အင်္ဂတေတုံးကြီးကို အမိုက်စားဒီဇိုင်းပြောင်းပစ်ခဲ့တဲ့ အနုပညာရှင်

Facebook/Odeith

ဒီရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ အကြောင်းအရာတစ်ခုကတော့ Odeith လို့ အမည်ရတဲ့ ဂရပ်ဖစ်တီသမားတစ်ယောက်အကြောင်းပါပဲ။ သူက ကြီးမားတဲ့ အင်္ဂတေတုံးကြီးတစ်တုံးကို ဘတ်စ်ကားတစ်စီးဖြစ်သွားအောင် ပြောင်းလဲပြလိုက်ပြီးတဲ့နောက် သူ့ရဲ့အကြောင်းက ဆိုရှယ်မီဒီယာတွေထက်မှာ ပြောမဆုံးအောင် ဖြစ်သွားခဲ့တယ်။

Odeith က နံရံပေါ်မှာ ဂရပ်ဖစ်တီပုံတွေဖန်တီးရတာကို သဘောကျသူဖြစ်ပြီး သူရေးတဲ့ပုံတွေက လက်ရာမြောက်လွန်းလို့ အားလုံးက အမြဲစောင့်ကြည့်ရသူပါ။

Super distorted frog. Always challenging mark the outline without ruining the old wall texture and of course without a…

Posted by Odeith on Monday, July 1, 2019

ပြီးခဲ့တဲ့ သြဂုတ်လ (၉)ရက်နေ့က Odeith နဲ့ သူ့ရဲ့အပေါင်းအပါ ဂရပ်ဖစ်တီ သမား နှစ်ဦးဟာ ကြီးမားတဲ့ အင်္ဂတေတုံးကြီးတစ်တုံးပေါ်မှာ ဂရပ်ဖစ်တီ လက်ရာတစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြံကတော့ အဲဒီ အတုံးကြီးကို ဘတ်စ်ကားတစ်စီးအဖြစ် အသွင်ပြောင်းပစ်ဖို့ပါပဲ။

Posted by Odeith on Monday, August 12, 2019

ဘတ်စ်ကားကို ဘယ်လိုပုံစံ ပုံဖော်ကြမယ်၊ ဘယ်လိုအနေအထားမျိုး ဆွဲကြမယ်ဆိုတာ တိုင်ပင်ခဲ့ပြီးတဲ့နောက် သူတို့ လုပ်ငန်းစခဲ့ကြတယ်။

READ
လကမ္ဘာကို အင်္ဂါဂြိုဟ်ရဲ့အစိတ်အပိုင်းလို့ အထင်ရှိနေတဲ့ သမ္မတကြီးဒေါ်နယ်ထရမ့်

နောက်ဆုံး အဲဒီ ဘတ်စ်ကားကြီး ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ အားလုံးက အံ့အားသင့်သွားကြတယ်။ တချို့ဆိုရင် အဲဒါကို ဂရပ်ဖစ်တီ လက်ရာတစ်ခုလို့ မထင်ကြပဲ အင်္ဂတေတုံးကြီးကို ထုထွင်းပုံဖော်ထားတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိ လက်ရာမြောက်လွန်းခဲ့တာပါ။

Facebook/Odeith

Linn

Source : Odeith Facebook

SHARE