Rubik အတုံးပေါင်း(၇၅၀)သုံးပြီး John Cena ရဲ့ မျက်နှာကို ပုံဖော်သွားတဲ့ (၉)နှစ်သားလေး

YouTube/Benjamin Russo

Rubik ကုဗတုံးဆိုတာ မျက်နှာပြင်လေးဖက်ပါရှိပြီး မတူညီတဲ့ အရောင်တွေ ပါဝင်တဲ့ ကုဗတုံးတစ်ခုပါ။ ဒီလို ကုဗတုံးတွေကို မျက်နှာပြင်တစ်ခုထဲမှာ အရောင်တွေတူတဲ့ အခြေအနေတစ်ခုဖန်တီးဖို့ဆိုတာ သာမန်လူတစ်ယောက်အတွက် တော်တော်အချိန်ယူရမှာပါ။ အဲဒီလို သာမန်လူတစ်ယောက်တောင် ကုဗတုံးတစ်ခုကို အရောင်တူမျက်နှာပြင်တစ်ခုလုပ်ဖို့ ခက်ခဲနေတာကို အသက်၉နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်ဟာ Rubik ကုဗအတုံးပေါင်း(၇၅၀)သုံးပြီး John Cena ရဲ့ပုံကို ပုံဖော်သွားတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။

ဒီဗီဒီယိုထဲမှာ သင်တွေ့တဲ့အတိုင်း အသက်(၉)နှစ်အရွယ်ပဲ ရှိသေးတဲ့ Benjamin Russo လို့အမည်ရတဲ့ ကလေးလေးဟာ John Cena ရဲ့ပုံတူကို Rubikကုဗတုံးတွေ အသုံးပြုပြီး ပုံဖော်နေတာပါ။ ဗီဒီယိုရဲ့အစမှာတော့ Benjamin ဟာ စာတမ်းပါတဲ့ ကဒ်ကလေးတွေကို ကိုင်ထားပါတယ်။ ကဒ်ထဲမှာတော့ “ကျွန်တော်ဟာ စကားလုံးတွေကို ရောထွေးတတ်ပါတယ်။ စာလည်းကောင်းကောင်းမဖတ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးထူးဆန်းတဲ့အရာကိုတော့ ဖန်ဆင်းနိုင်ပါတယ်။ ကြည့်ကြည့်ပါ” ဆိုပြီးရေးထားပါတယ်။

READ
ရေအောက်မှာ အတွင်းခံကြော်ငြာရိုက်တုန်း ငမန်းအကိုက်ခံခဲ့ရတဲ့ အပြာမင်းသမီး
Facebook/Benjamin Russo

အမှန်တကယ်တော့ Benjamin ဟာ Dyslexia ဆိုတဲ့ ရောဂါကို ခံစားနေရတာပါ။ Dyslexia ဆိုတဲ့ရောဂါဟာ ထူးဆန်းပါတယ်။ သာမန်လူတွေ လုပ်နိုင်တဲ့ အလုပ်တွေဟာ Dyslexia ရောဂါခံစားနေရတဲ့သူတွေဖို့ အရမ်းခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမယ့် သာမန်လူတွေ လုံးဝမလုပ်နိုင်တဲ့ အလုပ်တွေဟာ Dyslexia  ရောဂါခံစားနေရတဲ့သူတွေအတွက် အရမ်းလွယ်ကူလွန်းလှပါတယ်။ ဒါ့ကြောင့်လည်း Benjamin လေးဟာ တစ်ခြားလူတွေလုပ်နိုင်ဖို့ ခဲယဉ်းတဲ့ ဒီလိုအလုပ်မျိုးကို လုပ်နိုင်ခဲ့တာ ဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

John Cena ကလည်း သူရဲ့  Twitter အကောင့်မှ Benjamin ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့(17.1.2020)တုန်းက CBS ကအစီအစဉ်တစ်ခုဖြစ်တဲ့ “The Talk” မှလည်း John Cena က Benjamin ကို တိုက်ရိုက်ဖုန်းခေါ်ပြီး စကားပြောခဲ့ပါသေးတယ်။ ကံမကောင်းတာကတော့ Benjamin မိဘတွေဟာ Rubik ကုဗတုံး၇၅၀ကို အမြဲမ၀ယ်ပေးနိုင်တာကြောင့် John Cena ပုံတူကို ပြန်ဖျက်ပြီး နောက်ထပ်ပုံတူတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီပုံတူကတော့ Keanu Reeves ရဲ့ ပုံပဲဖြစ်ပြီး အခုအချိန်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

READ
ကားပါကင်ထိုးဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ အမျိုးသမီး

Pyi Hein Kyaw

SHARE