သြစတြေးလျပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံနေရတဲ့ အမျိုးသမီး မီးသတ်တပ်ဖွဲ့

Twitter/CFAChiefOfficer

တောမီးကြောင့် သြစတြေးလျနိုင်ငံဟာ အတော်ပျက်စီးနေတဲ့အခြေအနေကိုရောက်နေပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံး  တောမီးကို တိုက်ပွဲဝင်နေတာကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် မီးသတ်သမားတစ်ဦးချင်းရဲ့တောမီးကိုကြိုးစားငြိမ်း သတ်နေကြတာကိုလည်း တွေ့ရပါတယ်။ ဒီတောမီးကို ကြိုးကြိုးစားစား ငြိမ်းသတ်နေတဲ့အထဲမှာ The Lakes Tyers Aboriginal Trust နိုင်ငံမီးသတ်အာဏာပိုင်အဖွဲ့က အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

 

The Lakes Tyers Aboriginal Trust နိုင်ငံမီးသတ်အာဏာပိုင်အဖွဲ့ကို လွန်ခဲ့တဲ့နှစ်(၂၀)ကတည်ထောင်ခဲ့တာဖြစ်ပါ တယ်။ အခုတော့ ဒီအဖွဲ့ရဲ့တာဝန်ခံကတော့ အသက်(၅၂)နှစ်အရွယ် Charmaine Sellings ဖြစ်ပြီး သူမရဲ့လက်အောက်က ၀န်ထမ်းတွေဟာလည်း သူမရဲ့သင်ကြားပြသမှုအောက်မှာရှိနေတဲ့လူတွေဖြစ်ပြီး အတွေ့အကြုံရှိတဲ့ ၀ါရင့်မီးသတ်တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ (၂၀၀၉)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ Black Saturday တောမီးမှာ လည်း သူတို့ပါဝင်ငြိမ်းသတ်ပေးခဲ့တာဖြစ်ပါတယ်။

READ
အတိတ်က လူသတ်သမားကို လူဝင်စားအဖြစ်နဲ့ ပြန်ပြီးဖော်ထုတ်ခဲ့တဲ့ ကလေးငယ်
Twitter/TheAustralian Women’s Weekly

Victoria ပြည်နယ်အရှေ့ဘက် Lake Tyers ရေကန်အနီးဝန်းကျင်အပါအ၀င် သြစတြေးလျရှိနေရာတော်တော် များများမှာ မိုးခေါင်မှုတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Charmaine နဲ့ နိုင်ငံမီးသတ်အာဏာ ပိုင်အဖွဲ့က မေ့လျော့နေခဲ့ကြတာဖြစ်ပါတယ်။

ရေကာတာတွေမှာလည်း ရေမရှိတော့တာကြောင့် ဆိုးဝါးတဲ့အခြေအနေတွေဖြစ်နေတယ်လို့ Charmaine က Now To Love မီဒီယာကိုပြောပြခဲ့ပါတယ်။

 

“ကျွန်မရဲ့အဖွဲ့ဝင်တွေလည်း အချိန်နဲ့အမျှ သူတို့ရဲ့တာဝန်ကိုကြိုးစားထမ်းဆောင်နေပြီး ဒီအဆိုးဝါးဆုံးအခြေအနေက နေအမြန်ဆုံးရုန်းထွက်နိုင်ဖို့မျှော်လင့်တယ်လို့  Charmaine ကပြောပြခဲ့ပါတယ်။ ဒီအဖွဲ့မှာပါတဲ့ အမျိုးသမီးတွေအား လုံးဟာ သြစတြေးလျနိုင်ငံရဲ့ဒေသခံအမျိုးသမီးတွေပဲဖြစ်ပါတယ်။

READ
ကမ္ဘာပေါ်က အမိုက်ဆုံးနဲ့အလန်းဆုံးအလုပ်(၉)မျိုးကို လုပ်ကိုင်နေကြတဲ့ ကံကောင်းတဲ့လူများ

ဒီနေရာမှာ တစ်ခုခုသာမှားယွင်းသွားခဲ့ရင် အားလုံးအသက်သေဆုံးနိုင်တဲ့အခြေအနေတွေဖြစ်လို့ ကျွန်မတို့ဟာ  သေချာကရုစိုက်လုပ်ဆောင်နေရပါတယ်။ အမျိုးသမီးတွေအနေနဲ့ တောမီးကို ဒီလိုတစ်ထောင့်တစ်နေရာကနေ စွန့်စွန့်စားစားကူညီငြိမ်းသတ်ပြီး ကယ်ဆယ်မှုတွေပြုလုပ်နေတာကိုတွေ့ရတဲ့လူတွေကလည်း ကျွန်မတို့ရဲ့လုပ်ရပ်တွေ ကိုဂုဏ်ယူနေကြတယ်”လို့ Charmaine ကပြောပါတယ်။

Thae Su

SHARE