မဂ္ဂဇင်းကာဗာ ဓါတ်ပုံတွေကို ဝေမျှပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ပုံအလန်းတွေ တင်နေပါတယ်။ကချင်ပြည်နယ်၊ရေခဲတောင် ရောက် အမှတ်တရပုံတွေကို တင်ထားတာ သိပ်ကြာသေးတဲ့ သူမဟာ မတ်လ ထုတ် MODA  မဂ္ဂဇင်းအတွက်  သူမရိုက် ကူးပေးခဲ့တဲ့ ပုံအလန်းတွေကို မတ်(၁၃)ရက်နေ့မှာ တင်ခဲ့ပါတယ်။

ဓါတ်ပုံဆရာကတော့ Fred ပါ။မိတ်ကပ်ကတော့ စည်သူဟိန်း၊၀တ်စုံဒီဇိုင်းကတော့ ဖြိုးသီရိမောင်၊Art ဒါရိုက်တာကေ တာ့  Denzil Qi ၊ ရိုက်ကူးရေးကိုတော့ ငပလီ ကမ်းခြေမှာပြုလုပ်ခဲ့တာပါ။သင်ဇာကတော့ ဘီကီနီ အလန်းတွေနဲ့ ရော အမိုက်စား ၀တ်စုံတွေကိုပါ ၀တ်ပြီး ခပ်မိုက်မိုက်ပုံလေးတွေကို ရိုက်ကူးခဲ့တာပါ။

 

သင်ဇာဟာ ပြီးခဲ့တဲ့ ရက်တုန်းက ရေခဲတောင်ပေါ်မှာ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ ကေညီ၊ ယုန်လေး တို့ နဲ့ အတူ ရိုက်ကူးရေးလုပ်ခဲ့ပါတယ်။ရုပ်ရှင်ကားရဲ့ နာမည်ကတော့ ‘မမြင်နိုင်တဲ့ ပစ္စုပ္ပန်’ (သို့) ‘အေးခဲသွားသော Memory’ လို့ သိရပါတယ်။ဒါဟာလောလောဆယ် ယာယီပေးထားတဲ့ နာမည်လို့သိရပါတယ်။

READ
အချိန်တွေ ဘယ်လိုလွင့်ပျယ်သွားလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖော်ပြနေတဲ့ ဓာတ်ပုံများ

Source သင်ဇာဝင့်ကျော်

SHARE