အသက် (၁၅) နှစ်ထဲက ကိုယ်ပိုင် ရေကူးဝတ်စုံတံဆိပ်ထုတ်နိုင်နေပြီဖြစ်တဲ့ သြဇီသူလေး

twitter/brittneykevric

ဆယ်ကျော်သက်အများစုက သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတဲ့အချိန် ဘရစ်တနီကီဗ်ရစ်ကတော့ သူမရဲ့ ဘီကီနီအထည် စီးပွားရေးအတွက် လုံးပန်းနေပါတယ်။ ဖောက်သည်တွေရှာ၊ ဒီဇိုင်နာတွေနဲ့ ညှိပြီး အသည်းအသန်အလုပ်လုပ်နေပါပြီ။ ဘရစ်တနီက သူမရဲ့ ကိုယ်ပိုင် ရေကူးဝတ်စုံတံဆိပ်နဲ့ စပြီး ဈေးကွက်ဖောက်ဖို့ ကြိုးစားတုန်းက အသက် (၁၅) နှစ်ပဲ ရှိပါသေးတယ်။

အခုဆိုရင် သူမက အသက် (၂၀) ရှိနေပါပြီ။ လက်ရှိ ဆစ်ဒနီမှာ အခြေချ နေထိုင်ပါတယ်။ ဘရစ်တနီက စီးပွားရေးလုပ်ငန်းလုပ်ဖို့ အကြံဥာဏ်ကို သူမမိသားစုရှိရာ ခရိုအေးရှားနိုင်ငံက ကောနာတီကျွန်းဆီ သွားလည်ရင်း ရလာခဲ့ပါတယ်။ အဲ့ဒီမှာ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ရွေးချယ်စရာ ဘီကီနီများများစားစား မရှိဘူးဆိုတာ နားလည်ခဲ့ပါတယ်။ ရှိတဲ့ ဘီကီနီတွေကလည်း ဈေးနှုန်းအကန့်အသတ်နဲ့ဆိုတော့ တော်ရုံဆယ်ကျော်သက်လေးဟာ ဘီကီနီ ဒီဇိုင်းအဆန်းလေးတွေ ၀တ်ရဖို့ အဆင်မပြေတာပါ။

ခရိုအေးရှားက ပြန်လာလာချင်းပဲ ဘရစ်တနီက သူမရဲ့ ဘီကီနီအထည်တွေ ထုတ်ဖို့ အကြံကို မိခင်ဆီ ပြောပြပါတယ်။ မိခင်ကလည်း အားပေးပါတယ်။ ဘရစ်တနီက ချက်ခြင်းပဲ သူမရဲ့လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတယ်။ ကျောင်းကဆင်းတာနဲ့ ဖောက်သည်တွေကို လိုက်ရှာ၊ ရေကူးဝတ်စုံဒီဇိုင်းတွေကို လိုက်ရှာပါတယ်။ နောက်ဆုံးတော့ ပလတ်စတစ်ဘူးတွေကို recycled ပြန်လုပ်ထားတဲ့ ကော်နာတီတံဆိပ်နဲ့ ရေကူးဝတ်စုံတွေကို ဖန်တီးနိုင်ခဲ့ပါပြီ။ ရေကူးဝတ်စုံတွေကို လိုက်ရောင်းတာမှာ ဘရစ်တနီက တစ်ပတ်ကို ဒေါ်လာ (၅၀၀) ကနေ (၂၀၀၀) လောက်ထိ ရပါတယ်။ ဒီလုပ်ငန်းအပြင် သူမတို့အိမ်နားက ကော်ဖီဆိုင်မှာလည်း ဘရစ်တစ်နီက အလုပ်လုပ်ပြီး ငွေထပ်စုပါသေးတယ်။

View this post on Instagram

Hey spring 🌸🐬

A post shared by britt🦋 (@brittneykevric) on

အသက် (၁၅) နှစ်လောက်ရောက်တော့ သူမလက်ထဲမှာ ဒေါ်လာ (၁) သောင်းလောက် ရှိနေပါပြီ။ နောက်တော့ ရေကူးဝတ်စုံနဲ့ ပတ်သက်တဲ့ အော်ဒါတွေကို လက်ခံဖို့ ၀က်ဆိုက်ဒ်ဝယ်၊ ဒိုမိန်းဝယ်နဲ့ အလုပ်ကို အထောက်အကူပြုစေမယ့် အရာလေးတွေကို လုပ်ခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ သူမရဲ့ စီးပွားရေးလုပ်ငန်းကို တရားဝင် စတင်နိုင်ခဲ့ပါပြီ။ အော်ဒါတွေကို သိုလှောင်ဖို့ အစ်မဖြစ်သူရဲ့ အိပ်ခန်းကို ဘရစ်တနီက အသုံးချပါတယ်။

View this post on Instagram

I love doing the cheer life with you 😍⚡️💜🧡

A post shared by britt🦋 (@brittneykevric) on

ဘရစ်တနီဟာ ထူးခြားတဲ့ မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့အပြင်  အထက်တန်းကျောင်းကို အောင်မြင်ဖို့အတွက်လည်း ကြိုးစားနေသူလေး ဖြစ်ပါတယ်။ သူမအပျော်ရွှင်ရဆုံး အချိန်ကတော့ ပထမဆုံး အော်ဒါအပ်ခံရတဲ့ ဒေါ်လာ (၃၅၀) တန်ချက်လက်မှတ်ရတဲ့အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

View this post on Instagram

Island life 😍🇧🇸

A post shared by britt🦋 (@brittneykevric) on

အခုဆိုရင် သူမဟာ သူမရဲ့ရေကူးဝတ်စုံတံဆိပ်တွေကနေ အနည်းဆုံး တစ်ပတ်ကို ဒေါ်လာ (၅၀၀) နဲ့ အများဆုံး ဒေါ်လာ (၁၇၀၀) ရရှိနေပါတယ်။ လက်ရှိထိတော့ ဘရစ်တနီဟာ သူမတစ်ဦးတည်းနဲ့ အော်ဒါလက်ခံတာရော၊ ဆိုရှယ်မီဒီယာကို ကိုင်တွယ်တာရော လုပ်ကိုင်နေရပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိအောင် ပစ္စည်းတွေကို ဘယ်လို recyled ဘယ်လိုလုပ်ရမလဲ သိတဲ့အပြင် ဒီပစ္စည်းတွေနဲ့ စီးပွားရှာကာ ကိုယ်ပိုင်စီးပွားရေးထူထောင်နေတဲ့ ဘရစ်တနီကတော့ ချီးကျူးဖွယ် မိန်းမငယ်လေးပဲ ဖြစ်ပါတော့တယ်။ news.com.au သတင်းကတဆင့် ကိုးကားတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

View this post on Instagram

18 more days till dallas 😍😍🇺🇸🇺🇸

A post shared by britt🦋 (@brittneykevric) on

လင်းလင်း (ShweMom)

SHARE