ရုတ်တရက် ခေါင်းအမြန်လှည့်ရင်းနဲ့ လေဖြတ်သေဆုံးသွားတဲ့ (၁၇)နှစ်အရွယ် ကောင်လေး

Facebook/BenLittlewood

လူတွေဟာ အသက်ငယ်ငယ် ကြီးကြီး ကိုတစ်နေ့ဘာဖြစ်မယ်ဆိုတာကို မသိနိုင်ကြပါဘူး။ အခုလည်း ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတဲ့ အသက်(၁၇)နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကော်ဖီဖျော်နေရင်း ရုတ်တရက် ခေါင်းအမြန်လှည့်လိုက်အပြီးမှာ လေဖြတ်ပြီး သေဆုံးသွားတဲ့ဖြစ်ရပ်တစ်ခု အင်္ဂလန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။

Ben ဟာ Greater Manchesterမြို့၊ Dukinfield မြို့နယ်မှာ သူ့မိခင် ၊ညီမလေး၊ ပထွေးဖြစ်သူတို့နဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။

ဗိုလ်လောင်းတစ်ယောက်ဖြစ်တဲ့ Ben Littlewood ဟာ ဆေးလိပ်အရက် အသောက်အစားမရှိဘဲ အသက်(၃)နှစ်အရွယ် ညီမလေးတစ်ယောက်ကို စောင့်ရှောက်နေတဲ့ အစ်ကိုကောင်းတစ်ယောက်ဖြစ်ပါတယ်။

Facebook/BenLittlewood

တစ်ရက် မိသားစုဝင်တွေအတွက် မီးဖိုချောင်မှာ ကော်ဖီဖျော်ပေးနေရင်း ရုတ်တရက်လဲကျသွားခဲ့ပါတယ်။ မိခင်ဖြစ်သူက သူခေါ်တာကို ပြန်မထူးတာနဲ့ ၀င်ကြည့်လိုက်ချိန် လဲကျပြီး တက်နေတာကိုတွေ့ရှိခဲ့တာကြောင့် ဆေးရုံကို အမြန်ဆုံးပို့ဆောင်ခဲ့ပါတယ်။ Ben ဟာ ဆေးရုံမှာ (၈)ရက်ကြာပြီးမှ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်ရပ်ဟာ (၂၀၁၉)ခုနှစ် ဧပြီလ (၃)ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

ဆရာဝန်တွေက သွေးကြောပြတ်သွားပြီး ဦးနှောက်သွားကြောပိတ်သွားတာလို့ ကနဦး ယူဆခဲ့ကြပြီး၊ စမ်းသပ်ကြည့်လိုက်တဲ့အခါ ဦးနှောက်ကပုံမှန်ဖြစ်နေတာကြောင့် အခြားစမ်းသပ်မှုတွေလုပ်တဲ့အခါမှ လေဖြတ်သွားတယ်ဆိုတာကိုသိခဲ့တာပါ။ လူနာကို အရေးပေါ်ခန်းမှာထားပြီး (၄)ရက်အကြာမှ လေဖြတ်သွားတယ်ဆိုတာကို သိခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်မှာ ပုံမှန်အားဖြင့် လေဖြတ်ရောဂါဖြစ်တဲ့ပျှမ်းမျှအသက်အရွယ်ဟာ အသက်(၆၈)နှစ်ဝန်းကျင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့အသက်အရွယ်နဲ့ဖြစ်နိုင်ခြေရှိတဲ့ ဦးနှောက်သွေးယိုတာ၊ ဦးခေါင်းအကြိတ်ဖြစ်တာ၊ ဦးခေါင်းခွံကျိုးကြေတာစတဲ့ ရောဂါတွေကို ရှာဖွေခဲ့တာလို့ ဆရာဝန် Shiva Koteeswaran ကပြောပါတယ်။

Facebook/BenLittlewood

အခုလို ဒီအသက်အရွယ်နဲ့ရုတ်တရက် လေဖြတ်သွားတယ်ဆိုတာ အင်္ဂလန်မှာ အရမ်းကိုရှားပါးပြီး၊ ဆရာဝန်သက်တမ်း(၁၂)နှစ်အတွင်း မတွေ့ကြုံခဲ့ဖူးဘူးလို့ ဆိုခဲ့ပါတယ်။ Ben ရဲ့မိခင်ဖြစ်သူကလည်း  ရိုးသားကြိုးစားပြီး ၊ အကိုကြီးပီသတဲ့ သူ့သားအတွက် အင်မတန်ဝမ်းနည်းရသလို ၊ အင်္ဂလန်မှာ ဒီလို လေဖြတ်တဲ့ရောဂါအတွက် အသိပညာပေးနှိုးဆော်မှုတွေကို များစွာပြုလုပ်သင့်တယ်လို့ DailyMail သတင်းစာကို ပြောကြားခဲ့ပါတယ်။

Khaing Sandar

SHARE