လူအချို့ရဲ့ ဆိုးဆိုးရွားရွားအပုပ်ချမှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အမိုက်စားဖက်ရှင်တွေကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အဝတ်အစားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး လူအချို့ရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ခံရပေမဲ့လည်း ပြန်လည် တုံ့ပြန်ပြောဆိုလေ့မရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ လူအချို့ကတော့ အတော်လေးကို စည်းကျော်ပြီး ပြောဆိုလာကြတာကြောင့် သင်ဇာဝင့်ကျော်က သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ အခုလိုပဲ ရေးသားပြီး ပြန်လည်တုံပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကိုပါ  သင်ဇာဟာ အပြာမင်းသမီးတစ်ယောက်ပါဆိုတဲ့ မက်ဆေ့ပို့ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်ဇာက သူမကို ပြောတဲ့သူကို အကောင့်နဲ့တကွ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။

SOurce: Thin Zar Wint Kyaw

SHARE