ရုံးချိန်းလာရမယ့်အချိန်မှာ အိပ်ပျော်သွားခဲ့တဲ့အမျိုးသားကို တရားရုံးက ထောင်(၁၀)ရက်ချမှတ်ခဲ့

YouTube/ABC7

ပြီးခဲ့တဲ့သြဂုတ်လတုန်းက ရုံးချိန်မှာအိပ်ပျော်နေခဲ့တဲ့အမျိုးသားတစ်ဦးကို ထောင်(၁၀)ရက်ချခဲ့တဲ့မှတ်တမ်းကို အောက်တိုဘာလ(၇)ရက်နေ့က ဖလော်ရီဒါတရားရုံးကဖယ်ရှားလိုက်တယ်လို့ တရားရုံးမှတ်တမ်းကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မြို့ပြတရားသူကြီး Kastrenakes က အသက်(၂၁)အရွယ် Deandre Somerville ကို ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှုဆိုတဲ့ပြစ်မှုထင်ရှားတဲ့အတွက် ထောင်(၁၀)ရက်ချခဲ့ပါတယ်။ ဒီအမှုမတိုင်ခင်မှာ Somerville ဟာ ပြစ်မှုကျူးလွန်ထားတဲ့မှတ်တမ်းမရှိတဲ့အတွက် အခုလိုသူ့ရဲ့မှတ်တမ်းကို တရားရုံးကဖယ်ရှားပေး ခဲ့တာဖြစ်ပါတယ်။

Somerville ဟာ သြဂုတ်လတုန်းက West Palm Beach ကောင်တီမှာ မော်တော်ကားမတော်တဆပေါ့ဆမှုတစ်ခု နဲ့ပတ်သက်ပြီး တရားရုံးမှာကြားနားမှာလုပ်ဆောင်ရမှာဖြစ်ပေမယ့် အဲ့ဒီနေ့မနက်ပိုင်းမှာ အအိပ်လွန်သွားခဲ့တဲ့အပြင်  တရားရုံးကိုသွားတဲ့လမ်းမှာလည်း သူစီးမယ့်ကားနဲ့လွဲချော်မှုတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီအစား သူရဲ့ အလုပ်ရှိရာ ဒေသပန်းခြံတစ်ခုဆီကိုသာသွားခဲ့ပါတယ်။

 

(၃)ပတ်အကြာမှာ ရဲတွေက Somerville ရဲ့အိမ်ကိုရောက်လာပြီး ဖမ်းဆီးခဲ့ပါတယ်။

READ
ကလေးငယ်တွေရဲ့သဘောဆန္ဒပါမှ အနှီးလဲပေးသင့်တယ်လို့ ဆိုလာတဲ့ အမျိုးသမီး

တရားသူကြီးရှေ့မှောက်မှာလည်း Somerville ဟာ သူဟာ တစ်ခါမှတရားရုံးကိုရောက်ဖူးခြင်းမရှိပါဘူးလို့  တောင်းပန်ရှင်းပြခဲ့တဲ့အပြင် ဒီလောက်ထိလေးနက်မယ်ဆိုတာကိုလည်းမသိခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။

တရားသူကြီး Kastrenakes က Somerville ကိုဆူပူကြိမ်းမောင်းခဲ့ပြီး (၄၅)မိနစ်ကြာရုံးတင်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Somerville ကို ထောင်(၁၀)ရက်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပြင် တစ်နှစ်ခံဝန်ချုပ်နဲ့လွှတ်ပေးထားခံ ရမှာဖြစ်ပါတယ်။ဒါ့အပြင် ရပ်ရွာဝန်ဆောင်မှုတွေကိုလည်း နာရီ(၁၅၀) လုပ်ဆောင်ပေးရမှာဖြစ်ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ(၂၂၃)ဒေါ်လာပေးဆောင်ခဲ့ရပါတယ်။

ထောင်ရဲ့အရသာကိုမြည်းစမ်းကြည့်ပါအုံးဆိုပြီး တရားသူကြီး Kastrenakes ကပြောကြားခဲ့ပါတယ်။ တကယ်လို့ ရပ်ရွာဝန်ဆောင်မှုလုပ်ရမယ့်အချိန်တွေကိုမလုပ်ဆောင်ရင် ထောင်(၆)လကျခံရမှာဖြစ်တယ်လို့ထပ်လော င်းပြောကြားခဲ့ပါတယ်။

ထောင်ထဲမှာနေရတဲ့ (၁၀)ရက်ဆိုတာဟာ အရမ်းကိုရှည်လျားပြီး စိတ်ညစ်ခဲ့ရတဲ့ရက်တွေဖြစ်ခဲ့တယ်လို့ Somerville က BuzzFeed သတင်းဌာနကိုပြောပါတယ်။

 

အမှားလေးတစ်ခုကြောင့် မသိလိုက်ခင်မှာပဲ ထောင်ထဲကိုသွားခဲ့ရတယ်လို့ Somerville ကပြောခဲ့ပါတယ်။

READ
ခွေးကိုမျိုဖို့ကြိုးစားနေတဲ့ အန်နာကွန်ဒါမြွေဆီကနေ ခွေးကိုအတင်းပြန်လုခဲ့ရတဲ့ ရွာသားများ

Somerville မှာ သူကရုစိုက်စောင့်ရှောက်ရမယ့် အဖိုးတစ်ယောက်ရှိပါတယ်။သူ့ရဲ့အဖိုးဟာ နှလုံးရောဂါကြော င့် ကိုယ်တစ်ပိုင်းလှုပ်ရှားလို့မရတဲ့အတွက် အဖိုးဖြစ်သူလမ်းလျှောက်နိုင်ဖို့ စကူတာတစ်စီးလိုပါတယ်။ဒါ့ကြောင့် အလုပ်ကိုကြိုးစားပြီးလုပ်နေတာဖြစ်ပါတယ်။ ဒီသတင်းတွေသာ သူ့မိသားစုတွေသိရင် စိတ်ထိခိုက်ကြ လိမ့်မယ်လို့ Somerville ကပြောပါတယ်။

အများပြည်သူရဲ့အယူခံဝန်မှုကြောင့် Somerville ကို ခံဝန်ချုပ်ကို(၃)လလျှော့ချပေးခဲ့တဲ့အပြင် ရပ်ရွာဝန်ဆောင်မှုတွေကိုလည်း နာရီ(၃၀)သာလုပ်ဆောင်တော့ဖို့ တရားသူကြီး Kastrenakes ကအမိန့်ပြန်လည်ချမှတ်ခဲ့ပါတယ်။

ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့တာဝန်မဲ့တဲ့လုပ်ရပ်တွေကြောင့်ပါ။ ကျွန်တော့်ဘ၀ကိုလည်းပြောင်းလဲစေခဲ့ပါတယ်လို့ တရားရုံးမှာ သူ့ရဲ့တောင်းပန်စာကိုဖတ်ပြခဲ့ကြောင်း Somerville ပြောကြားခဲ့တာကို Associated Press ကဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Somerville ရဲ့မှတ်တမ်းကို တရားရုံးကဖယ်ရှားခဲ့ကြောင်း BuzzFeed သတင်းဌာနကဖော်ပြခဲ့ပါတယ်။

Thae Su Aung

SHARE