လီမင်ဟိုရဲ့အနမ်းကို မကြိုက်ဘူးလို့ပြတ်ပြတ်သားသားပြောခဲ့တဲ့ နာမည်ကြီးမင်းသမီး

ig/@actorleeminho

မင်းသားချော လီမင်ဟိုကတော့ အာရှမိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ် ၀န်းရံခံရတဲ့ မင်းသားချော တစ်ယောက်ပါ။လီမင်ဟိုကို မြင်ရဖို့ထိတွေ့ရဖို့ လူအုပ်ကြီးတွေကြား တိုးနေရတဲ့ မိန်းကလေးပရိသတ်တွေ အများကြီးပါ။ လီမင်ဟိုရဲ့ အနမ်းတစ်ပွင့်ကို ရချင်၊လိုချင်ကြတဲ့ မိန်းကလေးပရိသတ်တွေ အများကြီးပါ။ ဒါပေမယ့် အဲ့ဒီလိုကောင်မလေးတွေ ၀ိုင်းနေတဲ့ လီမင်ဟိုဆီကရတဲ့ အနမ်းကို မကြိုက်ဘူးလို့ ပြောခဲ့ဖူးတဲ့ မင်းသမီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ လီမင်ဟိုရဲ့ အနမ်းကို မကြိုက်ဘူးလို့ ပြောခဲ့သူကတော့ …

 

View this post on Instagram

 

💋#랑콤#W

A post shared by Kim hee seon💕 (@lovely.katie.k) on

တခြားသူမဟုတ်ပါဘူး။ လီဟန်နီဆိုပြီး မြန်မာပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ မင်းသမီး Kim Hee Sun ပါ။ သူတို့ နှစ်ယောက်ဟာ ‘Faith’ ဆိုတဲ့ ဇာတ်ကားမှာ အတူတူသရုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီမှာ Kim Hee Sun ကို လီမင်ဟိုနဲ့ နမ်းတဲ့ အခန်းရိုက်တဲ့ အကြောင်းမေးရင်း သူမက လီမင်ဟိုနဲ့နမ်းတဲ့ အခန်းရိုက်ရတာ မကြိုက်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ သူမဟာ တကယ့် Real Life မှာ လက်ထပ်ထားတဲ့ အိမ်ထောင်သည် အမျိုးသမီးဖြစ်တာကြောင့် ဒီလိုတွေ ရိုက်ရတဲ့အခါမှာ …

READ
မူးမူးရူးရူးနဲ့ အိပ်ပျော်နေစဉ် မျက်ခွံတွေပ်ါမှာ Tattoo အထိုးခံလိုက်ရတဲ့ အမျိုးသား
pinterest/El cuaderno de Clover & ig/@lovely.katie.k

“ကျမ မှာကခင်ပွန်းရှိတယ်လေ..ဒါပေမယ့် ဒီလိုတွေသရုပ်ဆောင်ရတယ်.. အာ..ဟုတ်တယ် ကျမ တကယ်ပဲ ဒါကို မကြိုက်ဘူး..” လို့ ပြောခဲ့ပါတယ်။ အဲဒီလိုတော့ပြောပေမယ့် နမ်းတဲ့ အခန်းအကြောင်းပြောရင်တော့ သူမရဲ့ အပြုံးတွေက တောက်ပနေတာကို တွေ့ရပါတယ်။ ဒါကြောင့် တခြားသူတွေက သူမပြောတဲ့ မကြိုက်ဘူးဆိုတာက ကြိုက်တယ် ဆိုတာကို တမင်ဟာသလုပ်ပြောနေတာလို့ သတ်မှတ်ယူဆခဲ့ပါတယ်။ ဇာတ်ကားရိုက်နေတုန်းက သမီးလေးက ဒေါသထွက်ခဲ့တယ်လို့ Kim Hee Sun က ပြောခဲ့ပါတယ်။ သူမရဲ့သမီးက ငယ်သေးတော့ သူ့အမေက မင်းသမီးဆိုတာကို နားမလည်ဘဲ သူ့အဖေမဟုတ်တဲ့ တခြားယောက်ကျားနဲ့ နမ်းတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်ခဲ့သေး တယ်လို့ Kim Hee Sun ကပြန်ပြောခဲ့ပါတယ်။

pinterest/Rochelle

ဒါတင်မဟုတ်ပဲ သူမရဲ့ ခင်ပွန်းကလည်း လီမင်ဟိုနဲ့ ဇာတ်ကားတွဲရိုက်တုန်းက သ၀န်တိုခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူထက် လီမင်ဟိုက ငယ်လည်းငယ်၊ ပိုလည်းချောတာကြောင့် ခင်ပွန်းသည်က သ၀န်တိုခဲ့ပုံရကြောင်း၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ခင်ပွန်းသည်ကလည်း လက်လျော့သွားပြီး အခုဆိုရင် သူကပါ လီမင်ဟို Fan ဖြစ်နေပြီလို့လည်း Kim Hee Sun ကကားရိုက်တုန်းက ကြုံခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။ လီမင်ဟိုနဲ့ Kim Hee Sun တို့ဟာ ကားရိုက်စဉ်ကရော အပြင်မှာပါ အရမ်းရင်းနှီးခဲ့ပြီး လီမင်ဟိုက Kim Hee Sun ဟာ သူအနှစ်သက်ဆုံး မင်းသမီးလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

READ
အမြှောက်ဆံနှစ်ခုကို အိတ်ထဲထည့်ပြီး လာအပ်လို့ ရဲစခန်းတစ်ခုလုံး အလုပ်ရှုပ်ခဲ့ရ

from allkpop

SHARE