ပုံအမိုက်စားလေးတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ စတိုင်အလန်းလေးတွေ၊ အမို က်စား ကောက်ကြောင်းလှလှလေးတွေကြောင့် နာမည်ကြီးသူပါ။ စတိုင်အလန်းလေးတွေနဲ့ အမိုက်စားဖက်ရှင်တွေကို ချပြတတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ နိုဝင်ဘာ(၁၅)ရက်နေ့က ပုံအသစ်လေးတွေ တင်လိုက်ပြန်ပါတယ်။

 

“သာယာသောလမ်းတိုင်းဟာမဖြောင့်ဖြူးသလို…ဖြောင့်ဖြူးသောလမ်းတိုင်းဟာလဲ မသာယာနိုင်ပါ…” ဆိုပြီး Caption ရေးထားပါတယ်။

ဒီရက်ပိုင်း သူမရဲ့ လှုပ်ရှားမှုတွေကို ပြောမယ်ဆိုရင်တော့သင်ဇာဝင့်ကျော်ကတော့ နိုဝင်ဘာလ (၁၂) ရက်နေ့က ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ “ကြတ်ဂူ” ရုပ်ရှင်ဇာတ်ကား Red Carpet ပွဲ ကို တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ “လျှို့ဝှက်စာမျက်နှာ” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့ပါတယ်။ ဒီကားမှာတော့ ရဲရင့်အောင်၊ သင်ဇာဝင့်ကျော် နဲ့ ခါရာတို့ ပါဝင်ထားပါတယ်။

READ
စုံတွဲပုံလေး တင်လိုက်တဲ့ ပက်ထရစ်ရှာ

 

Source သင်ဇာဝင့်ကျော်

SHARE