ထူးခြားတီထွင်မှုတွေကြောင့် အင်တာနက်ပေါ်မှာ လူသိများလာတဲ့ ပါရမီရှင်လေး

SCMP/YouTube

ယနေ့ခေတ် ကလေးငယ်တွေဟာ ဥာဏ်ကောင်းပြီး ထူးချွန်ကြတာ သံသယဝင်စရာမရှိပါဘူး။ အင်တာနက်နဲ့ နည်းပညာတိုးတက်မှုတွေက ကလေးငယ်တွေကို ဗဟုသုတမျိုးစုံပေးစွမ်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် ၇ နှစ်အရွယ် ကလေးငယ်လေးက လူကြီးတွေတောင်မလုပ်နိုင်တဲ့ အရာတွေကို လုပ်ပြခဲ့ပါတယ်။ 

ဒီကလေးငယ်လေးကတော့ ပီကာဆိုတဲ့ ၇နှစ်အရွယ် ကလေးလေးပဲဖြစ်ပါတယ်။ ပီကာဟာ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမှာ မိဘတွေနဲ့ နေထိုင်ပြီး Social Media ပေါ်မှာ Follower ပေါင်း ၂ သိန်း ၃ သောင်းပိုင်ဆိုင်ထားပါတယ်။ ပီကာရဲ့ တီထွင်မှုတွေက အံ့မခန်းပါပဲ။ 

SCMP/YouTube

ပီကာဟာ  မိခင်ဖြစ်သူကို ကျောင်းမှာ သူလုပ်ခဲ့သမျှ စမ်းသပ်မှုတွေအကြောင်း သိပ္ပံကို ဘယ်လောက်ထိစိတ်ဝင်စားတဲ့အကြောင်း အမြဲပြောလေ့ရှိပါတယ်တဲ့။ ပီကာတီထွင်ထားတာတွေကို Social Media ပေါ်မှာတင်ဖို့ မိခင်က တိုက်တွန်းခဲ့ပါတယ်။ သားလေးလုပ်သမျှကို ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။ 

အခုချိန်ထိ ပီကာတင်ခဲ့တဲ့ ဗီဒီယိုပေါင်း ၁၀၀ နီးပါးရှိပါပြီ။ ပီကာရဲ့ တီထွင်မှုတွေထဲမှာ လူသိများတာတွေကတော့ စက္ကန့်အနည်းငယ်အတွင်း ရေခဲအောင်လုပ်တာ၊ စာရွက်ရဲ့ အသုံးဝင်မှုကို သက်သေပြတာ စတာတွေပါဝင်ပါတယ်။ 

ပီကာရဲ့ ထူးခြားတဲ့ တီထွင်မှုတွေကို အောက်မှာပြထားတဲ့ ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။ 

ပီကာလေး ဗီဒီယိုရိုက်ဖို့ စိတ်မပါတဲ့အချိန်တိုင်း မိခင်က အားပေးလေ့ရှိပါတယ်။မိခင်ဖြစ်သူဟာ ပီကာရဲ့ တီထွင်မှုဗီဒီယိုတွေအောက်က Comment တွေကို ဖတ်ပြပြီးတော့ အားပေးတာပါ။ ပါရမီရှင်လေး ပီကာရဲ့ ရည်မှန်းချက်ကတော့ အာကာသယာဉ်မှူးဖြစ်ပြီး လကမ္ဘာကို သွားချင်ပါတယ်တဲ့။

May Thu

SHARE