ဗီဒီယိုဖိုင် အသစ်တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

Image:IG/Thin Zar Wint Kyaw

အမျိုးသားပရိသတ်တွေကြား ရေပန်းအစားဆုံးအနုပညာရှင်တွေထဲမှာတော့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က လည်း တစ်ယောက်အပါအ၀င်ပါ။သင်ဇာကတော့ အခုဆိုရင် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက် မရပ်မနား ပြန်လည် လုပ်ဆောင်လျက်ရှိပါတယ်။သင်ဇာကတော့ သူမရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီလို့ ကြေညာ လိုက်ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုပဲ ဦးစားပေးလုပ်နေတာကို တွေ့ရပါတယ်။

Image:IG/Thin Zar Wint Kyaw
Image:IG/Thin Zar Wint Kyaw
Image:IG/Thin Zar Wint Kyaw

ပွဲတွေ မကြာခဏ တက်ရောက်ပေးနေရသလို တစ်ဖက်မှာလည်း ကြော်ငြာတွေ ဆက်တိုက်ဆိုသလို ရိုက်ကူး ပေးလျက်ရှိပါတယ်။သြဂုတ်လ (၁၅)ရက်နေ့မှာတော့ သင်ဇာက သူမရဲ့ အကောင့်မှာ ဗီဒီယိုဖိုင် တစ်ခု တင်လိုက်ပါတယ်။ကြော်ငြာရိုက်ကွင်းတစ်ခုခုက ဗီဒီယိုဖိုင်လို့ ယူဆရပါတယ်။ဗီဒီယိုဖိုင်ရဲ့ Caption မှာတော့ “Glowy ✨ ….” လို့ပဲ ရိုးရိုးရှင်းရှင်းလေးတပ်ထားပါတယ်။

Glowy ✨✨✨

Posted by Thin Zar Wint Kyaw on Wednesday, August 14, 2019

Image:IG/Thin Zar Wint Kyaw

သင်ဇာကတော့ ပြီးခဲ့တဲ့ရက်တုန်းကလည်း SHAYI အတွက် ပုဂုံမှာ ဗီဒီယိုဖိုင်လေးတစ်ခု ရိုက်ပေးခဲ့ပါသေးတယ်။ ပြုံးစိစိဖြစ်နေတဲ့ သူမရဲ့ မျက်နှာကြောင့်..”ရုပ်ကိုက ပဲများပြီးလျှောက်တာပါဆို ပြုံးစိစိနဲ့ ….” ဆိုပြီး တင်ထားပါတယ်။

ရုပ်ကိုက ပဲများပြီးလျှောက်တာပါဆို ပြုံးစိစိနဲ့ 🙄😒😅😜🐷🧡👗 SHAYI online store

Posted by Thin Zar Wint Kyaw on Tuesday, August 13, 2019

သင်ဇာဝင့်ကျော်ရဲ့ ဇာတ်ကားအနေနဲ့ ဆိုရင်တော့ အချစ်ဆုံးCrush ဆိုတဲ့ ရုပ်ရှင်ကားကြီးရုံတင်ဖို့ရှိပါတယ်။

READ
ဆယ်လီတွေရဲ့ ၀န်းရံမှုနဲ့အတူ ပရိသတ်ရှေ့ကို ရောက်လာတော့မယ့်”ည”
Image:IG/Thin Zar Wint Kyaw
Image:IG/Thin Zar Wint Kyaw

Source :Thin Zar Wint Kyaw

SHARE