Terry Lauerman လို့ခေါ်တဲ့ ၇၅ နှစ်အရွယ် အဘိုးအိုတစ်ယောက်က အမေရိကန်နိုင်ငံ Green Bay မြို့မှာရှိတဲ့ Safe Haven တိရစ္ဆာန်ဂေဟာကို နေ့တိုင်းလာပြီး ကြောင်လေးတွေနဲ့ တရေးတမော အိပ်လေ့ရှိပါတယ်။
ဂေဟာကို တည်ထောင်သူ Elizabeth Feldhausen က Terry Lauerman အဘိုးအိုအနေနဲ့ လွန်ခဲ့တဲ့ ၆လ လောက်က ဂေဟာကို ရောက်ရှိလာပြီး ကြောင်လေးတွေကို ဆေးကြောသန့်စင်ပေးတာတွေ၊ ကြောင်လေးတွေနဲ့ တူတူ အိပ်တာတွေ စတာတွေကို သူ့သဘောနဲ့သူ လာလုပ်တာပါလို့ ဆိုပါတယ်။

ဒီလို မျိုးတွေလုပ်ရလို့ Volunteer အနေနဲ့ သူ့ကို form သွင်းပေးဆိုတဲ့ တောင်းဆိုတာလည်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဂေဟာက သူတွေကသူ့ရဲ့ စိတ်ထားကိုလေးစားတဲ့အတွက် တရားဝင် Volunteer အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ဂေဟာကသူတွေက “Terry Lauerman လိုလူမျိုးကို ဂေဟာအတွက်ရလိုက်တာက အရမ်းကိုဝမ်းသာစရာကောင်းပါတယ်၊ သူစရောက်တဲ့ နေ့က ကြောင်လေးတွေကို brush နဲ့တိုက်ပေးချင်ကြောင်း ပြောပြီးလာခဲ့တာပါ အဲ့အတွက်လည်းဘာကိုမှ ပြန်လိုချင်ကြောင်းမပြောခဲ့ပါဘူး ခုနောက်ပိုင်းမှာ သူကကြောင်လေးတွေရဲ့ ကြိုက်တာနဲ့ မကြိုက်တာကအစအားလုံးသိတဲ့ သူတစ်ယောက်ဖြစ်နေပါပြီ ၊ Terry က အရမ်းကို စိတ်ထားမွန်မြတ်တဲ့ ပရဟိတသမားပါ” လို့ ပြောခဲ့ပါတယ်။
Terry Lauerman ရဲ့ အကြောင်းကို ဂေဟာက လူတွေက Facebook မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ post ဟာ (၂)ရက်အတွင်းမှာ (၁.၆) သန်းအထိ Like တွေရခဲ့ပြီး Terry ရဲ့ မွန်မြတ်တဲ့အပြုအမူက အရမ်းကို နာမည်ကြီးသွားခဲ့ပါတယ်။
Terry အနေနဲ့ အောင်မြင်ကျော်ကြားလာပြီး အလှူရှင်တွေရှိလာရင် ဒီ တိရစ္ဆာန်ဂေဟာကိုပဲ အများကြီး အထောက်အကူပြုသွားမယ်လို့ ဆိုပါတယ်။
Lwin Min