သင်ဇာဝင့်ကျော်ရဲ့ ပုံထဲက လက်ပိုင်ရှင်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေထွက်လာ

မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ရက်က Maldives ကို အလည်သွားခဲ့ပါတယ်။ အဲ့ဒီမှာ ရေကူးအပန်း ဖြေ အနားယူခဲ့ပါတယ်။ သင်ဇာက ရေကူးနေတဲ့ ပုံတွေ၊အပန်းဖြေနေတဲ့ ပုံတွေ အများကြီး သူမရဲ့ အကောင့် မှာ ဝေမျှ ထားပါတယ်။နောက်ဆုံးသူမတင်ထားတဲ့ ပုံကတော့ ရေချိုးနေတဲ့ ပုံပါ။အဲ့ဒီပုံထဲမှာ ပါလာတဲ့ လက်က တော့ ပရိသတ် တွေရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့ပါတယ်။

လက်မှာတော့ ထိုးထားတဲ့ တက်တူးတွေအရ အားလုံးက ဒါဟာ ယောက်ျားလေးဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေး ပေးခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ သင်ဇာရဲ့ ပုံထဲက လက်ပိုင်ရှင်ဆိုပြီး ဆိုရှယ်မီဒီယာမှာ ပုံတွေ ထွက်ပေါ် လာခဲ့ပါ တယ်။

အဲ့ဒီလူရဲ့ IG အကောင့်မှာလည်း သင်ဇာရဲ့ နောက်ကျောခိုင်းပုံတစ်ပုံ တင်ထားပါတယ်။အဲ့ဒီပုံဟာ သင်ဇာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေထဲက အကျီင်္နဲ့ တစ်ပုံစံတည်းဖြစ်တာကြောင့် သူမ လို့ အားလုံးက တစ်ထစ်ချ သတ်မှတ် ခဲ့ ပါတယ်။

READ
Brad Pitt ကို ပြန်လိုချင်နေတဲ့ Angelina Jolie

ဒါ့အပြင် သူတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ရေကူးဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ် ဖျတ်ခဲ ပါလာခဲ့ပါတယ်။ အား လုံးကတော့ အဲ့ဒီမိန်းကလေးဝတ်ထားတဲ့ ရေကူးဝတ်စုံနဲ့ သင်ဇာသူမအကောင့်မှာ တင်ထားတဲ့ ပုံထဲက ရေကူး ၀တ်စုံနဲ့ တစ်ထပ်တည်းမို့ ဒါဟာ သင်ဇာပဲလို့လည်း သေချာ ပေါက် သတ်မှတ်ထားခဲ့ပါတယ်။ပရိသတ်တွေက တော့ အဲ့ဒီ လူဟာ သင်ဇာနဲ့ ဘယ်လို ပတ်သက်နေလဲ ..?သင်ဇာရဲ့ ချစ်သူလား ဆိုပြီး အရမ်းကို သိချင်နေကြပါတယ်။

သူတို့နှစ်ဦးတင်ခဲ့တဲ့ ဗီဒီိယိုဖိုင်များ

သင်ဇာရဲ့ ဗီဒီယိုဖိုင်

 

View this post on Instagram

 

✨😇The ocean calm my restless soul😇✨ #happylife #summervibes #happyvacation #happymoments❤ @grandparkkodhipparu

A post shared by 💋Thin Zar Wint Kyaw💋 (@thinzarwintkyaw) on

Source သင်ဇာဝင့်ကျော် ၊enjoytavie

SHARE