လွန်ခဲ့တဲ့ (၁၃)နှစ်နဲ့မတူပဲ သိသိသာသာ ပြောင်းလဲသွားတဲ့ “Princess Hours” မင်းသား

ig/_jujihoon & pinterest/.•*×Brianna×*•.

Joo Jihoon ကတော့ ‘Princess Hours.’ ဇာတ်လမ်းတွဲနဲ့ အရမ်းကို နာမည်ကြီးခဲ့သူပါ။ Princess Hours ဇာတ် လမ်းတွဲကိုတော့ (၂၀၀၆)ခုနှစ်က စပြီး ထုတ်လွှင့်ပြသခဲ့တာပါ။ ကိုရီးယားပရိသတ်တွေ တင်မဟုတ်ပဲ အာရှတစ်ဝန်းမှာ ရှိတဲ့ ပရိသတ်တွေရဲ့ အထူးနှစ်သက်အားပေးခြင်းကိုခံခဲ့ရတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။

pinterest/.•*×Brianna×*•.

ဒီဇာတ်လမ်းတွဲ ကနေ နာမည်ကြီးသွားခဲ့တဲ့ မင်းသား Joo Jihoon ကတော့ အခုဆိုရင်တော့ အသက် (၃၆)နှစ်ရှိနေပါပြီ။ ဒါပေမယ့် ဟိုးအရင် လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က အတိုင်း ကြည့်ကောင်းနေတုန်းပါ။

 

View this post on Instagram

 

#암수살인 무대인사중

A post shared by jjune (@_jujihoon) on

‘Princess Hours.’ နဲ့ နာမည်ကြီးခဲ့တဲ့ Joo Jihoon ကို သူ့ရဲ့ ဇာတ်ကောင်ပုံစံကိုရော၊ ပြင်ပကပုံစံကိုပါ အာရှတစ်လွှားမှာရှိတဲ့ ပရိသတ်တွေက ကြွေခဲ့တာပါ။ (၁၂)နှစ် ကြာပြီးနောက် ဘယ်လိုတွေ ပြောင်းလဲသွားသလဲ ဆိုတာကို သိရဖို့ ဗီဒီယိုဖိုင်ကို ဖော်ပြ ပေးလိုက်ပါတယ်။ ဒီဗီဒီယိုကတော့  ပြင်သစ်မှာ ကျင်းပခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော် ကို တက်ရောက်ဖို့ အတွက် မေလ(၁၀)ရက်နေ့ ၂၀၁၈ ခုနှစ်က Incheon  လေဆိပ်ကို ဆင်းလာခဲ့တာကို ရိုက်ထားတဲ့ဗီဒီယိုပါ။

READ
မွေးစားသမီးဖြစ်သူကိုကြက်ခြံထဲထည့်ပြီး လျှပ်စစ်လည်ပတ်နဲ့ ဓာတ်လိုက်စေခဲ့သူ ထောင်ဒဏ် 190 နှစ်ကျ

Source kstarlive

SHARE