ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းထိုးလုပ်ငန်းရှင်လေးဖြစ်နေတဲ့ (၁၁) နှစ်အရွယ်ကောင်လေး

ဂျိုနာလာဆန်ဟာ အသက် (၁၁) နှစ်အရွယ်ရှိပြီး အီသိုယိုပီးယားမှာ မွေးဖွားတဲ့ ကောင်လေးတစ်ယောက်ပါ။ မကြာခင်ကတော့ ဂျိုနာဟာ သူ့ရဲ့ ၀ါသနာဖြစ်တဲ့ ပန်းထိုးပညာကြောင့် အွန်လိုင်းမှာ နာမည်ကျော်လာခဲ့ပါတယ်။ သူဟာ အင်စတာဂရမ်ပေါ်မှာ ပရိသတ် (၁၄၀,၀၀၀)ကျော်နဲ့ Youtube ပေါ်မှာ (၂၈,၀၀၀) လောက် ရှိနေပါပြီ။

ဂျိုနာဟာ အသက်(၅) နှစ်ကတည်းက ပန်းထိုးပညာကို စပြီး လေ့လာခဲ့တာပါ။ ငယ်ငယ်ကတည်းက မိရင်းဖရင်းတွေနဲ့ ကွဲခဲ့ပြီး စိတ်သဘောထားကောင်းတဲ့ မိသားစုတစ်စုကနေ မွေးစားခံခဲ့ရပါတယ်။ ဂျိုနာလးဟာ အွန်လိုင်းပေါ်က ပန်းထိုးနည်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကြည့်ပြီး ပန်းထိုးလိုက်ကျင့်ရင်းကနေ တဖြည်းဖြည်းနဲ့ ပန်းထိုးကျွမ်းလာခဲ့တာ ဖြစ်ပါတယ်။ ပန်းထိုးပညာမှာ ၀ါသနာကြီးတဲ့အတွက် ပန်းထိုးပညာနဲ့ လိုချင်တဲ့ပုံစံလေးတွေ ဖော်နိုင်ဖို့ ဂျိုနာအတွက် အချိန်အများကြီး မပေးခဲ့ရပါဘူး။

boredpanda

ကလေးဖြစ်ပေမယ့် အခုလောက်ထိ ပန်းထိုးပညာရပ်မှာ တီထွင်ဖန်တီးနိုင်တာ ချီးကျူးစရာပါပဲ။ ဂျိုနာက မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု ထောင်ထားပါတယ်။ ဆိုင်နာမည်လေးကိုတော့ “Jonah’s Hands” လို့ အမည်ပေးထားပါတယ်။ ဆိုင်လေးမှာ ဂျိုနာ လက်ထွက် လက်အိတ်လေးတွေ၊ စောင်လေးတွေ၊ စားပွဲခင်းလေးတွေ စသဖြင့် ရောင်းချပါတယ်။ ဂျိုနာဟာ ပန်းထိုးပညာမှာတင် တော်ရုံမကပဲ ကျောင်းစာမှာလည်း ကြိုးစားတဲ့ ကလေးတစ်ယောက်လို့ အံ့သြဖွယ် သိရပြီး သူ့ရဲ့ အိပ်မက်ကတော့ တစ်နေ့ ခွဲစိတ်ဆရာဝန်ကြီး ဖြစ်ဖို့ပါတဲ့။

READ
ဂီတာကို ခြေထောက်နဲ့ ကျွမ်းကျင်စွာ တီးခတ်ပြသွားတဲ့ မွေးရာပါ လက်မပါသူ အမျိုးသား
boredpanda

ဂျိုနာရဲ့ အကြောင်းက အွန်လိုင်းပေါ်မှာ လူသိများလာတာကြောင့် သူ့ဆိုင်လေးကလည်း တစ်နေ့တစ်ခြား အမှာစာပေးပို့လာသူတွေနဲ့ စည်ကားနေပါတယ်။ ဒါပေမယ့် မွေးစားမိခင် ဂျနီဖာကတော့ ကလေးပင်ပန်းမှာစိုးတဲ့အတွက် အလုပ်အပ်ထည်တွေကို အများကြီးလက်မခံဘူးလို့ သိရပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အရာကို ငယ်ငယ်လေးထဲကနေ သိ၊ သိနေရုံနဲ့ မပြီးဘဲ ကျွမ်းကျင်အောင်လည်း လေ့လာတတ်တဲ့ ဂျိုနာလေးကတော့ အသက်ငယ်ပေမယ့် လူကြီးတွေတောင် အတုယူရလောက်တဲ့ ပါရမီရှင်လေးပါပဲ။ အခုဆိုရင် ဂျိုနာက ပန်းထိုးပညာအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်တောင် ထုတ်ဖို့ ပြင်ဆင်နေပါပြီ။ အောက်မှာ တွေ့ရမှာကတော့ ဂျိုနာရဲ့ ပန်းထိုးလက်ရာလေးတွေပဲ ဖြစ်ပါတယ်။

boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda

လင်းလင်း (ShweMom)

Ref: boredpanda

SHARE