇာဝင့်ကျော်ရဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

SOurce: Thinzar Wint Kyaw

SHARE