မိတ်ကပ်အစွမ်းနဲ့ အသက်(၂၀) ပုံဖမ်းပြီး ငွေတွေခြူခဲ့တဲ့ (၄၀) ကျော် အမျိုးသမီးကြီး

မိတ်ကပ်ဟာ လူတစ်ယောက်ရဲ့ ရုပ်ဆင်းသွင်ပြင်ကို မျက်လှည့်ပြလိုက်သလို ပြုပြင်ယူနိုင်တဲ့ အစွမ်းရှိပါတယ်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့က အသက်(၄၃) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကတော့ မိတ်ကပ်အားကိုးနဲ့ သူမရဲ့ ရုပ်ရည်ကို အသက်(၂၀) အရွယ် ဖမ်းကာ အမျိုးသားတစ်ယောက်ဆီက ငွေတွေလိမ်လည် ရယူခဲ့ပါတယ်။

Seehua

အမျိုးသမီးကြီးအမည်က ၀မ်ကျင်းကျင်းဖြစ်ပါတယ်။ သူမဟာ (၂၀၁၅) ခုနှစ်တုန်းက လီရှောင်ကျင်းအမည်ရတဲ့ အသက်(၃၀) အရွယ် အမျိုးသားတစ်ဦးနဲ့ Spa စင်တာတစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ ထိုစဉ်ကစလို့ နီးစပ်ခဲ့ကြပြီးနောက်ပိုင်း ၀မ်က လီကို သူမဟာ ငွေရေးကြေးရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး ငွေချေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အချိန်တိုင်း ၀မ်ဟာ သူမရဲ့ မိခင်ကြီးဟာ ဦးခေါင်းတွင်း သွေးယိုနေတဲ့ ဝေဒနာကိုခံစားနေရပြီး ဆေးရုံတက်နေရကြောင်း၊ ဆေးရုံစရိတ်စကတွေ ပေးရကြောင်း၊ ကုမ္ပဏီမှာလည်း အလုပ်လုပ်ရာမှာ အဆင်မပြေကြောင်း စသဖြင့် ငြီးတွားခဲ့ပါတယ်။

READ
ဇနီးသည် မသိအောင် အမျိုးသမီး(၃၀၀)ကျော်နဲ့ အိပ်ခဲ့ဖူးကြောင်း ၀န်ခံခဲ့တဲ့ ခင်ပွန်း
Seehua

ဒီလိုနဲ့ ၀မ်ဟာ အကြောင်းအမျိုးမျိုးပြပြီး (၂၀၁၆) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အတွင်းမှာ လီဆီက ငွေတွေ အကြိမ်ပေါင်း(၁၅၀) လောက် ချေးယူခဲ့ပါတယ်။ အားလုံးတွက်ကြည့်လိုက်ရင် ယွမ်(၇) သန်းလောက် ရှိနေပါပြီ။ ဒီကြားထဲမှာ ၀မ်ဟာ လီကို ငွေနည်းနည်းဆပ်ခဲ့ပေမယ့် အခုအချိန်ထိ လီအပေါ်မှာ အကြွေး(၆) သန်းလောက် ကျန်နေပါသေးတယ်။ လီရဲ့ အစ်ကိုကြီးက အိမ်က ငွေတွေ ခဏခဏပျောက်နေတာကို သတိထားမိတဲ့အခါ လီအပေါ်မှာ သင်္ကာမကင်းဖြစ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ လီဟာ ရည်းစားကို ငွေချေးနေတဲ့အကြောင်း အစ်ကိုကြီးကို အလုံးစုံပြောပြခဲ့ပါတယ်။

Seehua

လီရဲ့ အစ်ကိုကြီးဟာ ညီဖြစ်သူ ငွေအခြူခံနေမှန်း ရိပ်စားမိတဲ့အတွက် ရဲတိုင်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်စေခဲ့ပါတယ်။ ရဲတွေ စုံစမ်းတဲ့အခါ သိလိုက်ရတဲ့ အံ့သြစရာအဖြစ်က အသက်(၂၀) ၀န်းကျင်လို့ဆိုတဲ့ လီရဲ့ ရည်းစားဟာ တကယ်တမ်းတော့ အသက်(၄၃) အရွယ် မိန်းမကြီးတစ်ယောက် ဖြစ်နေတာကိုပါ။ ရဲအဖွဲ့ဟာ ၀မ်ရဲ့ မှတ်ပုံတင်ကိုယူလာပြီး လီကို ပြတဲ့အခါ လီခမျာ မှတ်ပုံတင်ပေါ်က ကိုယ့်ရည်းစားဓာတ်ပုံကိုတောင် မမှတ်မိတော့ပါဘူး။

READ
ညီမဖြစ်သူ အင်စတာဂရမ်မှာ ပုံတွေတင်တိုင်း လိုက်လံနောက်ပြောင်လေ့ရှိတဲ့ အစ်ကို
Seehua

ဝမ်ဟာ လီနဲ့ ချိန်းတွေ့တဲ့အခါတိုင်း မိတ်ကပ်တွေ ထူပိန်းနေအောင် ပြင်ဆင်ခဲ့တဲ့အပြင် သူမရိုက်ထားတဲ့ ဓာတ်ပုံတွေဟာလည်း မှတ်ပုံတင်ဓာတ်ပုံနဲ့ ဆန့်ကျင်ဘက်ကို ကွာခြားနေခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ရုပ်ရည်ဗန်းပြပြီး ငွေလိမ်လည်ခဲ့တဲ့ ၀မ့်ကို ရဲအဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။

Seehua

လင်းလင်း (ShweMom)

Ref: worldofbuzz , news.seehua.com

SHARE