(၆) နှစ်လုံးလုံး အချစ်ဆုံးသူငယ်ချင်းကို ကျောင်းဆီ ကုန်းပိုးသယ်လာတဲ့ ကျောင်းသားလေး

အသက် (၁၂) နှစ်အရွယ် ကျောင်းသားလေးတစ်ဦးဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို နေ့စဉ်ချီပိုးပြီး ကျောင်းကို ခေါ်လာလေ့ရှိပါတယ်။ တရုတ်နိုင်ငံ Qingshen ကောင်တီက Hebazi Town Central မူလတန်းကျောင်းက ဖြစ်ရပ်လေးပါ။ မိုးရွာရွာ နေပူပူ၊ သူငယ်ချင်းနှစ်ဦးဟာ ဒီပုံစံအတိုင်းပဲ ကျောင်းလာလေ့ ရှိပါတယ်။ ကျောင်းသားလေး ကျန်းကျီဟာ အသက်(၄) နှစ်အရွယ်မှာကတည်းက ရှားပါးအကြောရောဂါတစ်ခုဖြစ်ပြီး ခြေထောက်တွေ မသန်တော့ပါဘူး။ ကျန်းကျီဟာ သူတစ်ယောက်တည်း လမ်းမလျှောက်နိုင်ပါဘူး။

meishan.scol

ဒါပေမယ့် ကျန်းကျီကို အမြဲတမ်းကျောင်းတက်နိုင်အောင် ကူညီပေးနေတဲ့ သူငယ်ချင်းတော့ ရှိပါတယ်။ အဲဒါကတော့ ရှုဘင်းယမ်ဆိုသူ ကျောင်းသားလေးပါ။ ရှုဘင်းယမ်က ကျန်းကျီနေ့တိုင်း ကျောင်းတက်နိုင်အောင်ဆိုပြီး သူငယ်ချင်းဖြစ်သူကို ကျောင်းသွားတိုင်း ကုန်းပိုးချီသွားလေ့ ရှိပါတယ်။ ပြီးတော့ အတန်းတစ်တန်းကနေ နောက်တစ်တန်းဆီကူးပြီး စာသွားသင်တဲ့အခါမျိုးမှာလည်း ရှုဘင်းယမ်ဟာ သူငယ်ချင်းကို လိုက်ပို့တတ်ပါသေးတယ်။

meishan.scol

(၆) တန်းကျောင်းသားကြီးနှစ်ယောက်တို့ဟာ နေ့တိုင်း ပျော်ရွှင်စွာ ကျောင်းသွားကြပါတယ်။ ရှုဘင်းယမ်က ခြေထောက်မသန်ရှာတဲ့ သူ့သူငယ်ချင်းကို အရမ်းချစ်ခင်ပုံ ရပါတယ်။ သူငယ်ချင်းအတွက် ရေဘူးဖြည့်ပေးတာ၊ စာအုပ်သွားထပ်ပေးတာ၊နဲ့ အိမ်သာသွားတဲ့အခါမျိုးကအစ သူငယ်ချင်းကို သေချာစောင့်ရှောက်ပေးပါတယ်။

READ
စစ်မှုထမ်းပြီး ပြန်လာတဲ့သားကို ဘယ်သူမှ မထင်ထားတဲ့ပုံစံနဲ့ ကြိုခဲ့တဲ့ဖခင်
Sichuan Online

ကျန်းကျီကတော့ အနွံတာခံလှတဲ့ သူ့သူငယ်ချင်းနဲ့ ပတ်သက်လို့ စီချွမ်အွန်လိုင်းကို အခုလို ပြောပြပါတယ်။ “ရှုဘင်းယမ်က ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းပါ။ နေ့တိုင်း ကျွန်တော်တို့ စာအတူတူလုပ်ကြတယ်၊ စကားတွေ ပြောကြတယ်၊ ဆော့ကြပါတယ်။ ကျွန်တော့်အတွက် ဒီလိုသူငယ်ချင်းမျိုး ရှိနေတာ ကျေးဇူးတင်စရာကောင်းပါတယ်…”

သူတို့နှစ်ဦးကို စာသင်ကြားပေးတဲ့ ဆရာမကတော့ ရှုဘင်းယမ်နဲ့ ပတ်သက်လို့ ရှုဘင်းယမ်ဟာ စာကြိုးစားပြီး ရိုးသားတဲ့ သူငယ်လေးဖြစ်ကြောင်းနဲ့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ရှုဘင်းယမ်ကတော့ “ကျွန်တော်က (၈၈) ပေါင်လောက် ၀ိတ်ရှိတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ (၅၅) ပေါင်ပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော်သူ့ကို မနိုင်တာပေါ့။ ကျွန်တော်က လူကောင်ပိုထွားတယ်လေ။ တကယ်လို့ ကျွန်တော်သာ ကျွန်တော့်သူငယ်ချင်းတွေကို မကူညီဘူးဆိုရင် ဘယ်သူမှ ကူညီမှာမဟုတ်ဘူး..” လို့ ပြောပြခဲ့ပါတယ်။

READ
တစ်ကောင်တည်းကျန်ခဲ့မယ့် သမီးလေးအတွက် စိတ်မချဖြစ်နေရှာတဲ့ အိမ်ရာမဲ့အမျိုးသားကြီး
meishan.scol

လင်းလင်း (ShweMom)

Ref: Unilad, meishan

SHARE