ဆရာကို အာခံမိလို့ တစ်ရက်အတွင်း ပရိသတ်(၃)သန်းကျော် ဆုံးရှုံးခဲ့ရတဲ့ Beauty ဘလော့ဂါ

Beauty vlogger လောကမှာ နာမည်တစ်လုံးရပြီး၊ ထင်ပေါ်ကြော်ကြားနတဲ့ YouTube စတားတစ်ယောက်ကတော့ ဆရာအရင်းကို မလုပ်သင့်တဲ့ပြိုင်ဆိုင်မှုတွေ၊ ဂုဏ်ပြိုင်လှုပ်ရှားမှုတွေ၊ မထိလေးစား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ပရိသတ်က အမြင်ကတ်ပြီး သူ့ရဲ့ YouTube Channel ကို unsubscribe လုပ်တာကို ခံလိုက်ရပါတယ်။

အဆိုပါ YouTube စတားရဲ့အမည်ကတော့ James Charles ဖြစ်ပြီး၊ သူဟာ အလှပြင်ပညာကို Tati Westbrook ဆီကနေ လက်ဆင့်ကမ်း သင်ယူခဲ့သူဖြစ်သလို၊ အတူတူ ဖတ်ရှင်ပွဲတွေ၊ ရှိုးပွဲတွေမှာ အလုပ်အတူတူ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီထက်မက အောင်မြင်လာတဲ့အခါ Tati ကို ရိုးရိုးသားသား ယှဉ်ပြိုင်တာမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေပါ တွဲလုပ်လာခဲ့တာပါ။

Buzzfeed

James ဟာ အသက်(၁၉)နှစ်သာရှိသေးပြီး တကယ်လည်း သူနဲ့ဆိုင်တဲ့နယ်ပယ်ဘက်မှာ အတော်လေး ကျော်ကြားလာသူပါ။ သူ့ကိုယ်သူ Gay Beauty vlogger အဖြစ်ခံယူထားပြီး၊ YouTube မှာ ပရိသတ် (၁၆.၅)သန်းအထိ ပိုင်ဆိုင်ထားသူပါ။

သူ့ဘဝမှာ အဆိုးဆုံးအမှားက Tati ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းကို ဖက်ပြိုင်ပြီး၊ အခြားပြိုင်ဘက် အလှကုန်ပစ္စည်းကို ကြော်ငြာပေးလိုက်တာပါဘဲ။ ငွေရေးကြေးရေးအရ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့မှာဆိုပေမယ့် Tati က ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝမကျေနပ်ဘဲ (၄၃)မိနစ်ကြာ ဗွီဒီယိုနဲ့ James ကို ဒဲ့ဝေဖန်ခဲ့ပါတယ်။

အဲဒီဗွီဒီယိုထဲမှာ Tati က James ကို “ လူတွေကို အညှီအဟောက်တွေပြောပြီး မြှူစွယ်နေသည့်သူ … ရှင်ဟာ ရှင့်ရဲ့အောင်မြင်မှု … ငွေကြေး … စွမ်းအားတွေနဲ့ လူတွေ့ရဲ့ခံစားချက်ကို ကစားဖို့ ကြိုးစားနေသူ … သူတို့ကို လိင်ပိုင်းဆိုင်ရာ မြှူစွယ်နေသူ … ဒါဟာ ရှင်အနေနဲ့ မိန်းမလို့ ခံယူထားသည်ဖြစ်စေ ယောက်ျားလို့ ခံယူထားသည်ဖြစ်စေ .. အတော်အဆင်မပြေတဲ့ အချက်ပဲ … ”စသဖြင့် နစ်နစ်နာနာ စွပ်စွဲခဲ့တာပါ။

ပရိသတ်တွေကတော့ James ကို ကျေးဇူးကန်းသူ၊ အစာကျွေးတဲ့လက်ကို ပြန်ကိုက်သူ၊ ငွေကြေးနောက်ကိုလိုက်ပြီး လမ်းမှားလျှောက်နေသူအဖြစ် ဝေဖန်ခဲ့ပါတယ်။ James ဟာ သူရဲ့အမှားတွေကို တောင်းပန်ခဲ့သော်လည်း တစ်ရက်အတွင်းမှာ (၁၄.၅)သန်းအထိ ထိုးကျသွားကြောင်း၊ Social Blade က ဖော်ပြထားပါတယ်။

James ဟာ ယခင်ကလည်း သူနဲ့တွေ့ချင်သူတွေကို ငွေကြေးကောက်ခံမှုတွေ ပြုလုပ်ခဲ့လို့ ဝေဖန်ခံခဲ့ရဖူးပြီး အဲဒီတုန်းက တစ်ဦးကို ဒေါ်လာ(၅၀၀)အထိ တောင်းခဲ့တာပါ။ အခုလုပ်ရပ်အမှားတွေကြောင့် သူဟာ တစ်နာရီအတွင်းမှာ ပရိသတ်သန်းချီ ဆုံးရှုံးရတဲ့ YouTube Star အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Distractify

James ဟာ YouTube Channel ကနေ ရတဲ့ပိုက်ဆံနဲ့ ဒေါ်လာ(၁၂)သန်းအထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ယခင်ကလည်း Zara Larsson ရဲ့ချစ်သူထံကို ခလောက်ဆန်တဲ့မက်ဆေ့တွေ ပို့ပြီး တို့မီးရှို့မီးတွေ လုပ်ခဲ့တာကြောင့် Kylie Jenner ကပင် unfollow လုပ်ပြီလို့ ကြေညာတာကို ခံခဲ့ရသူပါ။

လင်းသူရိန် (Shwemom)

SHARE