နှစ်သစ်မှာ မင်္ဂလာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ အလှတွေကို ပြသလိုက်တဲ့ သင်ဇာ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေတဲ့ အောင်မြင်တဲ့ သရုပ်ဆောင်၊မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာလည်း ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး၊လူပြောအများဆုံး ဆယ်လီတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ သင်ဇာဝင့်ကျော်ဟာ အဖြူရောင် မင်္ဂလာဝတ်စုံလေးနဲ့ ကျော့ရှင်းပြီး ကျက်သရေရှိရှိလှနေတဲ့ သူမရဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေလိုက်တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ D Alight Fashion အတွက် မော်ဒယ်အဖြစ်နဲ့ ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

SOurce: Thin Zar Wint Kyaw

SHARE